Header Ads

အချစ်ဆိုတာ အဖြူရောင် စာရွက်လေးတစ်ရွက် လို့ဆိုတဲ့ နန်းစု


အဆိုတော် ၊ သရုပ်ဆောင် နန်းဆုရတီစိုးက သူမရဲ့ အချစ် အဓိပ္ပာယ်ကို အဖြူရောင် စက္ကူလေး တစ်ရွက်နဲ့ ခိုင်းနှိုင်း ပြောဆိုခဲ့ ပါတယ်။

" အချစ်ရေး ကတော့ အခုချိန်ထိ အေးအေး ဆေးဆေး သာသာ ယာယာ ပါပဲ ။ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တယောက်က ဖြည့်ဆည်း ပေးရင်း ကူညီပေးရင်း နဲ့ ပဲ နားလည်မှုတွေ နဲ့ပဲ နေဖြစ် ပါတယ် ။ အားလုံးလည်း မြင်တဲ့ အတိုင်း ပါပဲ ပျော်ပါတယ် ။ ဖူးစာ ဆိုတာ ရှိပါတယ်။ နန်းဆုက ဖူးစာကို ယုံပါတယ် ။ ရေစက်ရှိလို့လည်း နန်းဆု တို့ တွေ့ဆုံရ တာပါ။ တကယ် ဖူးစာ ဆုံရင် နန်းဆု တို့ ပေါင်းရ မှာပါ ။ "



" အချစ်နဲ့ ပတ်သက်တဲ့ ခံယူချက် ဆိုရင် အချစ်က အဖြူရောင် စက္ကူလေး တစ်ရွက်နဲ့ တူပါတယ်။ နန်းဆု ကတော့ သူ့အပေါ်ကို ဖြူစင်တဲ့ အချစ်တွေပဲ ပေးမှာပါ။ ဖြူဖြူ စင်စင်ပဲ နားလည်မှုတွေ၊ သစ္စာရှိမှု တွေနဲ့ ကူညီ ဖေးမ မှုတွေ၊ ကြင်နာမှု တွေ နဲ့ပဲ သွားမှာပါ။ အဲဒီ အချက်လေး တွေကို နှစ်ယောက်လုံး ထိန်းထား နိုင်ရင် သာသာ ယာယာ ဖြစ်နေဦး မှာပါ  " လို့ ပြောပါတယ်။

သူမ အနေနဲ့ မကြာခင်ကမှ အဆိုတော် G-Fatt နဲ့ တရားဝင် ချစ်သူတွေ ဖြစ်နေကြောင်း ကို ပရိသတ်တွေကို ပြောပြခဲ့တာ ဖြစ်ပြီး၊ နှစ်ယောက်သား စိတ်တူ ကိုယ်တူ ဖြစ်တဲ့ အတွက် တရားဝင် တွဲဖြစ်တာ လို့လည်း ပြောပါတယ်။



" နန်းဆုရဲ့ နေထိုင်တဲ့ ပုံစံကိုက ပေါ့ပေါ့ ပါးပါး လွတ်လွတ် လပ်လပ် ပဲ နေတတ်တယ်။ ပျော်စရာ ရှိရင်လည်း ပျော်တယ်။ စိတ်ညစ်စရာ ရှိလည်း ခဏပဲ။ ပျော်ပျော် နေတတ်တယ်။ သူနဲ့ ဆိုလည်း အမြဲ စနောက်နေတာပါ။ သူကလည်း ပျော်ပျော်ပဲ နေတတ်တယ်။ အဲဒါကြောင့် တွဲဖြစ်တယ် လို့လည်း ထင်ပါတယ်။ သူက အရမ်း အစ အနောက် သန်တယ်။ နန်းစုရဲ့ ဖေ့ဘွတ်ခ်မှာ ပုံတင်ရင်လည်း သူက ပို့စ်အောက် ကနေ ကွန်မန့် ဝင်ရေးတယ်။ ပရိသတ်တွေက သိကြတာပေါ့ " လို့ နန်းဆုရတီစိုး က ပြောပါတယ်။


နန်းဆု အနေနဲ့ ၂၀၁၆ ခုနှစ်အတွင်းက " ရှေ့ဆက်သွားမှာပဲ " တစ်ကိုယ်တော် အခွေ ထွက်ရှိ ထားပြီး၊ နောက်ဆုံး ထွက်ရှိခဲ့တာ ကတော့ " ရူးခါနေအောင် ချစ်ရသူ " ဆိုတဲ့ သီချင်း MTV တပုဒ် ကလည်း ပရိသတ်တွေ ပါးစပ်ဖျားမှာ ရေပန်း စားနေခဲ့တဲ့ သီချင်းတစ်ပုဒ် ဖြစ်ခဲ့ ပါသေးတယ်။

Credit _ Original Source
photo _ G Fatt _ Nan Su Yati Soe

No comments

Powered by Blogger.