Header Ads

ချမ်းသာတဲ့ယောင်္ကျားကို ပိုင်ဆိုင်ချင်ရင် သင့်မှာ ဒီအချက်တွေ ရှိဖို့လိုပါတယ်


ချမ်းသာကြွယ်ဝတဲ့ လင်ယောင်္ကျားကို ပိုင်ဆိုင်ချင်ရင် ဒီလိုအချက်တွေ ရှိဖို့ပဲ လိုပါတယ်။

ခွဲထွက်ပါ

မြင်တွေ့ နေကျ အခြား သာမန် မိန်းမ အမျိုးအစား အဖြစ်မှ ပြောင်းလဲလိုက်ပါ။ တစ်နေကုန် ဈေးဝယ်ထွက်နေရလျှင် ပျော်ရွှင်နေသည့်ပုံစံ မဖြစ်သင့် ။ အဘယ့်ကြောင့်နည်း မိမိသည် သုံးဖြုန်းတတ်သော အပျော်ကြူးသူ မစေ့စပ်မသေချာသူ အဖြစ်မခံပါနှင့် ။ သမရိုးကျသော အဖွဲအစည်းမှ သီးခြား ခွဲထွက်လိုက်ပါ ။ အခြားသူနှင့်ကွဲထွက်သော အမူအကျင့် အပြုအမူ တစ်ခုပင်လျှင် ရာသက်ပန် အိမ်ထောင်ဖက် အဖြစ် မြင်စေနိုင်ပါသည် ။

မိမိကိုယ်ကို တန်ဖိုးမြှင့်တင်ပါ

မိမိသည် မည်သူမည်ဝါ ဖြစ်နေပါစေ ၊ မိမိကိုယ်ကို တန်ဖိုးထား တတ်ပါစေ။ အမျိုးသားများသည် မိမိကိုယ်ကို တန်ဖိုးထားသော အမျိုးသမီးများအား အထင်ကြီး လေးစားနှစ်သက် တတ်ကြလေသည် ။ မိမိကိုယ်မိမိ ထိန်းကျောင်း ပြုပြင်နိုင်သော အရည်အချင်းသည်ပင် နှစ်လိုဖွယ် ကောင်းစေပါသည်။ ဤအချက်က ချမ်းသာသော အမျိုးသား တစ်ယောက်၏ အဓိကထား ရွေးချယ်ခံနိုင်သော အချက်ပင် ဖြစ်သည်။

ကိုယ်ရည်သွေးပါ

လူတစ်ဦးစီ၌ ကိုယ်ရည် ကိုယ်သွေး တစ်မျိုးစီ ပိုင်ဆိုင်ပြီးသား ဖြစ်သည်။ ထုံထိုင်းသော ပုံစံမှ ခွဲထွက်နိုင်အောင်ကြိုးစားပြီး ဆွဲဆောင်မှုရှိသော ၊ လှပသော အရည်အချင်းကို ထုတ်ဖော်နိုင်အောင် ကြိုးစားသင့်သည်။ အချက်အပြုတ် ၊ ပန်းချီ ၊ ဂီတ စသဖြင့် မိမိ တတ်ကျွမ်းသော ကိုယ်ရည်ကိုယ်သွေးအား အဆင့်မြှင့်ထားပါ ။

ရည်မှန်းချက်ထားပါ

လူချမ်းသာ အများစုသည် မိမိဘ၀၌ ဘာဖြစ်လာရမည် ဟူသော ရည်မှန်းချက် ရှိကြစမြဲပင် ။ မိမိ၏ အိမ်ထောင်ဖက်ကို လည်း ၄င်းလိုပင် ရည်မှန်းချက်ထားသူ ဖြစ်စေလိုကြသည် ။ ၄င်းနှင့် နီးကပ်စွာ ထပ်တူကျသော အတွေးအခေါ် ရည်မှန်းချက်ကို လေးစားမည် ဖြစ်သည် ။ မိမိသည် တစ်ခြားသူအား ဆွဲဆောင်နိုင်လောက်သော ရည်မှန်းချက်နှင့် အရည်အချင်း ရှိနေလျှင် ချမ်းသာသော အိမ်ထောင်ဖက်အား ပိုင်ဆိုင်ခွင့် ရရှိနိုင်လိမ့်မည်။


ပညာတတ်ဖြစ်အောင် ကြိုးစားပါ ၊ ထက်မြက်နေပါစေ

ထုံအသော အမျိုးသမီး တစ်ယောက်အား မည့်သည် လူချမ်းသာမှ အိမ်ထောင်ဖက်အဖြစ် ရွေးချယ်လိမ့်မည်မဟုတ်ပါ ။ ချမ်းသာသော အမျိုးသား တစ်ဦးအား ပိုင်ဆိုင်လိုလျှင် ပညာရပ်များကို သင်ယူ တတ်မြောက် ထားသင့်သည် ။ ချမ်းသာသော အမျိုးသားများသည် စမတ်ကျပြီး ညဏ်ရည် ထက်မြက်သော အမျိုးသမီးများအား အလေးအနက်ထား ရွေးချယ်လိမ့်မည် ။ ချမ်းသာသော အမျိုးသား တစ်ဦးအား ပိုင်ဆိုင်နိုင်ရန် ရည်မှန်းချက်ရှိပါက အရည်အချင်း ပြည်ဝအောင် သက်ဆိုင်ရာ ပညာရပ်အား ကြိုးစား သင်ယူသင့်ပါသည်။

အနုပညာဆန်ပါ

စာပေ ၊ ရုပ်ရှင် ၊ တေးဂီတ စသဖြင့် အနုပညာရပ် တစ်ခုခုအား လေ့လာထားသင့်ပါသည် ။ အကြောင်းမှာ ချမ်းသာသော အမျိုးသားများသည် ဤသို့သော အနုပညာရပ်ဝန်းနှင့် မကင်းသူများ ၊ ကိုယ်တိုင်နှစ်သက် တတ်သူများ ဖြစ်သည် ။ မိမိ စိတ်ဝင်စားသော ၊ မိမိနှင့် သင့်တော်သော အကြောင်းအရာအား ရွေးချယ်၍ အနုပညာဆန်စွာ နေထိုင်ပါ ။


နေရာယူတတ်ပါစေ

လူချမ်းသာများ စုဝေးတတ်သော ကလပ်များ ၊ နေအိမ်၌ ပြုလုပ်သော ပါတီများ၊ အခမ်းအနားများ ကို မျက်ခြည် မပြတ်ပါစေနှင့်။ ၄င်းတို့ ကျက်စားတတ်သော စားသောက်ဆိုင် ကဲ့သို့သော နေရာများကို သိရှိထားရမည် ။ နှစ်လိုဖွယ်ဖြစ်သော အလားအလာရှိသော သူအား ရိုးသားစွာ ချဉ်းကပ်ပါ ။ လေလံပွဲများ ပရဟိတ လုပ်ငန်း အဖွဲ့အစည်းများ နှင့် ပူးပေါင်းပါဝင် လှုပ်ရှားပါ။


ဝင်ဆန့် ပါ

ချမ်းသာ ကြွယ်ဝသော အပေါင်းအသင်းများအား သူငယ်ချင်း မိတ်ဆွေဖွဲ့တတ်ပါစေ ။ စစ်မှန်သော အမျိုးသားနှင့်တွေ့ ဆုံပါက တစ်ဦးနှင့်တစ်ဦး နားလည်မှု ဖလှယ်ကာ ချစ်ခင်နှစ်သက်ပါက နှစ်ဦးသား လက်ထပ် ပေါင်းသင်းနိုင်မည် ဖြစ်သည် ။ မိမိ၏ သူငယ်ချင်း မိတ်ဆွေမှ တဆင့် ၄င်းတို့၏ ဆွေမျိုး သို့ မဟုတ် အသိအကျွမ်း နှင့် ဆုံစည်းနိုင်ရန် အကူအညီကောင်းများလည်း ရနိုင်ပါသည် ။ ဤအချက်သည်လည်း ထိရောက်သော နည်းလမ်းဖြစ်သည် ။

အချစ် ပါပါစေ

မည်သို့ ပင် ရည်မှန်းချက် ပန်းတိုင်ထားပြီး အိမ်ထောင်ဖက် ရွေးချယ်ကာမူ တစ်ဦးအပေါ် တစ်ဦး နားလည်မှု နှင့်အတူ အိမ်ထောင်ရေး ခိုင်မြဲစေဖို့  အရေးကြီးဆုံးမှာ ချစ်ခြင်းမေတ္တာ၏ တန်ခိုး ဖြစ်သည်။ မိမိအား အလေးထား ရွေးချယ်စေလိုလျှင် အခြားသူအား လေးစားတန်ဖိုးထား တတ်ရန် သင်ယူပါ ။

Ref _ styles at life
Credit: buzzy

No comments

Powered by Blogger.