Header Ads

သင့်ချစ်သူ ဖောက်ပြန်နေပီဆိုတာ သိရှိနိုင်တဲ့အချက်များ


(၁) ဖြေကြားခြင်းမရှိ

ကိုယ့်ရဲ့ လက်တွဲဖော်ဟာ အရင်လို မဟုတ်ပဲ ထူးဆန်း ပြောင်းလဲနေတယ် လို့ ကိုယ့်ဘက်က ခံစား လာရတဲ့အခါ ခေါင်းထဲမှာ မေးခွန်းတွေ ထပ်နေခဲ့ပါတယ်။ ကိုယ့်စိတ်ထဲက မရှင်းတဲ့ အရာတွေကို သူ့ကို မေးတဲ့အခါ ပြန်မဖြေတာမျိုး ရှောင်ထွက်သွားတာမျိုး ၊ စကားလွှဲသွားတာမျိုး ၊ မဖြစ်နိုင်တဲ့ အကြောင်းပြချက်တွေ ပေးတာမျိုး လုပ်တက်ကြပါတယ်။ ဒီလို ရလဒ်မကောင်းကို ခံစားရပြီ ဆိုရင် သူကိုယ့်အပေါ် စိတ်ပြောင်းနေတာ သေချာစပြုနေပါပြီ။

(၂) ဖုန်းကိုနေရာတကာ ယူသွားတယ်

ဖောက်ပြန်နေတဲ့ သူတစ်ယောက်ဟာ သေချာတာတော့ သူရဲ့ဖုန်းကို အမြဲသူ့နားမှာ ထားပြီး နေတက်ပါတယ်။ တကယ်တမ်း ရိုးသားတဲ့သူဆိုရင် သူသုံးနေရင်တောင် ကိုယ်ကြည့်လို့ရပါတယ်။ အဲ အာ့လိုမှ ကြည့်ခွင့် မပေးဘူး ကိုယ်မမြင်အောင်လည်း ဖုန်းခိုးခိုးသုံးတာ ဖုန်းခိုးခိုး ပြောတာ ကိုယ်နဲ့တူတူ ရှိနေချိန် ဖုန်ုးလာရင် မကိုင်တာမျိုးတွေ ဖြစ်လာရင်လည်း သတိထားဖို့လိုအပ်နေပါပြီ။


(၃) ရှောင်နေမယ်

တစ်ယောက်နဲ့ တစ်ယောက် မေတ္တာရှိလို့ ချစ်ခဲ့ကြပြီး မှ အခုနောက်ပိုင်း ကိုယ်နဲ့ဝေးဝေးနေတာမျိုး ၊ မျက်လုံးချင်းဆိုင်ပြီး စကားမပြောတာမျိုး ၊ တစ်ခုခုတိုင်ပင်လိုက်ရင်လည်း စိတ်မပါတဲ့ပုံစံမျိုး၊ကိုယ့်အသား ကို တောင်မထိချင် မကိုင်ချင်ပဲ ခပ်ခွာခွာ မျိုး နေနေပြီဆို သေချာပါပြီ။ ပုံမှန်မဟုတ်တဲ့နေထိုင်မှုမျိုးနဲ့ကိုယ့်ဆီက နေရှောင်ထွက်ဖို့ကြိုးစားနေပါပြီ။

(၄) ပိုလွန်းတဲ့ဆက်ဆံမှု

ကိုယ့်ကို ရှောင်နေတာပဲ ဖောက်ပြန်တဲ့လက္ခာ မဟုတ်ပါဘူး ၊ အရမ်း ကောင်းလွန်းနေရင်လည်း စိတ်ပူစရာပါပဲ။ အရင်ထဲက ပုံမှန်ကိုယ့်ကို ဂရုစိုက်လာတဲ့ လက်တွဲဖော်မျိုး ဆိုရင်တော့ သိပ်မဆန်း ကြယ်ပေမဲ့ အရင် ကကိုယ့်ကို ဆက်ဆံတာတွေနဲ့ အလွန့်အလွန် ကွာခြားလွန်းတဲ့ ပုံစံတွေနဲ့ မလိုအပ်ပဲ ကောင်းပြနေရင်လည်း သတိထားပါ။ ဒါ သွေးရိုးသားရိုးမဟုတ်ပဲ သူ့အပြစ်ဖုံးချင်လို့ကိုယ့်အပေါ် ကောင်းပြနေတာလည်း ဖြစ်နိုင်ပါတယ်။

(၅) သူ့ပတ်ဝန်းကျင်က ပါပြောပြနေတယ်

သူပြောင်းလဲနေတာ တွေကို ကိုယ်တင်မကပဲ သူ့ပတ်ဝန်းကျင်ကပါ သိနေရင် ဒါရိုးရိုးသားသား မဟုတ်နိုင်ပါဘူး ။ ဥပမာ- ရုံးကို နောက်ကျမှ ရောက်တက်ကြောင်း လုပ်ဖော်ကိုင်ဖက်တွေဆီက သိရတာမျိုး၊ သူငယ်ချင်းတွေနဲ့ တွေ့လည်း ဖုန်းခနခန လာတက်ကြောင်း ပြန်ကြားရတာ မျိုးဆိုရင် မပေါ့ပါနဲ့ ။ သူဘာတွေ လုပ်နေလဲဆိုတာ အဖြေရှာဖို့လိုပါပြီ….

ဖောက်ပြန်တက်တဲ့ သူတစ်ချို့ရဲ့ အနီးစပ်ဆုံး အပြုမူ အနည်းငယ်ကို ဖော်ပြလိုက်ပါတယ်။ လူတိုင်း ကောင်းမွန်ရိုးသား သစ္စာရှိတဲ့ လက်တွဲဖော်တွေနဲ့ ပျော်ရွှင်စွာရှေ့ဆက်နိုင်ကြပါစေ လို့ဆုတောင်းရင်း….

credit to original

No comments

Powered by Blogger.