စိတ်ကောက်တတ်သူများ သိစေဖို့..
**************
စိတ်ကောက်တယ် ဆိုတာ သူ့ကို အပြစ်ပေးသလိုနဲ့ ကိုယ့်ကိုယ်ကို ထောင်ချလိုက်တဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ် ဆိုတာ သူ့ကို အလုပ်ရှုတ်စေဖို့ ကိုယ့်ကိုယ်ကို အလုပ်ရှုတ်ခံတဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ် ဆိုတာ သူ့ရဲ့ သဘောထားကြီးမှုနဲ့ ကိုယ့်ရဲ့ သဘောထား သေးသိမ်မှု အားပြိုင်တဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ် ဆိုတာ အချော့ခံရရင် ပြေလည်သွားမယ် ထင်ပြီး လုပ်မိကာမှ ပိုဆိုးသွားစေတဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ် ဆိုတာ အချစ်စမ်းသလိုနဲ့ အချစ်လျော့သွားစေတဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ် ဆိုတာ ကိုယ့်ဆီလာစေချင်လို့ လုပ်ရင်းနဲ့ ကိုယ့်ဆီက ကျောခိုင်းထွက်ခွာသွားစေတဲ့ ဖြစ်ရပ်။
စိတ်ကောက်တယ်ဆိုတာ........
စိတ်ကောက်တယ်ဆိုတာ........
စိတ်ကောက်တယ်ဆိုတာ........
===========================
စိတ်ကောက်တတ်တဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ချစ်သူတွေ ရှိလား။
ရှိရင် ကိုယ်ရေးချင်တာ ထပ်ရေးပြီး သူတို့ကို ဒီစာလေး ပြလိုက်။ ( ပိုဆိုးသွားရင်တော့ ကျွန်တော့်ကို လာမပြောနဲ့နော် 😜)
credit to original
Post a Comment