ဖက်တီးမလို့ သင်လှောင်ပြောင်လိုက်တဲ့ ကောင်မလေးဟာ..
ဖက်တီးမလို့ သင် လှောင်ပြောင်လိုက်တဲ့ ကောင်မလေးဟာ စောင်စားမျိုးစုံ နင်းကန်စားပြီး ဘောင်းဘီတွေ ကြပ်လာမှ အားငယ်သူလေးပါ…
ဂျပိန်မလို့ သင်နှိမ်လိုက်တဲ့ ကောင်မလေးဟာ လေ့ကျင့်ခန်းလုပ်ဖို့ အမြဲ ခါးသီးနေပြီး အဝတ်အစား ဝတ်မှ ဖော့ခံဝတ်တတ် သူလေးပါ…
အသားမည်းလို့ သင်နှိမ်လိုက်တဲ့ သူလေးဟာ ညိုချောလို့ ကြွေးကြော်ပြီး အသားဖြူဆေး ကြိတ်ဝယ်နေသူလေးပါ…
နဖူးပြောင်လို့ သင် လှောင်ရယ်လိုက်တဲ့ သူလေးဟာ နဖူးမပြောင်တဲ့ သင့်စောင်ခွက်ကျ ဘယ်လောက်လှလို့လဲ ဆိုပြီး စိတ်ထဲက တွေးနေသူလေးပါ…
ရုပ်ဆိုးမလို့ သင်နှိမ်လိုက်တဲ့ ကောင်မလေးဟာ အိုင်းရှဲဒိုးတွေ ကွန်ဖူးပန်ဒါလို ခြယ်ပြီး သူ့ကို လူတွေ မနာလိုနေတယ် လို့ ထင်နေသူလေးပါ…
ငကြွားလို့ သင်စွပ်စွဲလိုက်တဲ့ သူလေးဟာ ဒစ်စကောင့် မှန်သမျှ လိုက်ဝယ်ပြီး ဘာမှမဝယ်တဲ့ သင့်ကို အထင်သေးနေတဲ့ သူလေးပါ…
ညစ်ပတ်အိုးလို့ သင် စနောက်လိုက်တဲ့ သူလေးဟာ တစ်လနေလို့မှ တစ်ခါရေချိုးအောင် တစ်အိမ်လုံးက ဝိုင်းတောင်းပန် နေရသူလေးပါ…
ပိုက်ဆံမရှိလို့ သင်အထင်မကြီးတဲ့ ကောင်ကလေးဟာ ဘာစောင်လုပ်မှ မလုပ်ဘဲ တစ်နေကုန် ဂိမ်းဆော့နေသူလေးပါ…
ငတုံးကောင်လို့ သင်ပြောဆိုလိုက်တဲ့ သူလေးဟာ facebook က တက်လာတဲ့ ကမ္ဘာပျက်မယ့် အကြောင်းတွေ တွေးပြီး ညည အိပ်မပျော်သူလေးပါ…
အမူးသမားလို့ သင်ပြောလိုက်တဲ့ သူလေးဟာ ခွေးလိုဝက်လို သောက်ပြီး အန်ဖတ်ဆို့ နေသူလေးပါ…
ဘတ်စ်ကားပေါ်မှာ သင်နေရာ မဖယ်ပေးမိတဲ့ သူလေးဟာ သင့်ကို ဓာတ်ပုံခိုးရိုက်ပြီး facebook မှာ အဆဲတောင်းပေးတော့မယ့် သူလေးပါ…
နှာဘူးလို့ သင်စွပ်စွဲလိုက်တဲ့ ကောင်လေးဟာ မျိုးကိုကိုစန်းကိုတောင် အလွတ်မပေးချင် သူလေးပါ…
အခြောက်ကြီးလို့ သင်လှောင်ပြောင်လိုက်တဲ့ သူလေးဟာ ပွဲဈေးတန်းမှာ သူငယ်တွေကို ဖျင်လိုက်နှိုက် နေသူလေးပါ…
သင် ဆူငေါက်လိုက်တဲ့ စားပွဲထိုးလေးဟာ သင်တစ်ခုခု ခိုင်းလိုက်တိုင်း မကြားချင်ယောင်ဆောင်ပြီး စိတ်ထဲကနေ ကျိန်ဆဲနေသူလေးပါ…
သင်အနောက်ကနေ ဝင်တိုက်မိတဲ့ တက္ကစီ ဒရိုက်ဘာလေးဟာ သင့်ခေါင်းကို ရိုက်ခွဲချင်နေသူလေးပါ…
ကလေကချေလို့ သင်နှိမ်လိုက်တဲ့ ကောင်လေးတွေဟာ သင့်ကားကို ခဲနဲ့ ထုပြေးတော့မယ့် သူလေးတွေပါ…
ဘဝင်မြင့်နေတယ် လို့ သင် ဝေဖန်လိုက်တဲ့ ကောင်မလေးဟာ တစ်လောကလုံးကို သောက်ထင်မကြီးသူလေးပါ…
ပေါက်ကရတွေ လျှောက်ရေးတဲ့ OP ဟာ မကြာခင် တစ်နိုင်ငံလုံးပတ်ပြီး အဆဲခံရတော့မယ့် သူလေးပါ…
😎😎😎
credit Shoon Mi Mi Htet
Post a Comment