Header Ads

အိမ်​​ထောင်​ပြု​တော့မယ်​ဆိုရင် စဉ်းစားရမယ့်အချက်များ​ 💑


အိမ်ထောင် ပြုတယ် ဆိုတာ မင်္ဂလာ ဆောင်ပီးရင် ပီးသွားတာ မဟုတ်ဘူး.. အိမ်ထောင် ပြုမယ် ဆိုရင် အောက်က အချက်တွေကို အရင်ဆုံး စဉ်းစားပါ။

(1) ပုံမှန် ငွေဝင်လမ်း တခုခု ရှိနေပီလား ??? (စီးပွားရေး)

စီးပွားရေး တစ်ခု မရှိဘဲ ဘယ် အိမ်ထောင်မှ တည်ဆောက်လို့ မရဘူးး စီးပွားရေး ရှိတာတောင် စားဝတ် နေရေး မပြေလည် ကြတဲ့ အိမ်ထောင်သည်တွေ ထုနဲ့ဒေး ရှိနေကြတာ ။ ဘာဝင်ငွေ ဘာစီးပွားရေးမှ မရှိဘဲ နဲ့တော့ အိမ်ထောင်ပြုဖို့ မစဉ်းစား ပါသေးနဲ့အုံး ။

(2) ကိုယ် လက်တွဲမယ့် သူကို အရာရာတိုင်း ခွင့်လွှတ် သည်းခံနိုင် ပီလား ?

ကိုယ်လက်တွဲမယ့် သူက ခြောက်ပစ်ကင်း သဲလဲစင် ဆိုတာတော့ ရှိချင်မှ ရှိမယ်။ သူရဲ့ အတိတ်ဆိုး တွေပဲ ဖြစ်ဖြစ် နောက်ဖြစ်လာမယ့် ပြသနာတွေပဲ ဖြစ်ဖြစ် ဘယ်လောက်ထိ နားလည် ပေးနိုင်ပီလဲ ။ ဘယ်လောက်ထိ ရော နားလည် ပေးနိုင် သလဲ ။ သူရဲ့ အကျိုး အကြောင်း အဆိုး အကောင်း အားလုံးကို လက်ခံနိုင် ပီလား များသော အားဖြင့် ဒီမေးခွန်းက မွှန်နေတဲ့ အချိန် မှာတော့ လက်ခံ နိုင်တယ်ပဲ ဖြေကြမှာပဲ ။ ဒါ​ပေမယ့် သေသေ ချာချာ စဉ်းစားပါ ။


(3) အိမ်ထောင် မပြုခင် အရင်ဆုံး Plan ချ ထားပါ။

စီးပွားရေး ၊ အိမ်ထောင်ရေး ၊ သားသမီး ရေး အားလုံးကို မျှတအောင် ဆောင်ရွက် နိုင်ပီလား ။ ပြီးတော့ အိမ်ထောင် တခုကိုရော ခိုင်မြဲအောင် ထိန်းသိမ်းနိုင် ပီလား ? အာ့ဒေ အားလုံး ပြည့်စုံ ရင်တော့ ( ၇၅% သာယာတဲ့ ) အိမ်ထောင် တခုကို တည်ဆောက်နိုင် ပါပီ။


💑
Credit _ Heinthura

No comments

Powered by Blogger.