ယောင်္ကျားကို ကြိုက်လွန်းလို့ ယူမှာတော့မဟုတ်ပါဘူး ဆိုတဲ့ ပိုပို
နာမည်ကျော် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယောက်ျားကို ကြိုက်လွန်းလို့ ယူမှာတော့ မဟုတ်ပါဘူး၊ မိသားစုဘဝလေးကို ဖန်တီးချင်လို့ ယောက်ျားယူမှာ လို့ ပြောလာပါတယ်။ ချစ်သူမရှိ မိသားစုမရှိလို့ နာမည်ကျော် အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် အထီးကျန် ဆန်နေရတဲ့ ပိုပိုက သူမရဲ့ အချစ်ရေးအကြောင်းကို အမြဲပြောပြလေ့ ရှိပါတယ်။
အရင်က ချစ်သူ ရှိခဲ့ဖူးပြီး ချစ်ရေး ဆိုခံရမှုတွေ ရှိခဲ့ဖူးပေမယ့် ခုတော့ စိတ်တိုင်းကျ ချစ်တဲ့သူ မရသေးတဲ့ ပိုပိုက အပျိုကြီးတစ်ယောက် အဖြစ်နဲ့ ခေါင်းစားနေတဲ့ အခြေအနေမျိုး ဖြစ်နေတာပါ။ မနေ့က စကိုင်းနက်ရဲ့ အင်တာဗျူး တစ်ခုမှာတော့ ပိုပိုက သူမ ကြုံတွေ့ခဲ့ရတဲ့ အချစ်ရေး အတွေ့အကြုံ ၊ မိမိ စိတ်ကူးထားတဲ့ ဖူးစာရှင်ပုံစံကိုလည်း ရင်ဖွင့်ပြောကြား ထားပါတယ်။
အိမ်ထောင်ပြုမယ့် အစီအစဉ်ကတော့ ရှိပြီးသား သူ့ဘာသူ တွေ့လာရင်တော့ တွေ့လာမှာပေါ့နော်။ သူ့ဟာသူ ရရင် ယူမယ် မရရင် မယူဘူး။ တွေ့တဲ့ ယောက်ျားကို ယူမှာတော့ မဟုတ်ဘူး။ မိသားစု ဘဝလေးကို ဖန်တီးချင်လို့ ယောက်ျားယူမှာ ယောက်ျားကို ကြိုက်လွန်းလို့ ယူမှာတော့ မဟုတ်ဘူး ဆိုပြီး ပိုပိုက ပြောလိုက်တာ ဖြစ်ပါတယ်။
အထီးကျန်လတွေ နှစ်တွေအတွင်း ပိုပိုကတော့ ဘာသာရေးဘက်ကို အတန်အသင့် လိုက်စားဖြစ်နေတာ တွေ့ရပါတယ်။ အိမ်မှာ ဘုန်းကြီးဆွမ်းလောင်း၊ ဘုန်းကြီးကျောင်း ဆွမ်းပို့ဖြစ်ပြီး တခါတလေလည်း ပရဟိတဂေဟာတွေမှာ အလှုအတန်း လုပ်ဖြစ်နေတာ ဖြစ်ပါတယ်။
crd Cele ROAD
Post a Comment