အင်္ကျီအဖြူဝတ်ဆင်တဲ့ ပျိုမေတို့ ဘယ်လို ဘရာအရောင်ကို ရွေးချယ်သင့်သလဲ
အကျီအဖြူ အောက်မှာ ဘယ်လို ဘရာစီယာအရောင် ရွေးချယ်သင့်တယ် ဆိုတာ ပျိုမေတို့ သိထားသင့်ပါတယ်။ အမျိုးသမီးတိုင်း ဖြူဖွေးနေတဲ့ အကျီတစ်ထည်ကို ဝတ်ဖို့ရွေးချယ်လိုက်ပြီဆိုရင် အောက်က ဘရာကို ဘာရောင်ဝတ်ရင် ကောင်းမလဲဆိုပြီး အမြဲ စဉ်းစားကြရပါတယ်။
အနက်ရောင် ဘရာပဲ ခပ်တည်တည် ၀တ်ချလိုက်ရမလား၊ အခြားကာလာကြီးတွေ ရွေးလိုက်ရင် ကောင်းမလား၊ အဖြူရောင်နဲ့ဆိုရင်ရော စသဖြင့် ကိုယ့်အကျီအရောင်နဲ့ လည်း လိုက်မယ်၊ သိပ်လည်း မရိုင်းမယ့်အထာမျိုး ဖြစ်အောင် မဝတ်ခင်အချိန်လေးမှာ တွေးကြရပြီလေ။ ဒါပေမယ့် တစ်ချက် စဉ်းစားရမှာက ကိုယ်ဝတ်မယ့် အကျီအရောင်နဲ့ ဘရာအရောင် ဝမ်းဆက်ဖြစ်နေဖို့ လိုသလား ဆိုတာပါပဲ။
အဖြေက နိုးပါ။ ဝမ်းဆက် ဖြစ်နေစရာ လုံးဝ မလိုအပ်ပါဘူး။ သင့်အကျီက အဖြူရောင် ဆိုရင် သင့်အနေနဲ့ ချိုးဖောက်ရမယ့် စည်းမျဉ်းလေးတွေ ရှိနေပါတယ်။ ဒီတော့ အကျီအရောင်နဲ့ ဘရာကို အရောင်ဆင်တူ ၀တ်မယ့်အစား သင်ရှာရမှာက သင့်အသားနဲ့ သိပ်အရောင် မကွာတဲ့ ဘရာစီယာ ကိုပါ။ သင့်အသားက နို့နှစ်ရောင်လို ဖွေးနုနေတယ် ဆိုရင် နို့နှစ်ရောင် ဘရာရှာပါ။
ဒါမှမဟုတ် သင့်အသားက နည်းနည်ညိုတယ် ဆို အညိုရောင်ကို ရှာပါ။ သင့်အသားက မည်းတဲ့ဘက်ရောက်တယ်ဆို အညိုရင့်ရောင် ဒါမှမဟုတ် အမည်းကို ရှာဝတ်လိုက်ပါ။ အောက်ခံဘောင်းဘီ အတွက်လည်း ဒီနည်းအတိုင်းပဲ ၀တ်ဆင်ပါ။ သင်က အဖြူရောင် ဘောင်းဘီကို ၀တ်ထားတယ် ဆိုပါစို့။ သင့်အောက်ခံဘောင်းဘီဟာ သင်အပေါ်က ၀တ်မယ့် အဖြူရောင် ဘောင်းဘီနဲ့ တွဲစဉ်းစားတာ မျိုးထက် သင့်အသားရောင်နဲ့သာ တွဲပြီး စဉ်းစား ၀တ်ဆင်ကြရမှာပါ။
တစ်မျိုးကြီးတော့ ဖြစ်နေတယ် မလား။ ဒါပေမယ့် ဒီနည်းအတိုင်း နိုင်ငံတကာက မင်းသား မင်းသမီး အနုပညာရှင်တွေ ဆင်မြန်းနေကြတာ ဖြစ်သလို တစ်ခါဝတ်ကြည့်ပြီး သင်နောက်ပိုင်း ဒီနည်းကို အကြိုက်တွေ့သွားပါလိမ့်မယ်။
Ref:shefinds
Trend Myanmar
Post a Comment