Header Ads

မနက်ဖန် ဇန်န၀ါရီ ၃၁ တွင် အလုံးစုံ လကြတ်ခြင်း ဖြစ်ပေါ်မည်


နက်ဖြန် ဇန်န၀ါရီ ၃၁တွင် ဖြစ်ပေါ်မည့် လကြတ်ခြင်းကို နိုင်ငံအတော်များများမှ မြင်တွေ့နိုင်ကြမည်ဖြစ်သည်။

ရန်ကုန်မြို့မှ ဆိုလျှင် ညနေ ၅ နာရီ ၂၁ မိနစ်တွင် ဖြစ်ပေါ်မည့် အငွေ့ကြတ်ခြင်းကိုမူ လ၀န်း၏ အမြင့်ကြောင့် မမြင်နိုင်သော်လည်း ညနေ ၅ နာရီ ၅၃ မိနစ်တွင်မူ မိုးကုတ်စက်ဝိုင်းတွင် လ၀န်း ထွက်ပေါ်လာသည်ကို စတင်မြင်တွေ့ ရမည်ဖြစ်ပြီး၊ ညနေ ၆ နာရီ ၁၈မိနစ်တွင်မူ လသည် အနီရောင် သန်းလာမည်ဖြစ်ကာ တပိုင်းတစ လကြတ်ခြင်း စတင်ပြီဖြစ်သည်။

ထို့နောက် ည ၇ နာရီ ၂၁ မိနစ်တွင်မူ အလုံးစုံ လကြတ်ခြင်း စတင်ပြီး၊ ၈ နာရီ ၃၇ မိနစ်တွင်မူ အလုံးစုံ လကြတ်ခြင်း ပြီးဆုံးမည်ဖြစ်ကာ၊ ည ၉ နာရီ ၄၁ မိနစ်တွင်မူ တပိုင်းတစ လကြတ်ခြင်း ပြီးဆုံးမည်ဖြစ်ပီး၊ ည ၁၀ နာရီ ၃၈ မိနစ်တွင်မူ အငွေ့ကြတ်ခြင်းပြီဆုံးကာ လကြတ်မှုဖြစ်စဉ်များ အဆုံးသတ်မည် ဖြစ်ကြောင်း နက္ခတ္တဝေဒ သုတေသီ ဆရာဦးဘုန်းကြူဖေကပြောသည်။

ယခု လကြတ်ခြင်းကို မြောက်အမေရိက၊ ဥရောပ၊ ရုရှား၊ အာရှအလယ်ပိုင်း၊ အိန္ဒယနှင့် မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှနိုင်ငံများမှ မြင်တွေ့ရမည် ဖြစ်သည်။ ယခု အလုံးစုံ လကြတ်ခြင်းကို စူပါသွေးပြာရောင်လပြည့်(Super Blue Blood Moon) ဟုလည်း နိုင်ငံတကာ သုတေသီတို့က ခေါ်ဝေါ်ကြသည်။ လကြတ်ခြင်းဖြစ်စဉ်ဆိုသည်မှာ နေ၊ ကမ္ဘာနှင့် လတို့ တတန်းတည်းရှိချိန်တွင် ကမ္ဘာ၏ အရိပ်က လပေါ်သို့ ကျရောက်ခြင်းပင်ဖြစ်သည်။

New Watch

No comments

Powered by Blogger.