🌼 တစ်ယောက်ထဲလည်း ပြုံးပြုံးလေးပါပဲ
🌼🌼🌼🌼🌼🌼🌼🌼🌼
ကိုယ့်ကိုကိုယ် …
မျက်ရည် မကျမိအောင် မာန်တင်းခဲ့ဖူးတယ်
ပြိုလဲကျ မသွားအောင် ရှုန်းကန်ခဲ့ဖူးတယ်
ခါးသီးမှုဒဏ်တွေကို ကျိတ်မှိတ် ခုခံခဲ့တယ်
တိုက်ခိုက်မှုတွေကို အံတုခဲ့ရတယ်
ပျော်စရာတွေလည်း ရှာကြံယူခဲ့တယ်
ဝမ်းနည်းချိန်လည်း အားပေးခဲ့ဖူးတယ်
လဲပြိုချိန်လည်း ရုန်းထခဲ့ရတယ်
စိတ်ဆင်းရဲမှုဒဏ် တွေကိုလည်းြ့ကြံ့ကံခံ ရင်ဆိုင်ခဲ့တယ်။
ဘဝဆိုတာ ဒီလိုပါပဲ.......
ကိုယ်လိုချင်တဲ့ပုံစံနဲ့  ရလာဒ်တွေ မတူညီနိုင်သလို ကိုယ်ဖြစ်ချင်တဲ့ အခြေအနေနဲ့  လက်ခံလိုက်ရတဲ့ အခြေအနေ တစ်ထပ်ထဲ ကျဖို့ က ခဲယဉ်းလွန်းပါတယ် ။
မျှော်လင့်တာနဲ့ ဖြစ်လာတာ ကွာခြားချက်ဆိုတာတော့ အနည်းနဲ့  အများ ကြုံရတာ သဘာဝလေ ။
ပိုင်ဆိုင်ချင်လည်း စွန့် လွှတ်ခဲ့တာတွေ ရှိခဲ့သလို မလိုချင်ပဲ လက်ခံခဲ့တာတွေလည်း ကြုံခဲ့ရတယ် ။
လောကကြီးရဲ့ သဘာဝကိုက အဆိုးနဲ့ အကောင်း အမြဲ ဒွန်တွဲနေပါလားလို့ သိလာချိန် အရာရာကို နေသားတကျ ရင်ဆိုင်တတ်လာပါပြီ ....
တကယ်တော့ ကိုယ့်ကိုယ်တိုင်ကသာ ကိုယ့်ရဲ့အားထားရာပါ...
🌴🌴🌴🌴🌴🌴🌴🌴
👸မေတ္တာရှင်မလေးသီတာ👸
Post a Comment