Header Ads

ချစ်သူကို စိတ်မကောက်ပါနဲ့ ဆိုပီး ချော့လိုက်တဲ့ ယွန်း


ပရိသတ် အချစ်တော် ယွန်းကတော့ သူမရဲ့ ချစ်သူကို ထုတ်ဖော် ပြသခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လူကြိုက် အများဆုံး အစီအစဉ် တစ်ခုဖြစ်တဲ့ မြန်မာအိုင်ဒေါကို ပရိသတ်ကြီး သတိရဦးမယ် ထင်ပါတယ်။




မြန်မာအိုင်ဒေါ season 2 ရဲ့ စန်ကာတင် စာရင်းမှာ ပါဝင်တဲ့ သူမဟာ အသံခပ်မိုက်မိုက်နဲ့ ပရိသတ်ကို ဖမ်းစားခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။ စိတ်ထားလေး ကောင်းပြီး ကလေးတစ်ယောက်လို ဖြူစင်တာကြောင့် ပရိသတ်ရဲ့ အချစ်တော် ဖြစ်ခဲ့ရသူဆိုလည်း မမှားပါဘူး။



သူမကိုချစ်တဲ့ ပရိသတ်ပေါင်းများစွာ ရှိပါတယ်။ အခုချိန်မှာတော့ ချစ်သူနဲ့ Facebook ပေါ်မှာ RS ချိတ်ခဲ့ပီး ပျော်ရွှင်စွာနဲ့ ဘဝကို ဖြတ်သန်းနေပါတယ်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း သူမကို စိတ်ကောက်နေတဲ့ ချစ်သူကို စိတ်မကောက်ပါနဲ့ ဆိုပီး ချော့ခဲ့တာကို Facebook ပေါ်မှာ တွေ့မြင်ခဲ့ရပါတယ်။ 




ခုချိန်မှာတော့ သူမရဲ့ ချစ်သူနဲ့ ပျော်ရွှင်နေတဲ့ စုံတွဲပုံလေးတွေကို ပရိတ်သတ်ကို ချပြခဲ့ပါတယ်။ နှစ်ဦးသား  လိုက်ဖက်ပီး အရမ်းကိုချစ်စရာ ကောင်းနေတယ် မဟုတ်လား ပရိတ်သတ်ကြီး..




ချစ်စရာကောင်းတဲ့ သူမရဲ့ အနုပညာ လှုပ်ရှားမှုတွေကတော့ နယ်ရှိုးပွဲတွေမှာ သူမရဲ့ အနုပညာ မောင်နှမတွေဖြစ်တဲ့ season 2 က အဆိုရှင်တွေနဲ့အတူ လိုက်လံဖျော်ဖြေနေတာ ဖြစ်ပါတယ်။



source yoon
Loveအတိုအစလေးများ

No comments

Powered by Blogger.