🌸 အပျိုစင်ဘဝဆိုတာ ကိုယ့်ကိုတန်ဖိုးထား စောင့်ရှောက်ပေးမယ့် ကိုယ်လက်ထပ်ရမယ့်သူကို ပေးရမယ့်အရာပါ
=============
ညီမလေးများ အတွက် ....... (ဖတ်ကြည့်ပေးပါနော်)
ခိုးပြေးလို့ လက်ထပ်ရတဲ့ မိန်းကလေး တစ်ယောက် တန်ဖိုးနဲ့ တင့်တောင်းတင့်တယ် လူကြီးစုံရာနဲ့ တင်တောင်းခံရတဲ့ မိန်းကလေး တစ်ယောက် တန်ဖိုး ဘယ်လိုမှ မတူနိုင်ဘူး
ပစ္စည်းတောင်မှ သူ့တန်ဖိုး အလျောက် ဈေးကြီးပေး ဝယ်တာနဲ့ ခိုးပြီး အလကားရတဲ့ ခိုးရာပစ္စည်း တန်ဖိုးအသီးသီး ရှိတာပဲ
🌸
နောက်တစ်ချက် ကိုယ့်ကို လာတောင်းလို့ ကိုယ့်ဘက်က သူနဲ့ စည်းမကျော်ထားဘူး ဆိုရင် မိန်းကလေးဘက်က ကိုယ့်မိဘ မျက်နှာ မငယ်ရဘူး
ခိုးပြေးပြီးမှ ပြန်လာအပ်ရင် ယောကျာ်းလေး ဘက်က ဘာပြောပြော ကိုယ့်မိဘတွေ မျက်နှာငယ်စွာ လက်ခံရတော့မယ်.. ကိုယ့်သမီးက စည်းကျော် ပြီးပြီကိုး
သူ့ သား က လှေကား သုံးထစ်ဆင်း လူပျိုပြန် ဖြစ်နိုင်ပေမယ့် ကိုယ့်သမီးက အပျိုပြန် မဖြစ်နိုင်တော့သလို ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်ထဲ ကိုယ့်သမီး ကို မမျောစေချင်တော့ ကိုယ်ပဲ ခေါင်းငုံ့ ခံရတာပေါ့
🌸
ပြီးတော့ နောက်တစ်ချက် တစ်သက်လုံး ကျွေးမွေးလာတဲ့ မိဘတွေကို ပတ်ဝန်းကျင်က လက်ညှိုးထိုးခံရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး
အဲ့ဒါကြောင့် ဘယ်လောက်ပဲ ချစ်ပါစေ မိဘကို ဆန့်ကျင်ပြီး ခိုးပြေးမယ့် အလုပ်မျိုး မလုပ်ဘဲ မိဘ သဘောတူအောင် ကြိုးစားသင့်တယ်
နောက်တစ်ခု ပြောရရင် အခုခေတ်မှာ living together တွေ များလာတယ်.. ရည်းစားဆိုတာနဲ့ အဆင့်ကျော်ကြတယ်.. တကယ်တော့ အဲ့ဒါတွေက အနောက်တိုင်း ယဉ်ကျေးမှုတွေ။ ကိုယ်နေတာက မြန်မာပြည်
မြန်မာ မိန်းကလေးတစ်ယောက် အနေနဲ့ အရှက်သိက္ခာကို ထိန်းသိမ်းသင့်တယ်
Living together နေပြီး RS goals လို့ ထင်နေတဲ့သူတွေရော နေလိုက်ပါပြီရဲ့.. အာ့ တစ်ယောက်နဲ့ လက်မထပ် ဖြစ်ရင်ရော.. နောက်တစ်ယောက်နဲ့လား။
အဲ့ဒါဆိုရင် ဖာသည်မတွေနဲ့ ဘာထူးတော့မလဲ.. ဖာသည်မတွေတောင် ဘဝပေးအခြေအနေ အရ လုပ်နေရလို့ ပြောရရင် သူတို့ကတောင် ပိုသာပါတယ်.. မိန်းကလေးတွေ အနေနဲ့ ဘယ်လောက်ချစ်ချစ် ကိုယ့်ကိုယ်ကို ပိုချစ်ပါ.. အရမ်းချစ်လို့ ဘဝပေးပြီး ချစ်တယ်ဆိုတာ မလုပ်မိပါစေနဲ့။ ကဲ ကိုယ် ဘဝပေးချစ်တော့ရော ကိုယ့်ကို တန်ဖိုးထားမယ် ထင်သလား.. No ပါ
ယောကျာ်းဆိုတာမျိုးက 10 မှာ9 ယောက်က မရခင်သာ လိုချင်တာ လက်တည့်စမ်းချင်တာ.. ရလို့ ရိုးသွားရင် ပစ်သွားတတ်တဲ့ လူတွေချည်းပဲ.. ယောကျာ်း အကုန်လုံးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကောင်းတဲ့ 1ယောက်နဲ့ တွေ့နိုင်မယ် ထင်သလား။ ကိုယ့်ကံ အာ့လောက်ကောင်းမယ်လို့ ယုံကြည်နိုင်သလား။ ကိုယ့် စိတ်တောင် အမျိုးမျိုးပြောင်းနေတာ သူများစိတ်ကို ထိန်းချုပ်ဖို့ မဖြစ်နိုင်ပါဘူးလေ
ပြီးတော့ ယောကျာ်းဆိုတာ ကိုယ်ကသာ လူပျို စစ်ချင်မှ စစ်မယ်။ ကိုယ်ယူမယ့် မိန်းကလေးဆိုတာ အပျိုစင် ပဲ လိုချင်ကြတာ။ ငါ မပါဘူးလို့ ပြောမယ့် ယောကျာ်းတွေ ရှိမှာပဲ။ ဒါပေမယ့် သူတို့တွေတောင် ကိုယ်ချစ်လို့ ခွင့်လွှတ်တာ ဖြစ်ချင်ဖြစ်မယ်။ ဖြစ်နိုင်ရင် ကိုယ်လက်ထပ်မယ့်သူ အပျိုစင်ပဲ ဖြစ်ချင်ကြတာပါ
ဟိုးအရင်ထဲက မိဘ ပုံစံခွက်ထဲ ကြီးပြင်းလာတဲ့ ကျွန်မ မိဘတွေကို ကျေးဇူးတင်တယ်။ တန်ဖိုးရှိတဲ့ အသိတွေ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်အောင် သင်ပေးခဲ့တဲ့ အတွက် လက်မထပ်ခင် ဘယ်တော့မှ စည်းမကျော်ရဘူး ဆိုတဲ့ အသိတွေ အရှက်ဆိုတာ အသက်ထက် ပို တန်ဖိုးထား တတ်အောင် သင်ပေးခဲ့တဲ့ အသိတွေ ကိုယ့်ကိုယ်ကိုယ်တောင် တန်ဖိုးမထားရင် ဘယ်သူမှ တန်ဖိုးထားမှ မဟုတ်ဘူး ဆိုတာ ရင်ထဲစွဲနေအောင် ရိုက်သွင်းထားတယ်
အပျိုစင်ဘဝ ဆိုတာ ကိုယ့်ကို တန်ဖိုးထားပြီး တစ်ဘဝလုံး စောင့်ရှောက်ပေးမယ့် ကိုယ့်ကို လက်ထပ်ယူမယ့် ယောကျာ်း တစ်ယောက်အတွက် ပေးရမယ့် အရာတစ်ခုပါ။ ပထမဆုံးအကြိမ် အတားအဆီးမရှိ ရလာမယ့် ကလေးလေးကိုလဲ ကြိုဆိုပေးပါ။ ပျော်ရွှင်တဲ့ သိက္ခာရှိတဲ့ မိသားစုလေး တစ်ခု ဖန်တီးပေးပါ
credit to original





Post a Comment