Header Ads

တစ်သက်လုံးစိတ်ချမ်းသာချင်ရင် ဒီ (၅) ချက်ကို လိုက်နာပါ


စိတ်​ညစ်​စရာ​တွေ ရှိတိုင်း နာကျင်​စရာ​တွေ တွေ့တိုင်းသာ... ဒီကမ္ဘာမှာ အသက်​မရှင်​ရ​ကြေးဆို လူတွေ မျိုးတုန်းသွားတာ  ကြာပြီ... တစ်သက်လုံး စိတ်ချမ်းသာချင်လျှင်...

၁။ ဘယ်သူ့ကိုမှ အယုံကြည်မလွန်မိပါစေနဲ့
~~~~~~~~~~~~~~~~~~~~~
အယုံလွန်တဲ့အခါ ကိုယ့်ဘဝကို ဖျက်ဆီးတတ်သလို နောင်တစ်ချိန် မျက်ရည် နဲ့ပဲ ဘဝကို ဖြတ်သန်းရလိမ့်မယ်

၂။ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ စေတနာ မထားမိပါစေနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~
စေတနာလွန်တဲ့အခါ ကျွန်ဖြစ်တတ်တယ်၊ " သဒ္ဓါလွန်တော့ တဏှာကျွန်တယ်"ဆိုတဲ့ စကားပုံတစ်ခုလဲ ရှိတယ်မဟုတ်လား။ စေတနာကို အသိအမှတ်ပြုရင် ဝမ်းမြောက်ဖွယ် ဖြစ်ပေမယ့်... စေတနာကနေ အထင်လွဲလို့ ဝေဒနာ ဖြစ်သွားရင် ကိုယ်ရော သူပါ စိတ်ဆင်းရဲရတတ်တယ်။ ကိုယ်က မြင့်စေချင်လို့ မြှင့်ပေးပေမယ့် နိမ့်ချင်လို့ ချောက်ထဲခုန်ချတဲ့ သူတွေလဲ လောကမှာရှိတယ်။ လူတိုင်းနဲ့ သင့်တော်တဲ့စေတနာမျိုးသာ ထားတတ်ဖို့လိုတယ်။

၃။ ဘယ်သူ့ကိုမှ ကိုယ့်လိုစိတ် ရှိတယ်လို့မထင်လိုက်နဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~
တချို့ ကိစ္စတွေမှာ ကိုယ့် စိတ်နဲ့ နှိုင်းပြီး သူတစ်ပါးလဲ ကိုယ့်လိုပဲတွေးမယ် ခံစားလုပ်ဆောင်မယ်လို့ မထင်လိုက်ပါနဲ့။ ကိုယ်ကကိုယ် သူကသူပါပဲ။

၎။ ဘယ်သူ့ကိုမှ ပိုလွန်တဲ့ ချစ်ခြင်းတရား မထားမိစေနဲ့
~~~~~~~~~~~~~~~~~~~~~~~~~~~
ချစ်ခြင်းဟာ အသိအမှတ်ပြုခြင်း ခံရရင် ပျော်ရွှင်စရာ ကောင်းပေမယ့် အသိအမှတ်ပြုခြင်း မခံရရင် စိတ်သောကကို ဖြစ်စေတယ်။ ပိုချစ်လေလေ ပို ခံစားရလေလေ မဟုတ်လား။ လောကမှာ ချစ်ခြင်းမှန်သမျှ ငိုကြွေးခြင်းနဲ့သာ အဆုံးသတ်လေ့ရှိတယ်။

၅။ ဘယ်သူ့ကိုမှ မမုန်းမိစေနဲ့
~~~~~~~~~~~~~~
မုန်းတီးခြင်းဟာ ငြိမ်းချမ်းတဲ့စိတ်ကို ပျက်စီးစေတတ်တယ်။ ချစ်ခြင်း မုန်းခြင်းဟာ အစွန်းရောက်ရင် တည်ငြိမ်အေးချမ်းတဲ့ဘဝကို ဘယ်တော့မှ မရနိုင်ဘူး။

credit to original

No comments

Powered by Blogger.