``ချစ်တယ်´´ ဆိုတဲ့စကားကို ခုတုံးလုပ်ဖို့ အချစ်ဟာ စိတ်ပန်းဖြေရာ နေရာလေးမဟုတ်ပါ
ကမ္ဘာပေါ်မှာ ရှိသမျှ အသည်းခွဲသမားများ ခေတ္တ ခဏလောက် နားဆင်လှည့်ပါ
``ချစ်တယ်´´ ဆိုတာကို ခုတုံးလုပ်ပြီး အချစ်ဟာ စိတ်ပန်းဖြေရာ နေရာလေးတစ်ခု မဟုတ်ပါ
ဘဝနဲ့ ရင်းပီး ချစ်မိကြသူတိုင်းဟာ အချစ်ကို ``တန်ဖိုး´´တစ်ခုဟု ယူဆထားခြင်း ဖြစ်ပါတယ်
နှလုံးသား ရှိသူတိုင်း နားလည်စေချင်တယ်။ ခံစားချက် ရှိသူတိုင်း မျက်ရည်နှင့်မျက်ခွက် ဖြစ်တတ်ပါတယ်
အပျော်သက်သက်နဲ့တော့ အချစ်ကို ဇယ်တောက်တမ်း မကစားပါနဲ့
စစ်မှန်တဲ့အချစ်ကို ပိုင်ဆိုင်ထားသူတိုင်း နာကျင်ရလွန်းလို့ပါ
နာကျင်မှုကို ထပ်ဆင့် မရက်စက်လိုက်ပါနဲ့.. နာကြည်းမိသွားရင် တုံ့ပြန်မှုတွေအထိ အဆင့်တက် သွားလိမ့်မယ်
အသည်းခွဲရက်သူ အတွက်လည်း မကောင်းသလို အသည်းခွဲခံရသူ အတွက်လည်း မကောင်းပါဘူး
ဝဋ်ဆိုတာ လည်နေစမြဲမို့ ကြုံဖူးသူတိုင်း နားလည်နေပါလိမ့်မယ်
တစ်ပါးသူကို လှည့်စားပြီးမှ မိမိအတွက် ကြည်နူးစရာ ဖြစ်လိမ့်မယ် ဆိုရင်တော့
အမုန်း အာဃာတတွေ များပြားနေတဲ့အခါ မိမိအတွက်လည်း နောက်ကျော မလုံစရာတွေ ဖြစ်နေ ပျက်နေပါလိမ့်မယ်
အတတ်နိုင်ဆုံးတော့ စာနာကြည့်ပေးပါ.. မာယာ မများမိဖို့ ရှောင်ကျဉ်ပေးပါ
အချစ်ကြောင့် ဒဏ်ရာ ဒဏ်ချက် ဖြစ်နေသူတွေ ကိုယ်စား မေတ္တာရပ်ခံလိုက်ပါတယ်
မိမိ အလှည့်ကျရင် မျက်ရည် မကျမိပါစေနဲ့လို့ ဆုတောင်းပေး လိုက်ပါတယ်...
Credit to original

Post a Comment