Header Ads

သိပ်​ချစ်​တတ်​တဲ့မိန်းမ နဲ့ သိပ်​ရက်​စက်​တဲ့မိန်းမဆိုတာ


သိပ်​ချစ်​တတ်​တဲ့ မိန်းမ

သူမ ချစ်​သူကို ချစ်​​နေတာပဲ သိတယ်​ ... ဖုန်းမဆက်​ရင်​ သူဆက်​မယ်​ ... အပြင်​​တွေ သွား​နေရင်​ စိတ်​ပူမယ်​ ... တစ်​ခါတစ်​​လေ သူမ နဲနဲ စိတ်​​ကောက်​လို့ သူပြန်​စိတ်​ဆိုးရင်​ သူမက ပြန်​​ချော့မယ်​ .. မျက်​နှာပျက်​​နေလား သူကြည့်​မယ်​ စိတ်​ညစ်​​နေလား သူသိတယ်​... ထွက်​မသွားပါနဲ့ ဖက်​တွယ်​ထားမယ်...သူမ အိမ်​မက်​က ရိုးရိုး​လေးပဲ သူ့ချစ်​သူကို လက်​ထပ်​မယ်​ သာယာတဲ့ အိမ်​​ထောင်​​ရေး​လေး ထူ​ထောင်​မယ်​ ... သူ​ပေးနိုင်​တာအပြင်​ သူမဘာမှ ထပ်​ပြီး​ တောင်းဆိုတာမျိုး မရှိခဲ့ဘူး ... သူမဟာ သူ့အတွက်​ သူ့ကို အရမ်းချစ်​တယ်​ ဆိုတဲ့ အသိကို ​ပေးရုံအပြင်​ မပိုခဲ့ဘူး.. တစ်​​နေ့ သူ့ကို ပစ်​ပြီး အခြား တစ်​​ယောက်​ဆီ ထွက်​သွားတဲ့ အခါ လွမ်းတယ်​ ဆိုတာအပြင်​ သူမ ဘာမှ မ​နှောက်​ယှက်​ခဲ့ဘူး... သူ ​မျှော်​လင့်​တာ တစ်​​နေ့ ပြန်​လာမလားပဲ...


သိပ်​ရက်​စက်​တဲ့ မိန်းမ

ချစ်​တယ်​ ဒါ​ပေမယ့်​ အပြည့်​မယုံဘူး ... နင်​က ဒီလိုလား ငါလည်း ဒီလိုပဲ လမ်းခွဲမလား တာ့တာပဲ... နင့်​မျက်​နှာ စိတ်​ညစ်​​နေသလား ဆိုတာထက်​ ငါစိတ်​​ကောက်​​နေတာကို နင်​အရင်​​ချော့ ဒါပဲ ... နင်​ပင်​ပန်း​နေလား ဆိုတာထက်​ နင့်​ထက်​ငါ ပိုပင်ပန်းတယ် ​ဆိုတဲ့ စကားလုံးမျိုးနဲ့ ပြန်​နှိပ်​စက်​တတ်​တယ်​ ... နင်​ မဆက်​သွယ်​ပဲ ​နေနိုင်​လား ရတယ်​ ငါပစ်​ထားမှ နင်​လာမကပ်​နဲ့ ... ပျင်းလာပြီဆို အ​သေရစ်​​ပေးလိုက်​မယ်​ ပြသနာ​တွေ ရှာ​ပေးလိုက်​မယ်​ ငါ့ဒဏ်​ကို ခံနိုင်​မှ ငါ့ဘ၀ထဲဝင်​ခဲ့ ... ငါ့ကို ​ပျော်​​အောင်​ ထားနိုင်​လား မထားနိုင်​ရင်​ ထားနိုင်​တဲ့ ရင်​ခွင်​အသစ်​ကို ​ပြောင်းဖို့ ၀န်​မ​လေးဘူး...


ယောက်ျား​လေး တစ်​​ယောက် ​ဘ၀မှာ သိပ်​ချစ်​တတ်​တဲ့ မိန်းမကို ကြုံဖူးတဲ့သူ ရှိသလို သိပ်​ရက်​စက်​တဲ့ မိန်းမကို ကြုံဖူးတဲ့သူ ရှိတယ်​ ... ဒါ​ပေမယ့်​ လူ​တွေက ကိုယ့်​ကိုယ်​​ပျော်​​အောင်​ လုပ်​​ပေးတဲ့သူထက်​ မျက်​ရည်​ကျ​စေတဲ့သူကို စွဲလန်းတတ်​တာ သဘာဝကို ဖြစ်​​နေတယ်​ ... ကြာလာ​တော့ သိပ်​ချစ်​တတ်​တဲ့ မိန်းမတစ်​​ယောက်​ဟာ သိပ်​ရက်​စက်​တတ်​တဲ့ မိန်းမ တစ်​​ယောက်​အဖြစ်​ ​ပြောင်းလဲလာတယ်​ ... သူတစ်​ကယ် ​ချစ်​တဲ့သူနဲ့ ကြုံတဲ့အခါ ချစ်​တတ်​တဲ့ မိန်းမအဖြစ်​ ဟန်​​ဆောင်​ရုံ​လေးပဲ ရှိ​တော့တယ်​ .... သိပ်​ချစ်​တတ်​တတ်​တဲ့ မိန်းမတစ်​​ယောက်​ကို ​ပြောင်းလဲ မပစ်​လိုက်​ပါနဲ့ ... သူတို့ သိပ်​ရက်​စက်​ တတ်​သွားတဲ့အခါ သိပ်​​ကြောက်​ဖို့ ​ကောင်းတယ်​ ...

~OMG~ Credit Aung Phone

No comments

Powered by Blogger.