လှပတဲ့ဇနီးနှစ်ယောက်ကို ပျော်ရွှင်အောင်ထားနိုင်တဲ့ အမျိုးသားရဲ့လျို့ဝှက်ချက်
ဇနီးနှစ်ယောက်ရဲ့ ခင်ပွန်းသည်အဖြစ် အိမ်ထောင်မှု တစ်ခုကို နိုင်နင်းစွာ ထိန်းကြောင်းနေတဲ့ အသက် (၄၂) နှစ်အရွယ် Manop Nuttayothin ဟာ သူ့မှာ ဇနီးချောချောလေး နှစ်ယောက်ကို ပိုင်ဆိုင်ထားရလို့ ဂုဏ်ယူနေသလို၊ ဇနီးနှစ်ယောက် စလုံးကိုလည်း တူညီတဲ့ အချစ်တွေနဲ့ ချစ်ခင်ကြောင်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဗယ်လင်တိုင်းနေ့က ဇနီးတစ်ယောက် ဖြစ်တဲ့ အသက် (၃၂)နှစ် အရွယ် Warissara Poksrichan ဟာ သူမရဲ့ ခင်ပွန်းသည်နဲ့အတူ ဒုတိယဇနီးပါ ပါဝင်တဲ့ ဓာတ်ပုံတစ်ခုကို လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါတယ်။ အဆိုပါ ဓာတ်ပုံဟာ လူမှုကွန်ယက်မှာ လူကြိုက်များခဲ့ပြီး၊ ကာယကံရှင် အမျိုသားကို ပုရိသတစ်ဝန်းက အားကျနေကြပါတယ်။
Warissara က ” သူများတွေကတော့ Facebook ပေါ်မှာ သူတို့ ခင်ပွန်းတွေကို ကြွားကြတယ်ပေါ့ … ဟုတ်ပါပြီ။ ကျွန်မခင်ပွန်းကတော့ မိန်းမနှစ်ယောက် ရှိပါတယ် “လို့ ရေးသားခဲ့ပါတယ်။ ဒီဓာတ်ပုံကြောင့်ပဲ Manop တို့ အိမ်ထောင်ရေးကို လူတွေက စိတ်ဝင်စားခဲ့ကြပါတယ်။
Coconut သတင်း Web မှာတော့ Manop ဟာ အမျိုးသားတိုင်း မက်မောခဲ့ကြတဲ့ အိပ်မက်ကြီးကို အကောင်အထည်ဖော်နိုင်ခဲ့တာလို့ မြှောက်ပေးခဲ့ကြပါသေးတယ်။ ဒီနောက်မှာတော့ Manop ကို သတင်းစာတွေက သွားရောက်စုံစမ်းတဲ့အခါ သူက သူရဲ့ဇနီးတွေဟာ အလွန်ပျော်ရွှင်နေကြပြီး၊ အိမ်မှုကိစ္စတွေကို အတူတူ သဟဇာတမျှတစွာ လုပ်ကိုင်နေကြတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် သူရဲ့ လျှို့ဝှက်ချက်ကို ထုတ်ဖော်ပြောဆိုရာမှာ တကယ်တော့ သူ့မှာ ဇနီး (၃) ယောက် ရှိကြောင်း ပထမဇနီးက အိမ်ထောင်သက် အနည်းငယ် အကြာမှာ သေဆုံးသွားခဲ့တာ ဖြစ်ကြောင်း၊ ယင်းနောက် Warissara နဲ့ အိမ်ထောင်ထပ်မံ ပြုခဲ့ပြီး၊ ဆယ်စုနှစ်ကြာတဲ့အခါမှာ Nattaya အမည်ရ အမျိုးသမီးနဲ့လည်း မေတ္တာမျှခဲ့ကြောင်း ဆိုပါတယ်။
ယင်းနောက် တတိယ ဇနီးအဖြစ် Nattaya Tongpan ကို ထပ်မံ လက်ထပ်ခဲ့ပြီး၊ သူမမှာ အသက် (၂၆)နှစ်သာ ရှိပါသေးတယ်။ Manop မှာ ဇနီးသုံးယောက် ရှိတဲ့အနက် ဇနီး တစ်ယောက်ချင်းစီနဲ့ ကလေး (၃) ဦးစီ ရယူနိုင်ခဲ့ပြီး၊ အခုဆို ကလေး(၉)ယောက်၊ ဇနီးနှစ်ယောက်နဲ့ အလွန်စည်ကားတဲ့ အိမ်ထောင်စုကြီး ဖြစ်နေပြီလို့ ဆိုပါတယ်။
ဇနီးနှစ်ယောက်စလုံးမှာ ရင်သား ခွဲစိတ်မှုကိုလည်း ခံယူထားကြပြီး၊ ခင်ပွန်းသည် အချစ်မငြီးစေဖို့ သူတို့တစ်တွေဟာ အပျိုမလေးတွေလို လှလှပပ ပြင်ဆင်ခြယ်သကြလေ့ ရှိပါတယ်။ အိမ်ထဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် မနာလို တိုက်ခိုက်တာတွေ မရှိဘဲ၊ တစ်ခါတလေ စနောက်တာလွန်လို့ စကားများရတာ မျိုးလောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ သူတို့ လင်မယား သုံးဦးစလုံးဟာ ဘာလုပ်လုပ်၊ ဘယ်သွားသွား၊ ဘာကိုပဲ စားစား အတူတူ ဝေမျှစားကြတယ် လို့လည်း ဆိုပါတယ်။
နတ်စည်တော် (Shwemom)
source : worldofbuzz.com
Post a Comment