Header Ads

Facebook သုံးတဲ့အခါ​ ဒါ​လေးတွေသတိထားပါ


၁) ပုံ​တွေခဏခဏ မတင်​ပါနဲ့

ပုံ​တွေ ခဏခဏတင်​ရင်​ လူတစ်​ချို့က ကိုယ့်​ကို တမျိုးမြင်​လာနိုင်​ပြီး မလိုလားအပ်​တဲ့ လူမှု​ရေး ပြသနာ ​တွေ ကြုံလာတတ်​ပါတယ်​။ 

၂) အ​ပျော်​သ​ဘောနဲ့ အဓိပ္ပါယ်​မဲ့ status​တွေ သိပ်​ မတင်​ပါနဲ့

Fbဆိုတာ များ​သောအားဖြင့်​ တစ်​​ယောက်​မျက်​နှာ တစ်​ယောက်​မြင်​ဖူး ​နေတာမျိုးမဟုတ်​ဘဲ ခင်​မင်​​နေခြင်းဖြစ်​၍ လူ​တွေရဲ့စိတ်​ကို ကိုယ်​တင်​တဲ့ ပို့စ်​​တွေကြည့်​ပြီး တန်​ဖိုးသတ်​မှတ်​ ​နေကြတာဖြစ်​လို့ သတိထား​စေချင်​ပါတယ်​။

၃) ကိုယ်​​ရေးတဲ့ comments ​တွေကို သတိထားပါ

လူတစ်​​ယောက်​ရဲ့ အဆင့်​အတန်းဆိုတာ တစ်​ခါတစ်​ခါမှာ ပညာအရည်​အချင်း ၊ ​ချော​မောလှပမှု ရာထူးစည်းစိမ်​​တွေ မဟုတ်​ဘဲ နုတ်​ထွက်​စကား ဖြစ်​​နေတတ်​တယ်​။ ကိုယ်​က စ​နှောက်​ချင်​လို့်ပဲဖြစ်​ဖြစ်​ အဆဲပါမှ ​ပြောတတ်​တဲ့ အကျင့်​ပဲဖြစ်​ဖြစ်​ အခြားသူ​တွေက ကိုယ့်​ကို အထင်​​သေးသွားတတ်​ပါတယ်​။

၎) ကိုယ့်​စိတ်​ခံစားချက်​​တွေကို က​လေးဆန်​ဆန်​ ခဏခဏ postတင်​တာ သတိထားပါ

ယောက်ျား​လေးတစ်​​ယောက်​က သူ​ရေးချင်​တာ​ရေးတာ ကိစ္စမရှိ​ပေမယ့်​ မိန်းက​လေးတစ်​​ယောက်​အ​နေနဲ့​တော့ ဟိုလူနဲ့ ကွဲပြန်​ပြီ ၊ ဒီလူနဲ့ ပြတ်​ပြန်​ပြီ ဘယ်​လိုနားလည်​ရမှန်းမသိ​အောင်​ အထင်​လွှဲခံရတတ်​ပြီး အဓိပ္ပာယ်​ ဖွင့်​ဆိုချက်​​တွေ မှားသွားနိုင်​ပါတယ်​ သတိထား​စေချင်​ပါတယ်​။



၅) မလိုအပ်​ဘဲ Tag တွဲတင်​ခြင်း မပြု​စေချင်​ပါ

Postတစ်​ခုကို Tag တွဲတင်​တယ်​ဆိုတာ များ​သောအားဖြင့်​ ကိုယ့်​အ​ကောင့်​အချင်းချင်း ကိုယ့်​အရမ်းချစ်​ခင်​ရတဲ့ မိသားစုအချင်းချင်း ၊ ​ယောက်ျား​လေးချင်း ၊ မိန်းက​လေးချင်း တင်​တာ ပြဿ နာ မရှိ​ပေမယ့်​ ကျား;မ နှစ်​​ယောက်​တည်း Tag မိရင်​ ဘာလိုလို ညာလိုလို အထင်​ခံရတတ်​ပါတယ်​ အထင်​ခံနိုင်​တယ်​ထားအုံး ​ယောက်ျား​လေးက ဘာမှမဖြစ်​နိုင်​​ပေမယ့် တစ်​ခုခုဆိုရင်​ မိန်းက​လေးဘက်​ကို များစွာထိခိုက်​သွား​စေနိုင်​ပါတယ်​။


၆) ချစ်​သူစုံတွဲ ပုံ​တွေ မတင်​သင့်​ဘူးလို့ ယူဆပါတယ်

ချစ်​သူဆိုတာ လင်​မယား မဟုတ်​​သေးပါဘူး ချစ်​သူဆိုတာ ဆိုင်​သလိုရှိ​ပေမယ့်​ တရားဝင်​ မပိုင်​​သေးပါဘူး။လင်​မယား​တွေ​တောင်​ အခန့်​မသင့်​ရင်​ ကွဲကြရ​သေးတာပဲ ချစ်​သူဆိုတာကလည်း အချိန်​မ​ရွေး အ​ကြောင်းအမျိုးမျိုး​ကြောင့်​ လမ်းခွဲသွားနိုင်​ပါတယ်​ ဒါ့​ကြောင့်​ တစ်​ကမ္ဘာလုံးသိ​အောင်​ မ​ကြော်​ငြာတာ အ​ကောင်းဆုံးလို့ အကြုံပြုပါရ​စေ။

၇) ကိုယ်​နဲ့ အဆင်​မ​ပြေတဲ့ friends​ တွေကို Block မယ်​ ဘာဖြစ်​တယ်​ ညာဖြစ်​တယ် ​ဆိုတဲ့ ​ပေါက်​ကွဲသံစဉ်​​တွေ မတင်​သင့်​ပါဘူး

ကိုယ်​မကြိုက်​ဘူးလား ​ပြော​နေစရာမလိုပါဘူး Block လိုက်​ပါ ။ Add ထားတဲ့ fri ​တွေ ကိုယ်​လက်​ခံချင်​ လား.... လက်​ခံလိုက်​ပါ ။ ကိုယ်​မ​ကျေနပ်​တဲ့ fri​ တွေကို စာ​တွေတင်​ပြီး အသိ​ပေး​နေတာက ဆိုးကျိုးရှိပါတယ်​ ဘာဆိုးကျိုးလဲဆို​တော့ လူမုန်းများခံရပြီး အ​ကောင့်​​တွေ report အထုခံရတတ်​သလို ကိုယ့်​နာမည်​ကို မသမာတဲ့သူက အပုပ်​ချပြီး နာမည်​ဖျက်​တတ်​ပါတယ်​။ 

အကြံ​ပေးခြင်းပါခင်​ဗျာ ကျန်​တာက​တော့ "As you like can you choice”

လေးစားစွာဖြင့်​ 😊😊😊
ဇင်းနစ်​ မ​ကွေး

No comments

Powered by Blogger.