လုံးဝမထင်မှတ်ထားတဲ့ ကိုရီးယားအနုပညာရှင်စုံတွဲသစ် ထွက်ပေါ်လာ
ကိုရီးယားနိုင်ငံ အနုပညာ လောကမှာ နောက်ထပ် ချစ်သူစုံတွဲ တစ်တွဲ ထွက်ပေါ်လာပါပြီ။ Lee Dong Woo နဲ့ Suzy တို့ပါ။ Suzy ဟာ သိပ်မကြာခင်ကမှ မင်းသား လီမင်ဟိုနဲ့ လမ်းခွဲခဲ့တာပါ။ Suzy ကတော့ အသက် (၂၃) နှစ် ဖြစ်ပြီး Lee Dong Woo ကတော့ (၃၆)နှစ်ပါ။
မတ်လ (၉) ရက်နေ့တုန်းက TV Report ကနေ Lee Dong Woo နဲ့ Suzy တို့ ချစ်နေကြတယ် ဆိုပြီး ဖော်ပြ ခဲ့ တာ ပါ။ သူတို့နှစ်ယောက်ဟာ Cheongdam- dong မှာ ဒိတ်လုပ်ခဲ့တယ် လို့ ဖော်ပြခဲ့ပါတယ်။ နှစ်ယောက် လုံးဟာ ပတ် ၀န်းကျင်ကို အရမ်းတွေ သတိထားနေခဲ့ပေမယ့် သူတို့ရဲ့ အချစ်တွေကိုတော့ ဖုံးကွယ် ထားလို့ မရအောင် ဖြစ်နေခဲ့တယ် လို့ ပြောခဲ့ပါတယ်။
အတိတ်ကို ပြန်ကြည့်မယ် ဆိုရင် SBS ရဲ့ “ Strong Heart ” မှာ တုန်းက Suzy ဟာ သူ့ရဲ့ စိတ်ကူးထဲက ချစ်သူ ပုံစံကို Lee Dong Wook လို့ (၂၀၁၂) တုန်းက ပြောခဲ့ဖူးပါတယ်။ Lee Dong Wook နဲ့ Suzy တို့ရဲ့ အေဂျင်စီတွေဖြစ်တဲ့ King Kong by Starship နဲ့ JYP Entertainment တို့ကတော့ ဒီသတင်းတွေနဲ့ ပတ်သက်ပြီး သေချာအောင် စုံစမ်းတာတွေ လုပ်အုံးမယ်လို့ ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းမှာတော့ King Kong by Starship ကတော့ မီဒီယာတွေကို “ Lee Dong Wook ဟာ မကြာ သေးမီက Suzy နဲ့ အတူ ပုဂ္ဂိုလ်ရေး တွေ့ဆုံမှုတစ်ခုမှာ တွေ့ခဲ့ကြောင်း၊ အဲ့ဒီမှာပဲ သူမနဲ့ ရင်းနှီးလာခဲ့တယ်လို့ ပြောခဲ့ပါတယ်။ JYP Entertainment ကတော့ ဆူဇီနဲ့ လက်တလောမှာ Lee Dong Wook နဲ့ ရင်းနှီးနေတယ်ဆိုတာ မှန်ကန်ကြောင်း ၊Suzy တစ်ယောက် Lee Dong Wook ရဲ့အကြောင်းကို ပိုသိဖို့ ကြိုးစားနေတယ် လို့ အတည်ပြုခဲ့ပါတယ်။
source allkpop







Post a Comment