Header Ads

💔 သမီးချစ်သူက ဖြတ်သွားလို့ 💔


💔💔💔💔💔💔💔💔
ကိုယ့် ချစ်သူက ဖြတ်သွားတဲ့ အခါ  ကိုယ့်ချစ်သူနဲ့ စိတ်ပျက်သွားတဲ့အခါ ကိုယ့်ချစ်သူက လမ်းခွဲ သွားတဲ့ အခါ ဆရာမဆီ ဗေဒင် လာမေးကြတယ်။ ယတြာတွေ တောင်းကြတယ် ။

" ပြန် အဆင်ပြေအောင် လုပ်ပေးပါ ဆရာမရယ် " " ကိုယ်ချစ်သူက ပြန်လက်တွဲလာအောင် လုပ်ပေးပါ"
ဆိုပြီးတော့ပေါ့။ ဆရာမ ကတော့ တတ်နိုင်သလောက် ယတြာကြေး မယူပဲ လုပ်ပေးလိုက်တာပါပဲ ။ တစ်ချို့တွေလည်း အဆင်ပြေတော့ လာကန်တော့ ကြပါတယ်။ တစ်ချို့လည်း ဖုန်းဘေတွေ ဖြည့်ပေးကြပါတယ် :D

တစ်ချို့တွေက ဖူးစာမပါလို့ ရေစက် မပါလို့ ကွဲ သွားကြတာပါ။ တွေ့နေရတာတွေ အများစုက များသောအားဖြင့်တော့... မိမိကြောင့် မိမိရဲ့ အပြောအဆို အပြု အမှု ကြောင့် တစ်ဖက် ယောကျားလေးက စိတ်ပျက်ပြီး လမ်းခွဲ သွားကြတာ များပါတယ် ။

အဲဒါကြောင့် သမီးများ အားလုံး သိဖို့ "ချစ်သူ ယောကျာ်းလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်" ကို ပြော ပြလိုက်ရပါတယ် ။ အားလုံး သိသင့်ပါတယ် ။

..................

" ချစ်သူ ယောကျာ်းလေးတွေ မုန်းတဲ့အချက် ( ၈ ) ချက်"
===============

၁။ "စကားကို ပိတ်မပြောပါနဲ့"
  -----------------------
ယောကျာ်းလေးတွေဟာ သူတို့ရှင်းပြဖို့ ကြိုးစားနေချိန်မှာ နင်ပြောတာငါ ဘာမှမကြားချင်ဘူး ဘာမှလာရှင်းပြမနေနဲ့တော့ လို့ ပိတ်ပြောတဲ့အခါမျိုးမှာ အကြီင်္းအကျယ် စိတ်ပျက်သွားတတ်ပါတယ်။ ပိတ်မပြောမိပါစေနဲ့ ရှင်းပြတာကို သေချာ တစ်ခေါက်လောက် နားထောင်ပြီးမှ ဘာဆက်လုပ် သင့်တယ် ဆုံးဖြတ်ပါ။


၂။ " နေရာတကာ ဆရာမလုပ်နဲ့"
----------------
ယောကျာ်း ဆိုတဲ့အမျိုးက ကိုယ်တိုင် ဦးဆောင်ပြီး လုပ်ချင်ကြတယ် (တစ်ချို့ အရည်ချင်းမရှိတဲ့ လူတွေက လွဲလို့ပေါ့) အဲ့တာကို နေရာတကာ ကားကို ဘယ်လိုမောင်း ဟိုရှေ့မှာ ကားကြီး လာနေတယ်လေ မမြင်ဘူးလား ဆိုပြီးတော့ ဆရာ ၀င်လုပ်ရင် အမြင်ကပ်လာရော။


၃။ "တခြားဘဲတွေနဲ့သိပ်ရောရောနှောနှော နေမပြနဲ့"
-----------------------
ချစ်သူမရှိခင်က ကြိုက်သလို နေခွင့်ရှိပေမဲ့ ချစ်သူရှိပြီးနောက်ပိုင်း တခြားဘဲတွေနဲ့ ပလူးပလဲ လုပ်ပြနေရင် ယောကျာ်းလေးတွေ စိတ်ထဲမှာ ဒီလိုပဲ အမြဲတမ်း နေနေတာလို့ထင်သွားတတ်ပါတယ်။

၎။ "သိပ်ပြီးမိုက်ရူးရဲမဆန်နဲ့"
------------------
မိန်းကလေးတစ်ယောက်အနေနဲ့မလုပ်သင့်တဲ့အရာကို  မလုပ်နဲ့လို့တားနေရင် သိပ်ချစ်လို့ဆိုတာသတိရပါ မချစ်တဲ့လူက အဖက်တောင်လုပ်ပြီး ပြောမနေဘူးလေ။

၅။ "အချိန်ကိုလေးစားပါ"
----------------
မိန်းကလေးတွေ အချိန် နောက်ကျတာ မကြိုက်သလို ယောကျာ်းလေးတွေလဲ သိပ်မကြိုက်ကြပါဘူး။ အမြဲတမ်း မဟုတ်တောင် ကြိုးစားပြီးတော့တော့ အချိန်ကို လေးစားပေးပါ ၊

၆။ "အကြောင်းမရှိအကြောင်းရှာစိတ်မကောက်နဲ့"
-------------------
စိတ်ကောက်တတ်တာ မိန်းကလေးတွေရဲ့ သဘာဝဆိုပေမဲ့ ခဏခဏ စိတ်ကောက်နေတာ မျိုးကျတော့ ယောကျာ်းလေးတွေ ဖက်က ကြာတော့ စိတ်မရှည် တော့တာမျိုးတွေ ဖြစ်လာတတ်ပါတယ် ။ စိတ်ကောက်တာက ကောက်ပါ အချော့ခံချင်တိုင်း အရမ်းကာရော ခဏခဏ စိတ်မကောက်ပါနဲ့။ ချစ်ချစ်ခင်ခင်လေးပဲ နေချင်ကြတယ် စိတ်ကောက်တာကို ချော့နေတာနဲ့ပဲ အချိန်ကုန်မခံချင်ဘူး


၇။ "ရန်ဖြစ်ရင် လက်မပါနဲ့"
------------------
မိန်းကလေးတွေက တစ်ခုခုဆို ပါးရိုက်ချင်ကြတယ်။ အဲ့တာကိုမှန်တယ်လို့ယူဆနေကြတယ်။ ကိုယ့်ချစ်သူက ကိုယ့်အပေါ်မှာ ဘယ်တုန်းကမှ လက်မပါခဲ့ဖူးဘူး ဆိုရင် ကိုယ့်ဖက်ကလဲ မပါနိုင်အောင် ထိန်းချုပ်ပြီး အေးအေးဆေးဆေး ဖြေရှင်းပါ။

၈။ "လမ်းခွဲစကားကို အလွယ်တကူ မပြောနဲ့"
---------------------
ရန်ဖြစ်တဲ့အခါ နင့်လိုကောင်မျိုးတော့ ခေါင်းခေါက်ရွေးလို့ ရတယ် နင်နဲ့ငါပြတ်ပြီ ထပ်ပတ်သတ်ဖို့မလိုတော့ဘူးဆိုတဲ့ စကားမျိုးပြောတဲ့အခါ ယောကျာ်းလေးဖက်က သိပ်ချစ်လွန်းတဲ့ လူမျိုးတောင် မာနနဲ့သိက္ခာအရ လမ်းခွဲပေး သွားတတ်ပါတယ် အဲ့ဒီတော့ လမ်းခွဲစကားကို အလွယ်တကူ မပြောမိပါစေနဲ့။


------------၊၊၊၊၊၊၊၊၊----------

တစ်ကယ်တော့ အားလုံးပြည့်စုံတဲ့လူ ဆိုတာ မရှိပါဘူး။ ချစ်သူတွေ တစ်ယောက်နဲ့တစ်ယောက် နားလည်နိုင်ရင် အကောင်းဆုံး ပါပဲ ။

ချစ်သူအားလုံး ပျော်ရွှင်စွာ လက်တွဲသွားနိုင်ပါစေ... လို့ ဆုတောင်းပေးရင်း ..

ဆရာမ ကြာညိုသွယ်
Credit ; original post

No comments

Powered by Blogger.