မိန်းကလေးတစ်ယောက်ရဲ့ ခံယူချက်
~~~~~~~~~~~~
ကျွန်မ ပါးပြင်နုနုကို ရှင် နမ်းရှိုက်ပြီး အသိတရားမဲ့တဲ့အခါ ရှင့်ပါးပြင်ကို ရိုက်မယ့်သူနဲ့ တွေ့မယ် ဆိုတာ မမေ့နဲ့.....
ကျွန်မ လက်ကို အပျော်သဘော ဆုပ်ကိုင်ပြီး ထားခဲ့တဲ့အခါ ရှင့်လက်ကို အပျက်သဘောနဲ့ ဆုပ်ကိုင်မယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့.....
ကျွန်မ ဘဝကို ရေနစ်အောင် တွန်းချပြီးတဲ့အခါ ရှင့် ဘဝကို နွံထဲဆွဲချမယ့် သူနဲ့ တွေ့မယ် ဆိုတာ မမေ့နဲ့.....
ကျွန်မရဲ့ အလွမ်းကို လှောင်ပြောင်ပြီးတဲ့အခါ ရှင့်ရဲ့ အချစ်တွေကိုလည်း ဟားတိုက်မယ့်သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့.....
ကျွန်မ သံယောဇဉ်ကို မျက်ကွယ်ပြုတဲ့အခါ ရှင့်ရဲ့ မေတ္တာတရားကိုလည်း စုံလုံးကန်းမယ့် သူနဲ့တွေ့မယ် ဆိုတာမမေ့နဲ့.....
ကျွန်မအပေါ် သစ္စာမဲ့ပြီးတဲ့အခါ ရှင့်နောက်ကွယ်မှာ ဖောက်ပြန်တဲ့သူနဲ့ တွေ့မယ်ဆိုတာ မမေ့နဲ့.....
ဝဋ်ဆိုတာ မတောင်းဘဲနဲ့ ပြည့်တဲ့ဆု အလှည့်ကျ မနွဲ့စတမ်းပေါ့.. ရှင်.. ကျွန်မလို အလှဆုံး ပြုံးထားနိုင်ဦးမလား .. ? ကျွန်မ စောင့်ကြည့်နေတယ် ဆိုတာ... မမေ့နဲ့...
Kyaw Kyaw Khaing ( Bago )

Post a Comment