ထစ်ခနဲရှိ ပြတ်မယ်ဆိုပီး ဒေါသရှေ့ထား မဆုံးဖြတ်ပါနဲ့
ဘဝမှာ မှတ်မှတ်ရရ ချစ်သူသက်တမ်း ၃ နှစ်ကျော်ကြာ Official တစ်ခါ တွဲခဲ့ဖူးတယ်။
Facebook ပေါ်က လူတွေသိတယ် Couple photo တွေ ပလူပျံအောင် တင်နေကျ.. ထမင်းစားရေသောက်တာတောင် ဖုန်းမဆက် Chat box ကမပြောဘဲ Tag တွဲတင်နေကျ.. ဘယ်နေရာသွားသွား ဘာပဲစားစား ရောက်လေရာ Caption တင်နေကျကိုး။
Bff တွေ အကုန်သိတယ်။ မွေးနေ့ Anni ဆို စားပွဲလုပ်ပြီး မိတ်ဆက်ပေးနေကျ.. ပျော်လာတဲ့နေ့ဆို ဖုန်းဆက်ပြီး ကြွားနေကျ.. သူနဲ့ရန်ဖြစ်လာတိုင်း ငိုငိုပြီး ရင်ဖွင့်နေကျကိုး။
နှစ်ဖက်မိဘ အသိုင်းအဝိုင်းအထိ ခရီး ရောက်တယ်။ သူ့အိမ် ကိုယ့်အိမ် ထမင်းတက် စားနေကျ.. သီတင်းကျွတ်ဆို ပြားပြားဝပ် ကန်တော့နေကျ.. သူ့အိမ်က တူတွေ တူမတွေနဲ့ပါ ကစားနေကျ.. Nearly ခရီးတစ်ခုခု အတူ သွားလာနေကျ.. ပါပါးတွေ မာမားတွေခေါ် ဖုန်ထနေကျကိုး။
အဲ့ တစ်ယောက်နဲ့ပဲ ဘဝကပြီးပြီပေါ့... ရုပ်တည်နဲ့ ဘဝရှေ့ရေး Plan တွေ ဘာတွေဆွဲလို့။
လက်ထပ်ပြီးတာနဲ့... ချောင်းသာ / မြန်မာပြည်အနှံ့ ဘုရားဖူး ဟန်းနီးမွန်း အရင်ဆုံး ထွက်မယ်.. တိုက်ခန်း သီးသန့်လေးမှာ နေမယ်.. ကိုယ်ပိုင် စီးပွားရေးတစ်ခု ထူထောင်မယ်.. အံမယ် သားသား အရင်မွေးမှာ မီးမီးအရင်မွေးမှာ မရဘူးနော် ဆိုပြီး အငြင်းအခုန်တောင် လုပ်ခဲ့သေး။ လေထဲတိုက်အိမ် ဆောက် ဂယက်ထခဲ့ကျသေး။
ဘဏ်စာအုပ်တစ်ခုထဲ ငွေအတူလည်း စုခဲ့တယ်။ ( ပြတ်သွားတော့ 50/100 ကျပ်ကအစ အတိအကျ စာရင်းရှင်း ခွာပါလေရော)
ဖိတ်စာအတွက် Design တွေ အတူရေးဆွဲ ခဲ့တယ်။ (ကွဲကွာပြီးတော့ အဲ့ Design အကြမ်းဆွဲထားတဲ့ စက္ကူ စတွေ အမှိုက်ပုံထဲ ပစ်ထည့် လိုက်တာပါပဲ)
ဘယ်ခန်းမမှာဆောင်မလဲ ခြေတိုအောင်စုံစမ်းတယ်။ (ခုချိန်ပြန်တွေးရင် ရှက်သလိုလိုတောင် ဖြစ်မိတာ.. Aww ငါအတော် အရူးထခဲ့တာပါလား။ "home + prison = အိမ်ထောင်" ကျဖို့ နီးစပ်ခဲ့ပါလားပေါ့)
သူ့မိဘကိုယ့်မိဘအေးဆေး Peace ဖြစ်တယ်.. Bff တွေနဲလည်း ဒေါက်တည့်တယ်.. ရုပ်ရည်ခြင်းလည်း အတော်ဆင်ကြတယ်.. 3 နှစ်တာ သံယောဇဉ်နဲ့ ချည်နှောင်ထားတယ်.. အချိန်တန်တော့ ပြတ်တာကပြတ်တာပါပဲ။
မင်္ဂလာဝတ်စုံ Aroma မှာ မှာဖို့ တိုင်ပင်ထားကြတယ်.. လက်ဖွဲ့တွေကို ဘယ်သူကယူကြေး ညှိခဲ့ကြတယ်.. ခလေးနောက်မှယူဖို့ လက်ဝါးခြင်း ရိုက်ထားကြတယ်.. မိဘတွေကို (%) ဘယ်လောက် ထောက်ပံ့မယ်လို့ ကြိုတင် သဘောတူထားခဲ့ကြတယ်.. ရေစက်ကုန်တော့လည်း လမ်းခုလတ်မှာတင် နှုတ်ဆက် လက်ပြရတာပါပဲ။
ပြတ်ရတဲ့ အကြောင်းအရင်း ခုချိန်ပြန်တွေး ရယ်ဖို့တောင် ကောင်းပါသေးတယ်။
ဘာမဟုတ်တဲ့ Case သေးသေးလေးက စတယ်။ ဆီလို အပေါက်ရှာ ရစ်ခဲ့တာတွေက စတယ်။ မသေချာတဲ့သံသယ တစ်ခုက စတယ်။ မထားသင့်တဲ့ မာနတွေက စတယ်။
သူ့ဘာသူ ဖြတ်သွားတဲ့ ကားတစ်စီး ဘာ Model နံပါတ်လဲ ငြင်းကြရင်းကနေ မခေါ်မပြောတွေဖြစ် သူဖုန်းစဆက်နိုး ကိုယ့်ဘက်က စဆက်ရနိုးနဲ့ ဝေးရတဲ့အထိပဲ။
သူ့ဘာသူ ဖုန်းလိုင်း မကောင်းတာပဲ မပြောချင်လို့ ဖုန်းချပစ်တာ မှတ်လား? အစဆွဲထုတ် ရစ်ရင်းကနေ သေတဲ့အထိ စကားမပြောကြတော့တဲ့အထိပဲ။
အရင်ကတည်းက Bff တွေနဲ့ ရင်းရင်းနှီးနှီး တွဲသွားတွဲလာ နေနေကျ စကားပြောနေကျလေ။ သံသယတွေနဲ့ စွပ်စွဲချက်ထုတ် သမုတ်ရင်းကနေ အပျက်ပျက်နဲ့ နှာခေါင်းသွေးထွက် လမ်းခွဲရတဲ့အထိပဲ။
စရင်းနောက်ရင်း Privacy တစ်ခုခု ထိမိတယ်။ ဘာဖြစ်လဲ ကိုယ့်လက်တွဲဖော်ပဲ ရှော်ပေးလိုက်ပေါ့။ ဒေါသရှေ့ထားဆုံးဖြတ် မာနတွေထားရင်းကနေ တာ့တာ bye bye တွေလုပ် ကွဲကြတဲ့အထိပဲလေ။
------ ------ ------ ------
တကယ်ဆို ဘဝအတွက် အကြီးကြီး Plan ချထားတာပါ။
တော်ရုံတန်ရုံ problem လောက်တော့ ခွင့်လွှတ်နားလည် ပေးရမှာပေါ့... ညှိညှိနှိုင်းနှိုင်းနဲ့ စေ့စပ်ကျေအေးပေးရမှာပေါ့... ချစ်တဲ့စိတ် တစ်ခုနဲ့ ခဝါချထားသင့်တာပေါ့...။
ထစ်ခနဲရှိ ပြတ်မယ်... ကိုယ့်လမ်းကိုယ် လျှောက်မယ်... ဒေါသရှေ့ထား ဆုံးဖြတ်မနေကြပါနဲ့။
ကိုယ်တကယ် ချစ်ရတဲ့သူကို ဆုံးရှုံးခဲ့ရတာပဲ အဖတ်တင်မယ်။ လက်လွှတ် လိုက်ရတာပဲ ရှိမယ်လေ။
နှစ်တွေအကြာကြီး အတူရှိခဲ့ပြီးမှ ပြတ်ကြစဲကြရင် သိပ်နစ်နာပါတယ်။ နှမြောဖို့လည်း အရမ်းကောင်းပါတယ်။
Ooredoo ဆင်းကဒ်လို အလကား နီးပါးရ အချစ်တွေ ပေါသောနေတဲ့ ခေတ်မှာ ရက်ပေါင်း ထောင်ချီ ဘေးမှာအတူရှိပေးတဲ့ချစ်သူကို တန်ဖိုးထားပေးပါ။
Telenor ဆင်းကဒ်လို အဖြတ်ကြမ်း လှည့်စား ရက်စက်မှုများတဲ့ ခေတ်မှာ နှစ်တွေ မနည်းဘူး အနွံတာခံ သစ္စာရှိပေးတဲ့ ချစ်သူကို တန်ဖိုးထားပေးပါ။
Mpt ဆင်းကဒ်လို အပြောင်းအလဲမြန် ဂျင်းထည့်တတ်တဲ့ ခေတ်မှာ စကားများ ရန်ဖြစ်တိုင်း ထွက်မသွားတဲ့ ချစ်သူကို တန်ဖိုးထားပေးပါလေ။ ။
credit to s_m
Post a Comment