ချစ်သူများနေ့မှာ ချစ်သူနဲ့အတူဖြတ်သန်းခဲ့တဲ့ ထွန်းထွန်း
ပရိသတ်ရဲ့ အသည်းတခြမ်း အဆိုတော်၊ မင်းသားချော အကယ်ဒမီ ထွန်းထွန်းကတော့ ဒီကနေ့ ချစ်သူများနေ့ကို သူရဲ့ ချစ်သူချောချောလေး နဲ့အတူ ဖြတ်သန်းခဲ့တယ်လို့ သိရပါတယ်။
ထွန်းထွန်းက သူရဲ့ အချစ်ရေးကို ပရိသတ်တွေဆီ တရားဝင် ပြောခဲ့တာတွေ မရှိသေးပေမယ့် ချစ်သူနဲ့ပုံလေးတွေကို ပုန်းလျှိုး ကွယ်လျှိုနဲ့ သူရဲ့ Instagram မှာ ပြလေ့ရှိသူပဲ ဖြစ်ပါတယ်။ ချစ်သူ ချောချောလေးနဲ့ ဓာတ်ပုံတွေ ရိုက်တင်တဲ့ အခါမှာတော့ ကောင်မလေးရဲ့ မျက်နှာကို အပြည့်ဖော်ပြလေ့ မရှိပါဘူး။
ဒါပေမယ့် ထွန်းထွန်းရဲ့ ချစ်သူ ဘယ်သူဆိုတာ ကိုတော့ တချို့ ပရိသတ်တွေက သိနေကြပါပြီ။ အခုမှာတော့ ထွန်းထွန်းက သူရဲ့ချစ်သူလေးနဲ့ ချစ်သူများနေ့မှာ အတူတူ ဖြတ်သန်းနေတဲ့ ပုံရိပ်တွေကို မျှဝေပေးထားတာတွေ့ရပြီး ချစ်သူကို Valentine လက်ဆောင် အဖြစ် ပန်းစည်းနဲ့ကိတ် ပေးခဲ့တာပဲ ဖြစ်ပါတယ်။
ထွန်းထွန်းကတော့ သူ့ချစ်သူ ချောချောလေးကို အရမ်း ချစ်ပုံရပြီး ပရိသတ်တွေကတော့ သူ့ရဲ့ချစ်သူချောချောလေးကို တရားဝင် မိတ်ဆက်လာမယ့်နေ့ကို သိချင်နေကြပါပြီ။ ထွန်းထွန်းက ကျရာဇာတ်ကို ပိုင်အောင် သရုပ်ဆောင်နိုင်တဲ့အပြင် တစ်ခေတ်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ Examplez အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်လို့ အဆိုဘက်မှာလည်း အောင်မြင်မှုတွေကို ရရှိပိုင်ဆိုင် နိုင်ခဲ့ပါတယ်။
source : Instagram











Post a Comment