Header Ads

❤ သင့်ဖူးစာရှင် မှန်မမှန် တွက်ကြည့်ရအောင် ❤


--------------------------
ကိုယ့်ချစ်သူက သင့်ရဲ့ဖူးစာရှင် ဟုတ်မဟုတ် မသိချင်ကြဘူးလား၊ နည်းကတော့ လွယ်လွယ်လေးပါ။ သင်ရယ်၊ သင့်ရဲ့ ချစ်သူမွေးနေ့သက္ကရာဇ် အားလုံးပေါင်းကြည့်၊ နောက်ဆုံး ရလာတဲ့ ကိန်းတစ်လုံးက အဖြေပေါ့။ကဲ အစမ်းလေး လုပ်ကြည့်ရအောင်။ သင်က ၁၃. ၁. ၁၉၉၁ သင့်ချစ်သူက ၄. ၄. ၁၉၉ဝ ဆိုပါစို့။

သင့်မွေးနေ့ + သင့်ချစ်သူမွေးနေ့ = အဖြေ
၁၃ + ၁ + ၁၉၉၁ + ၄ + ၄ + ၁၉၉ဝ = ၄၀၀၃

မွေးနေ့ ၂ခု ပေါင်းထားတဲ့ အဖြေ
၎ + ၀ + ၀ + ၃ = ၇
အဖြေက ၇ ပေါ့။

ရှင်းပြီနော်။ ကဲ.. တွက်ကြည့်ကြရအောင်...

အဖြေ- ၁

(၁) ရတဲ့သူကတော့ သင်ဟာ သူ့ကို အသက်ပေးနိုင်လောက်အောင် ချစ်ပေမယ့် သူ့အတွက်ကတော့ ရည်းစားဟောင်းက ပစ်သွားလို့ အသဲကွဲပြီး ခဏလာနားတဲ့ Bus ကားမှတ်တိုင်လို ဖြစ်နေတာပါ။ သင်နဲ့အတူနေတဲ့အချိန်မှာ သူဟာ ပျော်ရွှင်နေပေမယ့် အဲဒီပျော်ရွှင်ခြင်းက ဟိုမရောက် ဒီမရောက်နဲ့ ဖြစ်နေတတ်တယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပွေရှုပ်တတ်တဲ့ သူ့အကျင့်က သင့်ထက်သာမယ့် သူကို အမြဲတမ်း ရှာဖွေနေလို့ပဲဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ် ဖြစ်ဖို့ အခွင့်အလမ်းဟာ မျောက်တစ်ကောင် သစ်ပင်ပေါ်က ပြုတ်ကျတာနဲ့ အတူတူလို ဖြစ်နေတာပါ။ နောင် Bus ကားအသစ်ဟာ သူ့ဆီ ဆိုက်ကပ်လာခဲ့ရင် သူတစ်ခါတည်း ပြေးတက်သွားဖို့ ဝန်လေးမှာ မဟုတ်သလို သင့်ကို ဘယ်လိုဖြစ်ပြီး ကျန်ခဲ့မှာလဲဆိုပြီး ခေါင်းပြန်စောင်းငဲ့ဖို့တောင် အချိန်ရှိမှာ မဟုတ်ဘူး။


အဖြေ- ၂

(၂) ရတဲ့သူကတော့ သင်နဲ့သူဟာ ချစ်တော့ ချစ်ကြပါတယ်။ ဒါပေမယ့် မုန်းတီးမှုနဲ့ ပေါက်ဖွားလာတဲ့ ချစ်ခြင်းဖြစ်တယ်။ တူတူနေခဲ့ရင်လည်း လက်ဝှေ့ပွဲကို ကြည့်နေရသလို နေ့စဉ်ထသတ်မှာ အမှန်ပါပဲ။ အကျင့်တွေကလည်း တစ်ယောက်နဲ့ တစ်ယောက် မတူကြပါဘူး။ တစ်ယောက်ပျင်းလာရင် ကျန်တဲ့ တစ်ယောက်ကလည်း အလျှော့ပေးမှာ မဟုတ်ဘူး။ ဒါတောင်မှ သင်တို့မှာ သုံးပွင့်ဆိုင် မရှိသေးဘူးနော်။ တစ်နေ့ကျရင် သူက ခဏဝေးဝေးလောက် နေကြည့်ကြရအောင် လို့ ပြောလာခဲ့ရင် သင်သူ့ကို နားလည်ပေးလိုက်ပါ။ သူကသင့်ကို မချစ်တာ မဟုတ်ပါဘူး။ တစ်ယောက်ကို တစ်ယောက် နားလည်နိုင်တဲ့ အချိန်တစ်ခုလောက်တော့ ထားပေးလိုက်ကြပေါ့နော့...


အဖြေ- ၃

(၃) ရတဲ့သူက Yahoo! နောက်ဆုံးတော့လည်း သင်က အစစ်အမှန်ကိုတွေ့တာပဲလေ။ သင်တို့နှစ်ယောက်ရဲ့တွေ့ဆုံခြင်းဟာ ရေစက်လို့ ခေါ်လို့ရတယ်။ ဘာပဲဖြစ်ဖြစ် တူညီနေတာပဲ။ အကျင့်၊ အကြိုက်၊ ညစ်ပတ်ခြင်း၊ ပေါခြင်း၊ အရူး ထခြင်းတွေပေါ့။ ဒါကြောင့် သူ့ကို တွေ့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကို မှန်ကြည့်နေရသလိုပဲ။ သင်တို့အချစ်ဟာ ဘာအရသာမှ မရှိပေမယ့် ခိုင်မြဲမှုရှိတာတော့ အမှန်ပဲလေ။ ကြည့်လိုက်တာနဲ့ နှလုံးသားထိ မြင်ရတယ် ဆိုတာပေါ့။ အဲ.. တစ်ခုတော့ ရှိတယ်။ သင်သတိထားရမှာက ကိုယ့်စိတ်ကိုယ်ပဲ၊ သင့်အတွက်သူဟာ ငြီးငွေ့စရာ ကောင်းနေတယ်။ ဒါကြောင့် သင်ဟာ ဒီထက်ပိုကောင်းတဲ့ အချစ်တွေကို ရှာဖွေနေတယ်။ နောက်ဆုံးတော့လည်း ဘယ်လူမှ သင့်ရဲ့ အခုလိုအရသာ မရှိတဲ့ ပေါရွှတ်ရွှတ် လူထက်ပိုပြီး ကောင်းမှာမဟုတ်ဘူး ဆိုတာ သင်သိလိမ့်မယ်။ မသိနိုင်ဘူးလေ။ အဲဒီအချိန် ရောက်ခဲ့ရင် နှောင်းချင်လည်း နှောင်းသွားမှာပေါ့။


အဖြေ- ၎

(၄) ရတဲ့သူက သင်နဲ့သူ့ရဲ့ အချစ်ဟာ စေးကပ်ကပ်ကြီးလို ဖြစ်နေတယ်။ ဘယ်လို ခွာခွာ ခွာလို့မရတဲ့ပုံစံ၊ ဘဝကို ဘယ်လို ဖြတ်သန်းရမှန်း မသိတဲ့ ပုံစံနဲ့ တူနေတယ်။ သင်ကလည်း အိနြေ္ဒရှင် ပီသစွာနဲ့ သူ့ကိုချစ်တယ်လို့ ဖွင့်ပြောဖို့မရဲဘူး ဖြစ်နေတယ်။ ဒါကြောင့် ဟိုဖက်ကိုလည်း မသွား၊ ဒီဖက်ကိုလည်း မရောက်ဖြစ်နေတာပေါ့။ အကောင်းဆုံးကတော့ သင်တို့နှစ်ယောက် ခေါင်းချင်းဆိုင်ပြီး ပြဿနာကို အတူတူ ဖြေရှင်းကြတာ အကောင်းဆုံးပဲလေ။ မဟုတ်ရင်တော့ သင်တို့ထဲက တစ်ယောက်မဟုတ် တစ်ယောက်ဟာ အသစ်တွေ့ပြီး သင်တို့ရဲ့ ဇာတ်လမ်းလေးက ဇာတ်သိမ်း သွားလိမ့်မယ်နော်။


အဖြေ- ၅

(၅) ရတဲ့သူက သင်နဲ့သူ့ရဲ့အချစ်က သွေးရဲရဲ သံရဲရဲ အချစ်ပေါ့။ ဘာဂိုဏ်း ညာဂိုဏ်းတွေ မာဖီးယားဂိုဏ်းတွေ လိုက်ရင်း အသက်လုပြီး ဖြစ်ပေါ်လာတဲ့ အချစ်စစ်။ သင်တို့ အချစ်လမ်းကြောင်းမှာ ဘယ်လောက်ပဲ အန္တရာယ်ရှိပေမယ့် သင်တို့က တစ်ယောက်နဲ့တစ်ယောက် နားလည်ပြီး နှလုံးသားအစစ်နဲ့ အမှန်ချစ်တာ ဖြစ်တယ်။ သင်တို့နှစ်ယောက်က ခုချိန်မှာ ချစ်သူအဆင့်တွေ မဟုတ်တော့ပါဘူး။ နှစ်လွှာပေါင်းမှ တစ်ရွက်ဆိုပြီး ဖြစ်နေကြပါပြီ။ အသက်ပေးပြီး ချစ်ကြတဲ့ သူတွေ အဆင့် ရောက်နေကြပါပြီ။ သင်ဟာသူ့ရဲ့ နောက်ဆုံးအချစ်မဟုတ်ဘူးလို့ မယုံသင်္ကာ မဖြစပါနဲ့။ ဘာလို့လဲဆိုတော့ သူဟာ ယုံကြည်နေပါပြီ။ သင်ဟာ ဘုရားက ပေးလာတဲ့ ဖူးစာရှင် အစစ်လို့....။


အဖြေ- ၆

(၆) ရတဲ့သူက ခုချိန်တွေမှာ ဘာစားစား သကြားထည့်ဖို့တောင် မလိုပါဘူး။ ဘာလို့လဲဆိုတော့ သင်တို့အချစ်ရဲ့ ချိုမြိန်ခြင်းက သကြားရဲ့အချိုဓာတ်ကိုတောင် ဝါးမြိုသွားလို့ ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီပျော်ရွှင်မှုဟာ မပြည့်စုံသေးဘူးလို့ သင်ခံစားရမယ်။ ရေမြောင်းပုပ်မှာ လရိပ်ကို မြင်ရသလိုပေါ့။ သင်ဟာ သင့်ချစ်သူနဲ့ ဒီလို အမှတ်တရ အချိန်လေးတွေကို ဘယ်လောက်ကြာကြာ ခံစားရဦးမလဲ ဆိုတာ မသေချာသေးဘူး။ သို့ပေမယ့်လည်း သင်ဟာ ခုချိန်မှာ အရမ်းပျော်နေတယ် လို့တော့ ပြောနိုင်တယ်လေ။ အကယ်လို့ သူ့ပြဿနာတစ်ခုခုရှိပြီး သင့်ကို မသိစေချင်ရင်လည်း သင်က ဘာမှ မသိသလိုနေမှာ အသေအချာပဲ။ သင်ဟာ သူ့ရဲ့နောက်ဆုံးအချစ် ဖြစ်ပြီလားလို့ မေးရရင်တော့ သင့်ရဲ့ အစွမ်းအစပေါ်မှာ မူတည်ပါတယ်။ ပြီးတော့ သူ့ရဲ့ ခိုင်မာမှုနဲ့လည်း ဆိုင်တယ်လေ။ သူ့ရဲ့ပြဿနာကို ဖြေရှင်းနိုင်ရဲ့လား ဆိုတာ...


အဖြေ- ၇

(၇) ရတဲ့သူက ဒီတစ်ယောက်က သင့်ကို အမြင်ရှင်းသွားအောင် လုပ်ပေးနိုင်စွမ်းရှိတယ်။ အနိမ့်စား လူတစ်ယောက်က ဘယ်လိုလဲဆိုတာပေါ့၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီသူနဲ့အတူ ပါလာတာက တစ်ကိုယ်ကောင်းဆန်စိတ်၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှု၊ အများကြီး အများကြီးပေါ့။ သင့်ကို တစ်ခုခု ကူညီလိုက်ရင် ကျေးဇူးအတင်ခံချင်တာက အရင်ပေါ့။ ကျေးဇူးမမေ့နဲ့၊ ကျေးဇူးမမေ့နဲ့ ဆိုတာ သူ့ပါးစပ်က ပြောလာတဲ့ စကားတွေပေါ့။ ပွေလည်းပွေတယ်။ ကပ်စေးလည်း နဲတယ်။ ဆိုးသော အရသာမျိုးစုံနဲ့ ပြည့်စုံနေတဲ့သူပေါ့။ သင်နဲ့ရည်းစား လာဖြစ်တာကလည်း အထွေအထူး မဟုတ်ပါဘူး။ super casanova ဆိုတဲ့ ဂုဏ်ထူးကြီးကြောင့်ပဲ ဖြစ်တယ်။ သင်ဟာ ရုပ်မရှိရင် အဲဒီတစ်ယောက်က သင့်ကို မျက်စောင်းလေးတောင် ထိုးကြည့်မှာ မဟုတ်ဘူး။ ပြီးတော့ သင်မသိသေးတဲ့ သူ့ရဲ့ အတွဲပေါင်းများစွာကိုလည်း ဂိုဒေါင်ကြီးထဲ ထည့်ထားရတဲ့အထိ၊ ဒါကြောင့် သူ့ရဲ့ နောက်ဆုံးအချစ် ဖြစ်ခွင့်ကတော့ လုံးဝမမျှော်လင့် မနေပါနဲ့တော့နော်။


အဖြေ- ၈

(၈) ရတဲ့သူက သူ့ရဲ့ နောက်ဆုံးအချစ်ဖြစ်ဖို့ အခွင့်အရေးဟာ ၅ဝ% = ၅ဝ% ပါပဲ။ သင်တို့အချစ်ဟာ ကြာပြီး အားလုံး နေရာကျနေပြီလေ။ တစ်ယောက်အကြောင်းကို တစ်ယောက် သိနေပြီလေ။ ဒါကြောင့် အတူနေတဲ့အချိန်ဆို စိတ်ချမ်းသာရတယ်။ အဲဒီ စိတ်ချမ်းသာတာက ချိုတာတွေ romatic တာတွေ မရှိတဲ့ ခံစားချက်၊ သဝန်တိုခြင်း၊ လိုချင်တပ်မက်မှု မရှိတဲ့အချစ် ဖြစ်နေပါတယ်။ ဒါကြောင့် သင်တို့အချစ်က သကြားပြတ်သွားတဲ့အချစ်နဲ့ တူတယ်လေ။ သင်တို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် သိကြမှာပါ။ တစ်ယောက်အပေါ်တစ်ယောက် ဘယ်လောက် နားလည်နိုင်စွမ်း ရှိတယ်ဆိုတာ သူ့အပြင်သင့်အပေါ်မှာ နောက်ထပ် နားလည်နိုင်မယ့် သူလည်း ရှာလို့တွေ့တော့မှာ မဟုတ်တော့ဘူးလေ...)


အဖြေ- ၉
(၉) ရတဲ့သူက အားရိုးရိုး...သင်တို့အချစ်ကို နှိုင်းရရင်တော့ နံနက်နေထွက်ချိန်နဲ့ ညနေနေဝင်ချိန်၊ ကောင်းကင်နဲ့မြေကြီး၊ သူချမ်းသာနဲ့ သူဆင်းရဲ့၊ နတ်ပန်းနဲ့ ငရဲပန်း စတာတွေပေါ့။ ဒါကြောင့် သင်တို့အချစ်ကို သင်တို့ ကိုယ်တိုင်တောင် နားမလည်နိုင်ပဲ ဖြစ်နေရတယ်။ နောက်ထပ် ဘာထူးဆန်းစရာတွေ ထပ်လာဦးမလဲ ဆိုပြီးတော့ သင်တို့နှစ်ယောက်ရဲ့ အချစ်အကြောင်းဟာ ဟာသတစ်ပုဒ်လိုပဲ ဖြစ်နေတယ်။ သင်တို့နှစ်ဦးကလည်း သိနေတယ်လေ။ ကြာရှည်လက်တွဲလို့ မရဘူး ဆိုတာပေါ့။ ခဏတစ်ဖြုတ်လေး လက်တွဲတာကလည်း ကိုယ့်ဘဝမှာ ရယ်စရာ အမှတ်တရအဖြစ် ထားခဲ့ချင်လို့ပဲ ဖြစ်တယ်။ သင်တို့နှစ်ဦးဟာ အလွန်ခြားနား လွန်းလို့ တူတူသွားလို့ မရဘူး ဆိုပြီးတော့ပေါ့။ သင်တို့နှစ်ဦး လမ်းခွဲသွားခဲ့ရင်လည်း သူငယ်ချင်းကောင်းတွေ ဆက်ဖြစ်ဦးမှာပါ။......


credit အချစ် နဲ့ ဗေဒင်

No comments

Powered by Blogger.