Header Ads

ချစ်သူရပီးမှ ခြေစွမ်းတွေ ပြနေတဲ့ တိုက်စစ်မှုးအောင်သူ


Toyota Thai League အသင်း တစ်သင်းဖြစ်တဲ့ Police Tero အသင်းမှာ ကစားနေတဲ့ အောင်သူ အနေနဲ့ အသင်းရဲ့ ခြေစမ်းပွဲ (၅) ပွဲမှာ (၄) ဂိုး သွင်းယူ ပေးထားခဲ့တာ ဖြစ်ပါတယ်။ အောင်သူ့အနေနဲ့ ဇန်နဝါရီလ (၂၈) ရက်နေ့က Suwon အသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာပါ ။ Suwon အသင်းဟာ ပြီးခဲ့တဲ့ ရာသီမှာ K League (2) မှာ အဆင့် (၆) ရရှိထားခဲ့တဲ့ အသင်းကောင်းတစ်သင်း ဖြစ်ပါတယ်။



ထိုင်းလိဂ်ဝမ်း အနေနဲ့လည်း လာမယ့် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စတင်တော့မှာ ဖြစ်ပြီး ပထမဆုံးပွဲမှာ မြန်မာ ကစားသမားနှစ်ယောက် ထိပ်တိုက်တွေ့ဆုံ ရတော့မှာ ဖြစ်ပါတယ်။ အဲဒီပွဲကတော့ အောင်သူ ပါဝင်တဲ့ Police Tero အသင်းနဲ့ နန္ဒလင်းကျော်ချစ် ပါဝင်တဲ့ PT Prachuap အသင်းတို့ရဲ့ ပွဲစဉ်ပဲ ဖြစ်ပြီး PT Prachuap ကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

FROM@HOTNEW

No comments

Powered by Blogger.