သမီးရည်းစားတွေနဲ့ ပတ်သက်လာရင် အရိုးဆွေးနေတဲ့ logic
သမီးရည်းစား တွေနဲ့ ပတ်သက်လာရင် ကိုယ်တွေဆီမှာ အရိုးဆွေးနေတဲ့ logic တစ်ခုက ဘာလဲ ဆိုတော့...
သမီးရည်းစား နှစ်ယောက်မှာ တစ်ယောက်ယောက်က ရုပ်ဆိုးနေရင် ဒါမှမဟုတ် အသက် အရမ်းကြီးနေရင် အဲ့ဒီ တစ်ယောက်ကို အလိုလျောက်ကို ပိုက်ဆံ ချမ်းသာတဲ့သူ၊ အကောင်ကြီးကြီး စသဖြင့် အလွယ် တွေးပစ်လိုက်ကြတော့တာပဲ...
အဲ့တော့ဗျာ ခင်ဗျားဟာ ခင်ဗျား ရည်းစားထက် ရုပ်ပိုဆိုးနေရင် ဒါမှမဟုတ် အသက်ကွာနေရင် ပတ်ဝန်းကျင်က ခင်ဗျားကို ဘောစိလို့ ထင်နေပြီလို့ သဘောပေါက်ထားလိုက်တော့...
" သူ့နဲ့ တွဲနေတဲ့ ဘဲလည်း ကြည့်လိုက်ဦး ဘာကြည့် ကြိုက်စရာများ ရှိလို့လဲ၊ ပိုက်ဆံ ရှိလို့သာ တွဲနေတာ နေမှာပေါ့ ရှင်းနေတာပဲ" တဲ့...
" သူ့စော်က သူ့ထက် အသက် အများကြီး ပိုကြီးတဲ့ဟာကို စော်က အမ်းနေလို့သာ တွဲနေတာနေမှာ" တဲ့ စသဖြင့်...
အဲ့တော့ဗျာ သမီးရည်းစား နှစ်ယောက်မှာ အပြင်ပန်း အမြင်အရ ရုပ်မညီရင်၊ အသက်မညီရင် တခြားမတွေးတော့ဘူး...
ရုပ်ဆိုးတဲ့၊ အသက်ကြီးတဲ့သူသည် အော်တိုဘောစိ ဖြစ်သွားပြီး တဖက်ကတော့ အလိုလျောက် ငွေမက်လို့ တွဲတယ် ဖြစ်သွားတော့တာပဲ...
အဲ့ဒီ logic က မှန်တဲ့အခါလည်း ရှိပါတယ် မရှိဘူး မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူသူကိုယ်ကိုယ် ငွေမက်ကြတာကို...
ငွေမြင်ရင် လင်လုပ်မယ် ဆိုတဲ့ သာဓကတွေကလည်း ဒုနဲ့ထည်နဲ့ ရှိခဲ့လေတော့ အဲ့ဒီ logic ကြီးက လူ့အဖွဲ့အစည်းမှာ အမြစ်တွယ်လာတာလည်း အကြောင်းမဲ့တော့ မဟုတ်ဘူး...
သို့သော် တခါတလေကျတော့ ရုပ်ဆိုးတိုင်း အသက်ကြီးတိုင်း ဘောစိ ဆိုတဲ့ အားသာချက်ထက် ကျော်ပြီး အင်မတန် လေးနက်တဲ့ အချက်တွေလည်း ရှိပါသေးတယ်...
ဥပမာ နားလည်မှုပေါ့၊ ဂရုစိုက်မှုပေါ့၊ စိတ်ထားနူးညံ့မှုပေါ့၊ သဘောထားကြီးမှုပေါ့၊ အရည်အချင်း ရှိမှုပေါ့၊ လူသားပီသမှုပေါ့...
အဲ့တော့ဗျာ တခါတလေမှာ ရုပ်ပဲဖြစ်ဖြစ်၊ အသက်ပဲဖြစ်ဖြစ် ကွာခြားနေတဲ့ သမီးရည်းစား တွေကို မြင်တဲ့အခါ ပိုက်ဆံရှိလို့ တွဲနေကြတာ နေမှာပေါ့ ဆိုတဲ့ အတွေးကနေ ခွဲထွက်ကြည့်စေချင်တာ...
ပြောရသိပ်ခက်တယ်ဗျာ လူဆိုတဲ့အမျိုးရဲ့ အဲ့ဒီ ခံစားချက်တွေမှာ တခါတလေ ရုပ်တွေ၊ အသက်တွေက အဓိက မကျဘဲနဲ့ တခြား စိတ်ထားတို့၊ နားလည်မှုတို့၊ အရည်အချင်းတို့က ပိုသာနေတတ်တယ်...
ကိုယ့်ပတ်ဝန်းကျင်မှာ တွေ့ဖူးတယ်ဗျာ အတွဲတစ်တွဲ ရုပ်ကလည်း တစ်ယောက်က ချောတယ် တစ်ယောက်က ဆိုးတယ်ပေါ့ အသက်ကျတော့လည်း တော်တော်ကွာတယ် ငွေလည်း ဘာမှရှိတာ မဟုတ်ဘူး အရည်အချင်းကလည်း သာမာန်ပဲ သို့သော် အင်မတန် ချစ်ကြတယ်...
ဒါနဲ့ စပ်စုကြည့်တယ် သူ့ကို ဘာကြည့်ကြိုက်တာလဲလို့ ဟိုကလည်း ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေတယ်...
"ငါမနက် မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ပြီ ဆိုတာနဲ့ ပထမဆုံး သတိရမိတဲ့လူက သူဖြစ်နေလို့ဟ"တဲ့...
ကဲ ရုပ်ဆိုးတဲ့ ဒါမှမဟုတ် အသက်ကြီးတဲ့သူတွေကို တွဲနေတဲ့ လူတွေရဲ့ "ဇ"ကို မြင်ပြီ မဟုတ်လား... သိပ်ကြိုက်တယ် သူ့အဖြေကို...
credit Wai Phyo Maung


Post a Comment