အရာရာတိုင်းမှာ ရင့်ကျက်ဖို့ အရေးကြီးတယ်
~~~~~~~~~~~
ကိုယ် သိပ်ချစ်ဖူးသူကို စွန့်လွတ် အရှုံးပေးခဲ့ရဖူးသလို ကိုယ်အပေါ် တန်ဖိုးထား အလေးပေးခဲ့သူကိုလည်း ဥပေက္ခာ မျက်ကွယ် ပြုခဲ့မိဖူးသည်။
ကိုယ် ယုံကြည့်လေးစားမှုတွေကို နင်းချေဖျက်စီးခဲ့သူကို ကြုံတွေ့ခဲ့ဖူးသလို ကိုယ့်အပေါ် ယုံကြည်အားကိုးမိသူ တွေကိုလည်း ပြန်လည်ရခဲ့ဖူးသည်။
ကိုယ် စေတနာကို တန်ဖိုးမထားတတ်သူတွေကိုလည်း ဆုံတွေ့ခဲ့ရသလို့ ကိုယ့်မေတ္တာတွေကို ဘဝတစ်ခုလို မျှော်လင့်နေသူတွေနဲ့လည်း ဆုံစည်းစေခဲ့ဖူးသည်။
ကိုယ့် အပေါ် အမုန်းတရားတွေထား အမြဲ တိုက်ခိုက်သူတွေလည်း ရှိခဲ့ဖူးသလို ကိုယ် ဘယ်လောက်မှားမှား အမြဲတမ်း ခွင့်လွတ်ပေးတဲ့ သူမျိုးနဲ့လည်း ခင်မင်ခဲ့ဖူးသည်။
တစ်ခါတစ်ရံတော့ ဘဝဆိုတာ ကြိုပြီး ရွေးချယ်ခွင့် မရှိတဲ့ဘဝရဲ့ ပုစ္ဆာတွေမို့ မလိုချင်တာတွေလည်း ရတတ်သလို လိုချင်တာတွေလည်း ဆုံးရှုံးရတတ်တယ်။ အဆိုးတွေနဲ့ ကြုံဆုံရတိုင်း ကိုယ့်ပတ်ဝန်းကျင် တစ်ခုလုံး အဆိုးတွေပါလို့ တွေးမြင်လို့ မရသလို ကောင်းတာတွေ ရရှိတိုင်းလည်း ကိုယ့်ပတ်ဝန်းကျင်က သူတွေလူကောင်းတွေပါလို သတ်မှတ်နိုင်ဖို့ မဖြစ်နိုင်ဘူး။ ဘဝဆိုတာ အဆိုးနဲ့ အကောင်း ဒွန်တွဲတည်ရှိ နေတတ်တာမို့ ဘဝမှာ ဘာပဲကြုံဆုံလာလာ ကိုယ်စိတ်ကို အတတ်နိုင်ဆုံး ရင့်ကျက်တည်ငြိမ်အောင် ထိန်းထားတတ်ဖို့ပဲ အရေးကြီးဆုံးပါ။
CRD #မိုးရည် စက်များ
Post a Comment