ဗြိတိန်နိုင်ငံရဲ့ ၁၂ နှစ်အရွယ် အသက်အငယ်ဆုံး ကလေးအဖေ
ခေတ်ကာလဟာ ကြောက်မက်ဖွယ် တိုးတက်မြန်ဆန် နေပါတယ်။ လက်ရှိခေတ်မှာ ဖြစ်ပျက်သမျှဟာ ရှေးလူကြီးတွေရဲ့ တဘောင်တွေလိုပါပဲ။ ဒန့်ကျွဲပင် ပုခက်လွှဲတဲ့ခေတ် ဆိုတာ ရောက်ရှိလာတာ ဖြစ်ပြီး ကလေးအရွယ် လေးတွေက ကလေးအဖေ ဖြစ်လာတာ ဖြစ်ပါတယ်။
အသက် 12 နှစ်အရွယ် ကောင်လေးက ကလေး အဖေဖြစ်နေပြီ ဆိုတာပါပဲ။ Alfie Patten လို့ ခေါ်တဲ့ဗြိတိန်က ကောင်လေးဟာ အသက် 12 နှစ်မှာ ကလေးအဖေဖြစ်လာတဲ့ ကမ္ဘာ့အသက်ငယ်ဆုံး ကလေးအဖေဖြစ်ပါတယ်။ Maisie Roxanne လို့ခေါ်တဲ့ အမျိုးသမီးနဲ့ သူဟာ လိင်မှုကိစ္စကျူးလွန်ခဲ့ပြီး သူ့အသက် 12 နှစ်မှာ အမျိုးသမီးက ကိုယ်ဝန်ရလာတာဖြစ်ပါတယ်။
13 နှစ်မှာတော့ သမီးလေးမွေးပြီး 7 ပေါင်နဲ့ 3 အောင်စ ရှိတာဖြစ်ပါတယ်။ သူဟာ လိင်မှုကိစ္စကို နားမလည်ပေမယ့် သူ့စိတ်ဆန္ဒအရ ဒီအမျိုးသမီးနဲ့ နှစ်ဦးသဘောတူဖြစ်ခဲ့တာလို့ ဆိုပါတယ်။ အမျိုးသမီးက လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ယူတာမဟုတ်ပဲ သူတို့ချင်း ချစ်ကြိုက်ခဲ့လို့ ကလေးရတာဖြစ်လို့ သူက ဖြေခဲ့ပါတယ်။ ဒီလိုဆိုတော့ အမျိုးသမီးကိုလဲ အသက်ကြီးပြီလို့ ထင်ပါလိမ့်ပါမယ်။
သူနဲ့ ချစ်ကြိုက်ခဲ့တဲ့ Maisie Roxanne ဟာ အသက် 15 နှစ်သာ ရှိသေးတာ ဖြစ်ပါတယ်။ သူတို့ဟာ သူငယ်ချင်းကနေ ချစ်သူတွေဖြစ်ပြီး မြန်မြန်ဆန်ဆန် လင်မယား ဖြစ်သွားတာ ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံရဲ့ အသက်ငယ်ဆုံး ကလေးအဖေ ဆိုတဲ့ သတင်းက ဟိုးလေးတကြော် ဖြစ်သွားပြီး သူတို့အိမ်မှာ မီဒီယာတွေ အဝင်အထွက် များလာတာ ဖြစ်ပါတယ်။ သူတို့ဟာ ဘဝတဲ့ ရေရာတဲ့ အနာဂတ် မရှိတဲ့အချိန်မှာ ကလေးတစ်ယောက် ထပ်ရောက်လာအောင် ပြုလုပ်မှုအပေါ် မိဘတွေက မနှစ်ြ်မို့ခဲ့ပါဘူး။
တကယ်တော့ ဘာအကျိုးအမြတ်မှ မရှိပဲ ကလေးက အရှုံးလို့ မီဒီယာက နစ်နစ်နာနာ ဝေဖန်ခဲ့ပါတယ်။ Alfie ဟာ အသက် 8 နှစ်အရွယ်ထဲက သူမနဲ့ အတူ လိင်မှုကိစ္စ ကျူးလွန်ခဲ့ပြီး သူတို့ချစ်သူသက်တမ်းက လေးနှစ် ရှိတယ်လို့ ဆိုပါတယ်။ ကလေးက ကလေးပြန်ထိန်းနေတဲ့ အရပ် 4 ပေ 4 လက်မသာ ရှိတဲ့ ကလေးကို တွေ့ရင် Alfie လို့ သိနိုင်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ဒါဟာ မိဘတွေရဲ့ ပေါ့လျော့မှုကြောင့်လို့ တချို့က ပြစ်တင်ဝေဖန်တာ ရှိပါတယ်။ လက်ရှိမွေးလာတဲ့ ကလေးဟာ ရုပ်ပိုင်းဆိုင်ရာတော့ ချွတ်ယွင်းချက် မရှိပါဘူး။ တကယ်တော့ ဒါဟာ အထူးအဆန်း မဟုတ်ပဲ ပျက်စီးနေတဲ့ လူ့ဘောင် စနစ်တခုမှာ ကလေးတွေ လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်နေတဲ့ နိုင်ငံတွေ အများကြီးလို့ တချို့က ထောက်ပြခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာတော့ အဖေရော အမေရောဟာ သူတို့ရဲ့ ကလေးဘဝကို စွန့်လိုက်ရသလို သူတိုရဲ့ အပါင်းအသင်းတွေကလည်း ဒီကိစ္စကို လက်ခံဖို့ ခဲယဉ်းပြီး သူတို့လည်း ကျောင်းမသွား ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
Source- cantwait2say
Post a Comment