Header Ads

သူမရဲ့ အားနည်းချက်ကို ဝိုင်းဝေဖန်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားရှာတဲ့ မိန်းကလေး


==============
သူမဟာ ဒွိလိင်ဖြစ်ကြောင်း ၀န်ခံခဲ့တယ်.. အနိုင်ကျင့်နှိပ်စက်မှုဟာ ယနေ့ခေတ်ရဲ့အဓိကကြီးမားတဲ့ ပြဿနာရပ်ကြီးတစ်ခုဖြစ်နေပါတယ်။ အထူးသဖြင့် ကျောင်းသားအများစုမှာ ဒီပြဿနာကိုရပ်ဆိုင်နေရတယ်။



ကိုယ့်ကိုယ်ကိုယ် အဆုံး စီရင်ခြင်းဟာ လူငယ်တွေ ကြားမှာ တတိယ အဖြစ်များဆုံး ပြစ်မှု တစ်ခုလို့ သတ်မှတ် လာပါပြီ။ တစ်နှစ်ကို သေဆုံးမှု ၄၄ဝဝ ရှိနေကြောင်း သိရတယ်။ လူငယ်တွေ ထဲမှာပဲ အနည်ဆုံး အယောက် ၁၀၀ လောက်က ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ ကြဖူးတယ်။


ဆိုရှယ် မီဒီယာပေါ် တင်ထားတဲ့ ပို့စ်အရ ဆိုဖီယာ ဆိုတဲ့ ကျောင်းသူလေးဟာ သူမက ဒွိလိင် ဖြစ်ကြောင်း လူမှုကွန်ရက် ပေါ်မှာ ဝန်ခံခဲ့တယ် တဲ့။ အဲ့ဒီ အချိန်မှာ အခြား အင်တာနက် သုံးစွဲသူတွေက သူမကို ၀ိုင်းပီး ဝေဖန်၊ နှိမ်ချ ဆက်ဆံတော့တာပါပဲ တဲ့။ ထိုသို့ ၀ိုင်းပြီး အပြစ်တင် ဝေဖန်မှုကြောင့် ၂၀၁၈ ဇန်န၀ါရီ ၂၄ ရက် နေ့ကပဲ သူမ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင် သွားခဲ့တယ်။


ကျောင်းတိုင်းမှာ အနိုင်ကျင့် နှိပ်စက်မှုတွေ ရှိနေတယ်။ ဒီ ကျောင်းသူလေး သေဆုံးမှု မှာတော့ အားလုံးက စိတ်မကောင်း ဖြစ်နေကြတယ်။ အားလုံးကလည်း မထင်မှတ် ထားဘူး။ သူမဟာ အရမ်းလှတော့ သာမန် မိန်းမ တစ်ယောက် လို့ပဲ သိခဲ့တယ်။


သူမ အဲ့လို ဖွင့်ချပြတော့ အားလုံးက ထိတ်လန့်ပီး မယုံနိုင် ဖြစ်ခဲ့သလို၊ အကြောင်း မသိတဲ့ လူတွေကတော့ ထုံးစံ အတိုင်း တစ်ဖက်သားကို စိတ် ထိခိုက်စရာ စကားတွေနဲ့ ထိုးနှက် ခဲ့ပါတယ်။ သူမ ဘာကြောင့် ဒီအကြောင်းကို ဆိုရှယ် မီဒီယာပေါ် တင်ခဲ့လည်း သေချာ မသိရပေမယ့် ဘဝတစ်ခုလုံးကို လက်လွှတ် လိုက်ရတဲ့ အထိ စိတ်ဓာတ်ကို ကျစေတဲ့ စကားလုံး ပိုင်ရှင်တွေဟာ ဒွိလိင် ထက်တောင် ပိုပီး အဆင့် နိမ့်ကျတယ် လို့ တစ်ချို့ က ဝေဖန် ခဲ့ကြပါတယ်။




SHARE FROM Buzzy

No comments

Powered by Blogger.