Header Ads

ချစ်သူစုံတွဲတွေကို လမ်းခွဲစေတဲ့ စကား (5) ခွန်း


ယောက်ျားလေး ပဲဖြစ်ဖြစ် မိန်းကလေး ပဲဖြစ်ဖြစ်၊ ရန်ဖြစ်တဲ့ အခါမှာ ဒေါသတကြီးနဲ့ စိတ်ထဲ ရှိရာတွေ အကုန် မပြောသင့်ပါဘူး။ ရန်ဖြစ်တဲ့အခါ ယောက်ျားလေးတွေက အမှန်တွေ ပြောတတ်ပြီး မိန်းကလေးတွေကတော့ စကားနာပဲ ထိုးတတ်ကြပါတယ်။ ချစ်သူဆိုတာ ချစ်တဲ့ အချိန်တွေ ရှိသလို၊ ရန်ဖြစ်ရတဲ့ အချိန်တွေလည်း ရှိတယ်။ အဲ့လို ရန်ဖြစ်ကြရင် ဒီလို စကားတွေကို မပြောသင့်ပါဘူး။ ဘယ်လောက် ဒေါသထွက် နေပါစေ မပြောသင့်ပါဘူး။

1) နင်က အသုံးမကျဘူး.. အလကား မိန်းမ/ ယောကျာ်း

တစ်ယောက်နဲ့ တစ်ယောက် အကြောင်း တစ်ခုခုကြောင့် ပြဿနာဖြစ် စကားများကြရင် ချိုချိုသာသာ မပြောနိုင် ကြတော့တာ အမှန်ပါပဲ။ ဒါပေမယ့် “နင်က အသုံးမကျဘူး.. အလကား မိန်းမ/ ယောကျာ်း” လို့တော့ မပြောသင့်ပါဘူး။


ဘာဖြစ်လို့လဲဆိုတော့ တစ်ဖက်သားရဲ့စိတ်ထဲမှာ ဒဏ်ရာ ရသွားနိုင်သလို အရှုံးသမား တစ်ယောက်လိုပါ ခံစားသွားရလို့ပါ။ ဟုတ်ရင်တော့ နာပေါ့ ဆိုတာထက် ကိုယ့်ကိုရော အဲ့လို လာပြောရင် စိတ်ဓာတ် မကျသွားဘဲ နေနိုင်မလား ဆိုတာကို စဉ်းစားလိုက်ပါ။ 

2) နင်က ငါအတွက် ဘာတွေများ လုပ်ပေးခဲ့လို့လဲ

ရန်ဖြစ်တဲ့အခါ ကောင်းတာတွေကို မမြင်ကြတော့တာ လူသဘာဝပါ။ ရန်ဖြစ်တဲ့အခါ အရင်က ပျော်ခဲ့ကြတာတွေ ၊ ကြည်နူးခဲ့ကြတာ တွေကို မေ့သွားပြီး မကောင်းတာတွေ၊ မဖြည့်ဆည်းပေးနိုင်တာတွေပဲ ခေါင်းထဲရောက်လာကြတယ်။


အဲ့ဒါကြောင့် မကောင်းတာတွေပဲ ပါးစပ်ကထွက်လာပြီး “နင်က ငါအတွက် ဘာများ လုပ်ပေးခဲ့လို့လဲ” လို့ ပြောလာတတ်တယ်။ တကယ်တော့ မပြောသင့်ပါဘူး။ တစ်ဖက်သူရဲ့ စိတ်ထဲမှာ “ငါ အရင်က လုပ်ပေးခဲ့တာတွေ အကောင်း မမြင်ခဲ့တာပဲ” ဆိုပြီး လမ်းခွဲဖို့ထိတောင် ဖြစ်သွားတတ်ကြတယ်။ 

3) နင်မရှိလည်း နေနိုင်တယ်

ချစ်သူ စုံတွဲတွေ ချစ်ရက်နဲ့ ဝေးကြတယ် ဆိုတာ စကားအပြောအဆို တွေကြောင့်ပါ။ ရန်ဖြစ်တဲ့အခါမှာ အရင်က မကျေနပ်ခဲ့တာတွေကို စုပြုံပြီး ပြောလိုက်တော့ လမ်းခွဲရတဲ့ အခြေအနေတွေတောင် ဖြစ်ကြတယ်။ “နင်မရှိလည်း အေးဆေးပဲ… ငါ့ဘေးမှာ နင်ထက်သာတာတွေ ရှိတယ်” ဆိုတဲ့ စကားက အရမ်းကို အထိနာစေပါတယ်။


အဲ့လို စကားမျိုး အပြောခံလိုက်ရတဲ့သူဟာ နာကြည်းတဲ့ အထိတောင် ဖြစ်သွားတတ်တယ်။ ရန်ဖြစ်ပြီး ပြန်ခေါ်ကြတာပဲ ဆိုပေမယ့် ဒီစကားကိုတော့ မပြောသင့်ပါဘူး။

4) နင်ကြောင့်ငါ အမြဲ စိတ်ညစ်ရတယ်

ဒီစကားက တစ်ဖက်သူကို လမ်းခွဲချင်အောင် ပြောလိုက်သလို ဖြစ်နေတယ်။ ချစ်သူဆိုတာ ကိုယ့်ကြောင့် အမြဲ စိတ်ညစ်နေရတဲ့သူကို ဘေးမှာ မခေါ်ထားချင်ကြဘူး။ ကိုယ့်ကြောင့် အမြဲ ပျော်နေရတဲ့သူကိုပဲ ဘေးမှာခေါ် ထားချင်ကြတယ်။


အဲ့ဒါကြောင့် ဒီစကားကို မပြောသင့်ပါဘူး။ တကယ် စိတ်ညစ်နေတယ် ဆိုရင်တောင် ပွင့်ပွင့်လင်းလင်းနဲ့ အေးအေးဆေးဆေးပဲ ပြောကြည့်သင့်ပါတယ်။ 

5) နင့်ကို ချဉ်တယ်

ချစ်သူတွေ မပြောသင့်ဆုံး စကားကတော့ “နင့်ကိုချဉ်တယ်” ဆိုတဲ့ စကားပါပဲ။ ဘယ်လို အကြောင်းကြောင့်ပဲ ဒီစကားကိုတော့ လုံးဝ မပြောသင့်ပါဘူး။


ဒီစကားမျိုးက တစ်ဖက်သူရဲ့မာနကို ထိခိုက်စေနိုင်သလို နာကြည်းစေနိုင်တဲ့ စကားမျိုးပါ။ တစ်ဖက်သူ စိတ်ထဲမှာ ချဉ်ဖတ် တစ်ယောက်လို ခံစားသွားရမှာဖြစ်လို့ မပြောမိပါစေနဲ့။

credit Hannwe Soe (Shwemom)

No comments

Powered by Blogger.