Header Ads

မိန်းကလေးတစ်ယောက် ချစ်စရာကောင်းမကောင်း ဒီလိုလေးသိနိုင်ပါတယ်..💘


မိန်းခလေးတစ်ယောက် Original လှတာ ဟုတ်/ မဟုတ် သိချင်ရင် သူမရဲ့ မျက်ခုံးမွှေးကိုသာ အရင်ရှိုးလိုက်ပါ...။

အပြောင်ရိတ်ထားပြီး Eyeliner နဲ့ ကနုတ်ပန်း Style ခြယ်သထားတာ မှော်ကားထဲက ကဝေမလိုလို ပြင်ထားတာ Avatar ကားထဲကမင်းသမီးလို ဒုံးတိလုပ်ထားတာ ဓားနဲ့ခြစ်ထားသလို စတန့်ထွင်ပုံဖော်ထားတာ... ပြု ပြင်ပြီးမှ ရတဲ့အလှကျ Or မခေါ်တော့ဘူးလေ။

သူမ Eyebrow လေးက... ရိုးရိုးယဉ်ယဉ်လေးနဲ့ ပြေပြေပြစ်ပြစ် Cute နေမယ်.. မဲနက်ပြီး လခြမ်းပုံစံ ပန်းချီဆွဲထားသလိုလှနေမယ်.. စူးရှတဲ့ အကြည့်တစ်ချက်ကို Version ထပ်မြှင့်ပေးမယ့် မျက်ခုံးနှစ်ခုကြားက အမွှေးနု ရေးရေးလေး ရှိနေမယ်.. အဲ့ဒီ အချက်အလက်တွေ ရှိနေပြီဆို သေချာတယ် သူမ တကယ်လှလို့ပဲ။
___________________
မိန်းခလေးတစ်ယောက် အသည်းခဏခဏ ကွဲဖူးလား သိချင်ရင် သူမရဲ့ ဆံပင်ကို အရင်ကြည့်ပါ...။

ကျစ်ဆံမြီး ကျစ်ပြီးနေတတ်တာ ဆံပင်ရှည်လေးကို စွဲစွဲမြဲမြဲ ထားတတ်တာ ဘယ်သွားသွား ဆံပင်လေးကို စုစည်းထားတတ်တာ.. ဆံပင်ကို ဒုတိယ အသက်လို တန်ဖိုးထားတတ်တာ ဒီအချက်တွေ မြင်နေရပြီဆို သူမ အချစ်စစ်နဲ့ တွေ့နေရလို့ (သို့မဟုတ်) အသည်း သေချာမကွဲဖူးသေးတဲ့ Brand New စစ်စစ် ဖြစ်နေလို့ပဲ။


ဖြောင့်လိုက် ကောက်လိုက် ကဒီးကဒီး လုပ်မယ်.. ကျောလယ်ထိ ကျလာရင် မထားဘူး ညှပ်မယ်.. Highlight ဖောက်မယ် Colour ပြန်ချိန်းမယ်.. တစ်ပတ် နှစ်ခါထက်ပို ခေါင်းလျှော်မယ်.. ဆံပင်ကေကို ပုံသေမထားဘဲ အားနေပြောင်းမယ်.. စိတ်ထဲဝင် Scan ဖတ်နေစရာ မလိုဘူး... သူမ ရည်းစားနဲ့ ဘယ်တော့မှ မမြဲတတ်တာ သေချာပြီလေ။
_________________
မိန်းခလေးတစ်ယောက် ချစ်စရာကောင်း/ မကောင်း သေချာ သိချင်ရင် သူမ အိပ်မောကျနေချိန် ဖုန်းခေါ်ကြည့်ပါ...။


အသံပြဲကြီးနဲ့ ပြန်ကောလွှတ်မယ်.. ဒေါသထွက်ပြီး ရှုးရှုးရှားရှား အသံနဲ့ ပြန်ပြောမယ်.. သွားပြီ အဲ့ဒါဆို ... ချစ်ဖို့ မကောင်းတော့ဘူး။

ဖုန်းကို ချက်ချင်းမကိုင်ဘဲ ခဏခဏချပစ်မယ်.. ကိုင်တော့လည်း ဘာမှမပြောဘဲ အိပ်ပျော်နေမယ်.. ပြန်ပြောတော့လည်း အသံက မထွက်ဖြစ်နေမယ်.. သူမ အိပ်ချင်မူးတူးနဲ့ ပစ်ချွဲပြီးပြောတဲ့ "Hello" ဆိုတဲ့ အသံလေးရယ်.. "အင်း" " ပြော" ဆိုတဲ့ အသံလေးရယ်.. မျက်လုံးကဖြင့် မဖွင့်ဘဲ ပြန်ဖြေနေခဲ့ပြီဆို သူမ ချစ်ဖို့ကောင်းတာ သိပ်သေချာနေပြီလေ။  ။

credit to #s_m

No comments

Powered by Blogger.