Header Ads

ပြန်​မလိုချင်​​သော အချစ်


❀ ❀ ❀ ❀ ❀ ❀ ❀

ကိုယ့်ကိုယ်​ကို ရယ်​မိတယ်​ ​မောင်

ခခ ယ ယ မရှိတဲ့ ​မောင့်အချစ်​ကိုမှ ကျကျနန လွမ်း​နေမိတဲ့ ကျွန်​မ ​လေ.. ဘယ်​သူ့ ပ​ယောဂ မှ မပါဝင်​ဘဲ ဖြူ စင်​စွာ ရူး ခဲ့ခြင်းပါ

မောင်​ က ဆူးများတဲ့ ပန်းလား.. တင်းကျပ်​စွာ ဆုပ်​ကိုင်​မိ​တော့ လက်​ ဖဝါးမှာ ​သွေး စ​တွေနဲ့ ​ဒဏ်​မခံနိုင် ဖြန့်​ချလိုက်​​တော့ ​မောင်​နဲ့ထိုက်​သင့်​တဲ့ ​မြေပြင်​​လေးဆီ

ပြီးသွားခဲ့ပြီ.. ကိုယ့်​အတွက်​ မဟုတ်​တဲ့ စင်​​ပေါ်က အရုပ်​ကို မနာလို ဝန်​တိုခြင်းကင်းစွာ ကြည့်​တတ်​သွားပြီ

အချစ်​တဲ့ သစ္စာအနှစ်​ မပါ​ဝင်​တော့ ​ချစ်​တာ​တွေလည်းပြယ်​... မာန ဆူး နှစ်​​ချောင်း အစွယ်​ခက်​​တော့ ​ကျောခိုင်းခြင်းသာ အ​အေးမြဆုံး​ပေါ့

ကျွန်​မ အချစ်မှာ အတ္တ ကြီးတယ်..​ ကိုယ့်​အတွက်​ မဟုတ်​မှန်း သိရင်​လည်း ပြတ်​သားစွာ စွန့်​ပစ်​ရဲတယ် ​​မောင်

ခဏတာဆို​ပေမယ့် ဒါဟာ ဘဝနဲ့ ဆိုင်​ခဲ့တာမို့ မလွမ်းရဲလည်း လမ်းခွဲသင့်​ရင် ​ခွဲရမယ်​.. ကိုယ့်​အတွက်​ ​နေရာမရှိတဲ့ ခုံကို မရှက်​မရှိ တိုး​ဝှေ့ထိုင်​ရ​လောက်​​အောင်​ ကျွန်​မ စိတ်​ အဲ့​လောက်​ မပဲ့ဘူး​မောင်​..

အသွင်​တူမှ အိမ်​သူဖြစ်​တာတဲ့လား.. မာနခြင်းပြိုင်​ပြီး အသွင်​တူတာထက်​ အ​ပေးအယူမျှတဲ့ အသွင်​မတူခြင်းကိုသာ ​တောင်းတမိတယ်

ကျွန်​​မ အတွက်​ လိုအပ်​တာ နားလည်​​ဖေးမ လမ်းပြမှုပါ​မောင်​.. ဒါ​တွေ မရှိဘဲနဲ့ လက်​ဆွဲပြီး အ​မှောင်​အဆုံးထိ ​ဖောက်​ထွက်​ရ​လောက်​​အောင်​ ကျွန်​မ အသိဥာဏ်​ က​လေးမဆန်​တာ ခွင့်​လွှတ်​ပါ​မောင်​။

အချစ်​က ဘဝမဟုတ်​​ပေမယ့် ဘဝမှာ​တော့ ချစ်​တတ်​ခြင်း​တွေ ရှိတယ်​.. ​မ​သေဆုံးချစ်​ခြင်းဆိုတာ ပန်း​လေးတစ်​ပွင့်​ကို မြတ်​နိုးသလိုမျိုး... လမင်း ​လေးကို ​ငေးကြည့်​​နေသလိုမျိုး ​လေနု​အေးရဲ့ အထိအ​တွေ့ ကို နှစ်​သက်​သလိုမျိုး ဆည်းဆာရဲ့အလှကို ခံစားသလိုမျိုး

ဖြစ်​ပျက်​​တွေ​နောက်​မှာ ​နောက်​တစ်​ကြိမ်​ ချစ်​ရဦးမယ်​ ဆိုရင်​​တောင်​ အချစ်​ အစစ်​ကိုသာ ဦးစား​ပေးမိမှာ

ခံစားတတ်​တဲ့ နှလုံးသားကို ဦး​နှောက်​နဲ့မိုးပြီး ဒီဘဝအတွက်​ လက်​တွဲ​ခေါ်စရာ ဘယ်​သူမှ မရှိရင်​​တောင်​ ကျွန်​မ ဘဝအတွက်​ ကျွန်​မ ရှိ​နေဦးမှာပါ။

ဘာမထီဘွား... အ​တွေးစာစု​လေးများ

No comments

Powered by Blogger.