အချစ်အတွက် ငိုကြွေးပြီးရင် ပြန်ပြုံးနိုင်ဖို့ ကြိုးစားပါ
ကိုယ်က ဂရုစိုက်ပေမယ့် ကိုယ့်ကို ဥပေက္ခာပြုနိုင်သူ တစ်ယောက်အတွက် မင်းရဲ့ ဂရုစိုက်မှုတွေ ထပ်ပေးဖို့ မလိုတော့ဘူး သူငယ်ချင်း... အချစ်အတွက် ငိုကြွေးပြီးရင်😢😢😢 ပြန်ပြုံးနိုင်ဖို့ ကြိုးစားပါ😐😐
~~~~~~~~~~~~~~~
💔💔
ကိုယ်က ချစ်ပေမယ့် ကိုယ့်ကို မချစ်တော့တဲ့သူ တစ်ယောက်အတွက် မင်းရဲ့ အချစ်တွေ စတေးဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က မြတ်နိုးပေမယ့် ကိုယ့်ကို တန်ဖိုးမထားတဲ့သူ တစ်ယောက်အတွက် မင်းရဲ့ သိက္ခာတွေ ချနင်းဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က ကြင်နာပေမယ့် ကိုယ့်ကို ရင်နာစေသူ တစ်ယောက်အတွက် မင်းရဲ့ ကြင်နာမှုတွေနဲ့ ယုယဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က မေတ္တာပေးပေမယ့် ကိုယ့်ကို ဝေဒနာပေးတဲ့သူ တစ်ယောက်အတွက် မင်းရဲ့ မေတ္တာတွေ ဖွင့်ချဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က နွေးထွေးမှုပေးပေမယ့် ကိုယ့်အပေါ် အေးစက်နေသူ တစ်ယောက်အတွက် မင်းရဲ့ နွေးထွေးမှုတွေနဲ့ ထွေးပွေ့ဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က လွမ်းနေပေမယ့် ကိုယ့်ကို မေ့နေသူ တစ်ယောက်အတွက် မင်းရဲ့ တမ်းတစိတ်တွေ သတိရစရာမလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က ရှေ့ဆက်ချင်ပေမယ့် ကိုယ့်ကို မပတ်သက်ချင်တော့တဲ့သူ တစ်ယောက်အတွက် မင်းရဲ့ အချိန်တွေ အကုန်ခံဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က ဂရုစိုက်ပေမယ့် ကိုယ့်ကို ဥပေက္ခာပြုနိုင်သူ တစ်ယောက်အတွက် မင်းရဲ့ ဂရုစိုက်မှုတွေ ထပ်ပေးဖို့ မလိုတော့ဘူး သူငယ်ချင်း။
ကိုယ်က မပြောင်းလဲပေမယ့် ကိုယ့်အပေါ် ပြောင်းလဲသွားသူ တစ်ယောက်အတွက် မင်းရဲ့ သစ္စာတွေ စောင့်သိဖို့ မလိုတော့ဘူး သူငယ်ချင်း။
မင်းရဲ့ ပေးဆပ်ခြင်းတွေအတွက် တုန့်ပြန်မှု မရတဲ့အပြင် အသိအမှတ်ပြုတောင် မခံရတဲ့ အခြေအနေမှာ ဘာကို မက်မက်မောပြီး ဖက်တွယ်နေအုံးမှာလဲ။ ခံစားချက် မကင်းတဲ့ လူသားတစ်ယောက်မို့ ခံစားရတာ အပြစ်မဆိုပါဘူး။ ဒါပေမယ့် ( အတိုင်းအတာ တစ်ခုထိပေါ့ )
ကိုယ်ချစ်မြတ်နိုးပြီး တန်ဖိုးထားရတဲ့သူ တစ်ယောက်ရဲ့ ကျောခိုင်းစွန့်လွှတ် ပစ်ပယ်ခြင်းခံရတာ နာကျင်ဝမ်းနည်းရမယ် ဆိုတာ နားလည်ပါတယ်။ အဲ့ဒါကြောင့် ခံစားရတဲ့ ဝေဒနာအတွက် အားရအောင် ငိုချလိုက်ပါ။ မျက်ရည်တွေနဲ့အတူ နာကျင်ခြင်း ဝမ်းနည်းခြင်း တမ်းတခြင်း ပူဆွေးခြင်းတွေကိုပါ တစ်ပါတည်း သယ်ဆောင်သွားပါ။ အားရအောင် ငိုကြွေးပြီးရင်တော့ အလှပဆုံးဖြစ်အောင် ပြန်ပြုံးထားလိုက်ပါ။ ( အသည်းကွဲတာ ဘဝပျက်တာမှ မဟုတ်ဘဲ)
ဘဝမှာ ပြုပြင်လို့ရတဲ့ အမှားရှိသလို ပြု ပြင်လို့မရတဲ့ အမှားဆိုတာ ရှိတယ် သူငယ်ချင်း။ တဒင်္ဂ အချစ်ကို ကိုးကွယ်မိလို့ အမှားတွေ့တယ်ဆို အဲ့ဒီအမှားကို သင်ခန်းစာယူပြီး ထပ်မမှားဖို့ ပြင်ဆင်ခွင့် ရလိုက်တာပါ။ ဘယ်လို အကြောင်းကြောင့်ပဲ လမ်းခွဲခဲ့သည်ဖြစ်စေ ကိုယ့်အတွက် နာကျင်စေမယ့် သူမျိုးနဲ့ လွဲခဲ့တာ ကံကောင်းတယ်လို့ တွေးလိုက်ပါ။ ခဏတာ ချစ်ခဲ့ရခြင်းအတွက် တစ်သက်တာ သင်ခန်းစာ ရလိုက်တာ ကျေးဇူးတင်လိုက်ပါ။
ချစ်သူက ထားခဲ့လို့ဆိုပြီး သူ့ထက်သာတဲ့ သူမျိုးနဲ့ ရွဲ့တွဲရမှာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ် အရင်ကထက်သာအောင်လုပ်ရမှာ။ ပြီးတော့ သူထားခဲ့တဲ့ နေရာမှာ ရပ်မနေဘဲ ရှေ့ဆက်ပြီး ပျော်ရွှင်သာယာစွာ လျှောက်လှမ်းနေတယ် ဆိုတာရယ် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်ကိုယ်တိုင် လှလှပပ ပုံဖော်နိုင်တယ် ဆိုတာ ကံတရားကမျက်နှာသာ ပေးတဲ့အခါ သူ့ကို သိစေပါ ။
တစ်ချိန်က မျက်ရည်တွေဟာ နောင်တစ်ချိန်မှာ ဟာသ အဖြစ်နဲ့ ပြုံးနိုင်ဖို့ ခုတော့ ခံစားမှု သက်သာအောင် ငိုချလိုက်ပါ သူငယ်ချင်း ( အားရအောင် ငိုကြွေးပြီးရင်တော့ အလှပဆုံး ပြုံးနိုင်အောင် ကြိုးစားပါ )
😢😢😧😢😢
💔💔💔💔💔
credit to original
credit to original
Post a Comment