Header Ads

မိန်းမကောင်းဆိုတာ ခေတ်ဆန်ဆန်ဝတ်ချင်ဝတ်မယ် ဖောက်ပြန်တာမျိုးမလုပ်ဘူး..


မိန်းမကောင်းတွေဆိုတာ...

~ ခေတ်ဆန်ဆန် ဝတ်ရင်ဝတ်မယ် နောက်ကွယ်မှာ လော်မာဖောက်ပြန်ခြင်း လုံးဝ မလုပ်ဘူး ။

~ ယောက်ျားသားတွေနဲ့  ရင်ဘောင်းတန်း ဆက်ဆံရင် ဆက်ဆံလိုက်မယ် ကိုယ့်ရဲ့ အိနြေ္ဒသိက္ခာကို အပွန်းပဲ့ မခံဘူး ။

~ ဘာသာတရားကို တစိုက်မတ်မတ် မလုပ်နိုင်ရင်တောင် သူများအကျိုး ပျက်စီးမဲ့ အလုပ် ဘယ်သောအခါမှ မလုပ်ဘူး ။

~ စကားကို ချိုချိုသာသာ မပြောတတ်ပေမဲ့ သူတပါးအပေါ် ဘယ်သောအခါမှ နိုင်ထက်စီးနင်း မဆက်ဆံတတ်ဘူး ။

~ ယောက်ျားသားတွေကို ခင်ခင်မင်မင် ဆက်ဆံရင် ဆက်ဆံမယ် အရှက် ကို အသက်ထက် တန်ဖိုးထားတတ်တယ်။

~ လူအများ ချစ်ခင်အောင် လုပ်ယူလေ့ မရှိဘူး အရှိအတိုင်းပဲ ဆက်ဆံတတ်တယ် ။

~ သူတို့ ဘဝမှာ ယောက်ျားသားတွေကို မာယာသုံး ဆက်ဆံခြင်းကို အရွံမုန်းဆုံး အလုပ်လို့  ခံယူထားတယ် ။

~ မိမိ ချစ်သူအပေါ် တန်ဖိုးထားပီး အလေးထား ဆက်ဆံဆတ်သလို သစ္စာဖောက်ခြင်းတဲ့ အရိပ်အယောင်မြင်တာနဲ့  ဘာတစ်ခွန်းမှ ခွန်းတုန့် မပြန်ပဲ လျစ်လျှူရှုတတ်တာကို သဘောအကျဆုံးပဲ ။ လူတိုင်းအပေါ်ဖော်ဖော်ရွေရွေ ဆက်ဆံတတ်လို့  ငပေါကြီးလို့  သွားမထင်လေနဲ့  သူတို့တွေက လူမှုဆက်ဆံရေးမှာ တကယ့်ကို အထာကျတဲ့သူတွေ ။

~ သူတို့ အတွေးက ယောက်ျားမိန်းမ ခွဲခြား တွက်ကပ်ပီး ဆက်ဆံရေးမရှိတာ အားသာချက်ပဲ ။ 

~ ပတ်ဝန်းကျင်မှာ နေထိုင်မှုလား သွားမမေးနဲ့  ကိုယ်ကောင်းရင် ခေါင်းမရွေ့ ဘူး လို့  လက်ခံထားတာ ။

~ တော်ရုံ တိုက်ခိုက်မှုလောက်ကို ခေါင်းထဲကို မထည့်တတ်တာသူတို့  ဗီဇ ။

~ ပြသနာ တစ်ခုကို ခေါင်းအေးအေးနဲ့  ဖြေရှင်းတတ်သလို ကြမ်းပြီ ဆိုရင်တော့ မဆိုင်တဲ့ ဘေးပတ်ဝန်းကျင်ကိုပါ အကုန်သိမ်းကျုံး ဝုန်းပစ်လိုက်မှ ကျေနပ် သွားတတ်တဲ့ ကလေးဆန်တဲ့ အပြုမှုလည်း ပိုင်ဆိုင်ထားကြတယ် ။

~ လူတဖက်သားကို အားကျတယ် မလိုစိတ် မရှိဘူး အတုယူတတ်တယ် ရိုးသား ကြိုးစားပီး နေထိုင်တတ်တာလေးက သူတို့ အပေါ် ချစ်စရာ အကောင်းဆုံး အချက်ပါပဲ။

 ~ သူတို့ ကို လေးစားမိဆုံး စိတ်ဓါတ်က လက်ဝေခံဘဝကို လုံးဝဆန့် ကျင်ပြီး မောင်တစ်ထမ်း မယ်တရွက် ဆိုတဲ့ အေးအတူ ပူအမျှ ဆိုတဲ့ စိတ်ပါပဲ ။ ဒီလို မိန်းကလေးမျိုးကို ယောက်ျားသားတွေကလည်း လေးစား တန်ဖိုးထားကြပါတယ် ။ ဒါကြောင့် မိန်းမကောင်း တစ်ယောက်ကို နှစ်သက် သဘောကျမယ် ဆိုခဲ့ရင် သဝန်တိုခြင်းကင်းပီး သစ္စာရှိအောင် ကြိုးစားဖိုးတော့ လိုအပ်ပါတယ် ။ ဘာလို့ လည်း ဆိုရင် သူတို့ တွေက ချုပ်ချယ်တာမကြိုက်ဘူး လွတ်လပ်ပေါ့ပါးစွာ နေတတ်လို့ ပါပဲ ။

credit to MayNoe

No comments

Powered by Blogger.