ဒိုးနတ်စားစဉ် ခရင်ထဲက ကွန်ဒုံးကိုက်မိခဲ့တဲ့ အမျိုးသမီး
မက္ကဆီကို အမျိုးသမီး တစ်ဦးဟာ ဒိုးနတ်မုန့် ၀ယ်စားနေစဉ် ခရင်ထဲမှာ ကွန်ဒုံးကို ကိုက်မိခဲ့ပြီး အံ့သြတုန်လှုပ် ခဲ့ရကာ ဒိုးနတ် မုန့်ဆိုင်နဲ့ ၀န်ထမ်းတွေကို အင်တာနက်မှာ ဝေဖန်တိုက်ခိုက်ခဲ့ပါတယ်။ America Lea လို့ခေါ်တဲ့ မက္ကဆီကို အမျိုးသမီးဟာ Baja California del Sur ပြည်နယ်ရှိ ဆိုရီရာနိုမာကိုဒို စတိုးဆိုင်မှာ အဆိုပါ ဒိုးနတ်မုန့် တွေကို ၀ယ်စားခဲ့တာဖြစ်ပါတယ်။
America Lea ဟာ မုန့်တွေကို စားတဲ့အခါမှာတော့ ဒိုးနတ်မုန်ရဲ့ အလယ်ခရင်ထဲမှာ လိင်ကိစ္စ ပြုလုပ်ရာမှာအသုံးပြုတဲ့ ကွန်ဒုံးကို ကိုက်မိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ အလွန်ဒေါသထွက်ခဲ့ပြီး ဆိုရီရာနိုမာဒိုကို စတိုးဆိုင် ကိုလည်း သွားရောက် ပြစ်တင်ခဲ့ပါတယ်။
ဒါ့အပြင် သူမက အင်တာနက်မှာလည်း “ကျွန်မအထင်တော့ ဒိုးနတ်မုန့်လုပ်တဲ့နေရာမှာ အလုပ်သမားနှစ်ဦး Sexပြုလုပ် ရင်း ခရင်ထဲမှာ ပါလာတာလို့ ထင်ပါတယ်။ ဆိုရီရာနိုမာကိုဒိုလို နာမည်ကြီး မုန့်ဆိုင်အနေနဲ့ ဒီလို မဖြစ်သင့်ပါဘူး။ ဒါဟာ တကယ့်ကိုပဲ စားသုံးသူတွေကို စော်ကားတာဖြစ်ပါတယ်။ သူတို့အနေနဲ့ ကျွန်မကို နစ်နာတဲ့အနေနဲ့ ကိတ်မုန့်လက်ဆောင် ပြန်ပေးခဲ့ပေမယ့် ကျွန်မ လုံးဝမကျေနပ်ပါဘူး” လို့ ဝေဖန်ခဲ့ပါတယ်။
ဆိုရီရာနိုမာကိုဒိုလို မုန့်ကုမ္ပဏီဟာ မက္ကဆီကို ပြည်တွင်းမှာ အလွန် နာမည်ကြီးတဲ့ မုန့်ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။ America Lea ဟာ ဒိုးနတ်မုန့်ထဲမှာ ကွန်ဒုံးတွေ့ခဲ့တဲ့ကိစ္စကို လက်ခွဲဆိုင်ကို သွားရောက်ဖြေရှင်းခဲ့ပေမယ့် ဆိုင်တာဝန် ခံတွေက တောင်းပန်ခဲ့ပြီး သူမက ကိတ်မုန့်လက်ဆောင် ပြန်ပေးခဲ့ပါတယ်။ ဒါ့အပြင် သူတို့အနေနဲ့ အလုပ်သမားတွေကို စုံစမ်းစစ်ဆေးပြီး အပြစ်ပေးသွားမယ်လို့ ဆိုင်တာဝန်ရှိသူ တစ်ဦးက ပြောခဲ့ပါတယ်။
M2T (Shwemom)
Source ; thesun.co.uk
Post a Comment