Header Ads

အချစ်ရေးမှာ ကံမကောင်းသူတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ တည်ငြိမ်ရင့်ကျက်သွားတယ်


တစ်ချို့တွေ ရှိတယ်… အရွယ်ကဖြင့် 20 မကျော်သေးဘူးရယ် တည်ငြိမ်ရင့်ကျက် လွန်းနေတာ အံ့သြစရာ ကောင်းပါတယ်။ သေချာတာက… သူတို့ အချစ်ရေး ကံမကောင်း ခဲ့ကြလို့ပါ။

အချစ်တုတွေနဲ့ ပက်သက် ခဲ့ရလို့ပါ။ မနူးမနပ် အရွယ်မှာ ကစားခံခဲ့ရလို့ပါ။ First love က သင်ခန်းစာပေးသွားလို့ပါ။ ချစ်တတ်စ အရွယ်မှာ နာကျင်စရာတွေနဲ့ ထိပ်တိုက် တိုးခဲ့လို့ပါ။ ဖြူစင်တဲ့ အရွယ်လေးနဲ့ မလိုက် မျက်ရည်တွေ ကျခဲ့ဖူးလို့ပါ။ သစ်ရွက်လှုပ်တိုင်း စိတ်ကစားတဲ့ အရွယ်မှာ မုန်တိုင်း ကြုံခဲ့ဖူးလို့ပါ။

လက်ကို ဓါးနဲ့ခြစ်ခဲ့တဲ့ နေ့ရက်တွေ… အိပ်ဆေးတွေ ခေါင်းထဲပစ်ထည့် Next လုပ်ထားခဲ့ရတဲ့ အချိန်တွေ… အိမ်နဲ့စစ်ခင်း ရွာပြင်ထုတ်ခံခဲ့ရတဲ့ Date တွေ… ကုန်းကောက်စရာ မရှိအောင် ကျခဲ့ဖူးတဲ့ စိတ်ဓါတ်တွေ… အိပ်ရေးတွေပျက် Panda eye's ဖြစ်ခဲ့တဲ့ရက်တွေ…။

အချစ်ကို အလွယ်တကူ ရွေးချယ်ခဲ့မိတယ်။ ငါချစ်သလို သူကတော့ဖြင့် ပြန်ချစ်မှာပဲ အထင်မှားခဲ့ဖူးတယ်။ သူများတွေ ဆေးထိုးသလို Surprise ဖြစ်မယ် ထင်ခဲ့ဖူးတယ်။ အချစ်က ဘဝကြီးလို့ အယူအဆ လွဲခဲ့ဖူးတယ်။


ပြန်ရလိုက်တာက… နာကျင်စရာတွေ ဥပေက္ခာတွေ စာနာစိတ် မရှိတာတွေ ရက်စက်တာတွေ လှည့်စားခံရတာတွေ ကတိမတည်ခဲ့တာတွေ ပစ်ထားခံရတာတွေ ဖေါက်ပြန်သွားတာတွေ ပြောင်းလဲသွားတာတွေ လစ်လျူ ရှုခံရတာတွေ စေတနာကို အစော်ကားခံရတာတွေ ချောင်ထိုးခံရတာတွေ နှိမ့်ချခံရတာတွေ သိသိသာသာ ရှော်သွားတာတွေ… အရွယ်နဲ့မလိုက် ရခဲ့တာမှ အများကြီးပဲလေ။


သူတို့ရဲ့ စိတ်ထဲမှာ အချစ်နဲ့ပက်သက်ပီး Psycho တစ်ခုလို သေရာပါ ဖြစ်သွားတာပါ။ တစ်ချို့ဆို ရည်းစား ထပ်မထားရဲတော့ဘူး။ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ ရှောင်နေကြတယ်။ စာအုပ်တွေနဲ့ ဘဝကို နှစ်မြုပ်သွားကြတယ်။ သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဖြတ်သန်းသွားကြတယ်။

တစ်ချို့ ရည်းစားထား ဖြစ်ခဲ့ရင်တောင် အောက်ကျခံ ခယပြီး ချစ်ပြတာတွေ မရှိတော့ဘူး။ အသည်းအသန် လွမ်းပြ ချစ်ပြတာတွေ မရှိတော့ဘူး ချေပြတဲ့အတွက် အလိုလိုကို တန်ဖိုးက တက်နေရော။ ဒီအရွယ် အပိုင်းအခြားဆိုတာ… ပေါ့ပါးဖျတ်လတ် Confidence ရှိနေရမယ်။


ဘဝအတွက် Foundation ခိုင်အောင် လုပ်ထားရမယ်။ ပညာရေးကို ခေါင်းထဲရိုက်ထည့် နောက်ထပ်တစ်ဆင့် တက်ဖို့ ကြိုးစားရမယ်။ ဘာအပူအပင်သောကမှ မရှိဘဲ ပျော်ပျော်နေရမယ်။ ကဲစရာရှိကဲ လုပ်ချင်တာလုပ် Free style ဖြစ်နေရမယ်လေ။ သူတို့ မဖြစ်ခဲ့ဘူး မလုပ်နိုင်ခဲ့ဘူး။ မနူးမနပ် အရွယ်မှာ ရွေးချယ်မှုမှားခဲ့တဲ့ အချစ်တစ်ခု ကြောင့်ပေါ့…။


ဒါပေမယ့် သူတို့ ပြန်လာပါလိမ့်မယ်… သိပ်လှတဲ့ မဲ့ပြုံးလေးနဲ့အတူ ပြန်လာပါလိမ့်မယ်။ ရက်စက် ပြတ်သားတတ်တဲ့ စိတ်တွေနဲ့အတူ ပြန်လာပါလိမ့်မယ်။ မချစ်တတ်တဲ့ နှလုံးသား တစ်စုံနဲ့အတူ ပြန်လာပါလိမ့်မယ်။ အချစ်တုတွေကို ပြန်သတ်ဖို့အတွက် ပြန်လာပါလိမ့်မယ်လေ။ ။

credit s_m

No comments

Powered by Blogger.