Relationship တစ်ခုမှာ လေးစားမှုဟာ အဓိကကျပါတယ်
relationship တစ်ခုမှာ "လေးစားမှု ဟာ အဓိက ကျတယ်" တစ်နည်းပြောရရင် လေးနက်မှု လို့ ခေါ်တယ်။ ကိုယ်ဘာပဲ လုပ်လုပ် သူမကြိုက်တဲ့ အရာတွေ ပါနေမယ် ဆိုရင် အသိပေးရမယ် ခွင့်တောင်းရမယ် ရှောင်သင့်ရင် ရှောင်ရမယ် ။ လေးစားမှုကနေ နားလည်ခြင်းတွေ ဖြစ်တည်တယ် နားလည်မှုကနေ ယုံကြည်ခြင်းတွေ ဖြစ်တည်တယ်။
ဒါကြောင့် တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် လေးစားဖို့ လိုအပ်တယ် ။ တစ်ခါတစ်ခါ ကိုယ့် ဘော်ဒါတွေထဲက ကောင်တွေကို သိပ်ပြီး အိုဗာတင်း လုပ်တယ် ထင်မိတယ်။ တစ်ခုခုဆို အိမ်ကိုတောင် အသိမပေး ရသေးဘူး သူတို့ကောင်မလေး တွေဆီ သံတော်ဦးတင်..
" ကိုယ် ဒီညတော့ နောက်ကျမယ် နော်သဲရေ "
ဘာညာသာရကာ ချိုချိုသာသာ လေးပြောမယ်။ ပြီးမှ ဘော်ဒါတွေ နဲ့ ဟီးဟီးဟားဟား ပြန်လုပ်တယ် ။
" အာ … ငါ့ ရဲ့ ဆော်က တစ်ခုခုဆို ပြောပြလိုက်ရမှကွ ဒါမှမဟုတ်ရင် အရမ်းရစ်တာ"
ကိုယ်တွေကတောင် ကပ်ပြီး ဖဲ့လိုက်သေးတယ်။
" မင်းကကွာ ရတောင် မရသေးဘူး ခုကတည်းက ကြောက်နေရပြီ"
အမှန်တော့ သူတို့ မမှားဘူး။ ဒါဟာ လေးစားမှုပဲ သူတို့ လုပ်ချင်ရင် ရရဲ့သားနဲ့ ကိုယ်ချစ်တဲ့ သူကို သတိတရ ဖုန်းလေး လှမ်းတောက်ပြီး ကိုယ်ဒါလုပ်တော့မယ် နော် လို့ အကြောင်းကြားတာ။ ဒါက လေးနက်မှုပဲ ။ ကိုယ်ချစ်တဲ့ သူမို့ တစ်ဖက်သားက မချုပ်ချယ်ရင်တောင် အသိကလေး ပေးတတ်တယ် ။
တစ်ချို့ကောင်တွေဆို ဖုန်းဘေ မရှိဘူး ဆိုရင်တောင် ဘော်ဒါတွေ ထဲက ဖုန်းကို ခဏ ငှားပီးတော့တောင် သံတော်ဦး တင်လိုက်သေးတယ် ။ ဒါဟာ လေးစားမှုပါပဲ။ ကိုယ့် ရဲ့ တစ်စိတ်တစ်ဒေသ ထဲမှာ တစ်ချို့သော အရာတွေ ကို ကိုယ်ချစ်တဲ့ သူတွေဆီ စီမံခန့်ခွဲခွင့် ပေးထားတာ ။ ဒါဟာ လေးစားမှု လို့ခေါ်တယ်လေ ။
credit luah
Post a Comment