Header Ads

👧 အသဲကွဲဖူးပီး မာနကြီးတဲ့ မိန်းခလေးကို ချစ်မိနေရင် 💘


💓💓💓💓💓💓💓💓👧

💔 သူတို့ဟာ လှလှပပ အသဲကွဲခဲ့ ဖူးကြတယ်

ခမ်းနားတဲ့ အိပ်မက် နန်းတော်တွေ တည်ဆောက်ခဲ့ပီးကာမှ ချစ်သူက ရုတ်တရက် သစ္စာဖေါက်သွား လှည့်စားသွားတာ ကြုံခဲ့ဖူးတဲ့ အတွက် အချစ်ကို စိတ်နာနေပါလိမ့်မယ်… သူတို့ ဘဝထဲကို တကယ်နှစ်နှစ်ကာကာ မချစ်ပေးနိုင်ဘဲ အပျော်သက်သက်ဆို လာရာလမ်းအတိုင်း လှည့်ပြန်လိုက်ပါ.. သူတို့က ဒုတိယအကြိမ် ထပ်အညံ့ခံမှာ မဟုတ်တော့လို့ပါ။

💘 လွယ်လွယ်နဲ့ အချစ်ကို ရွေးချယ်မှာ မဟုတ်တော့ဘူး

First love က ပညာပြသွားတာ ကစားသွားတာ ခံခဲ့ရလို့ တော်ရုံနဲ့ အသစ်တစ်ယောက်ကို လက်ခံဖို့ ခေါင်းညိတ်ဖို့ ကြောက်နေပါလိမ့်မယ်…သူတို့ရဲ့ စိတ်ထဲမှာ ရည်းစားထားမယ့် အစား သေလိုက်တာကမှ အေးမယ် ဆိုတဲ့ Psycho ရှိနေတဲ့အတွက် ခက်ခက်ခဲခဲ ကြိုးစားရပါလိမ့်မယ်။

💘 အရာရာ အားလုံးရဲ့ရှေ့ ပထမနေရာ ထားနိုင်ရဲ့လား

သူတို့ အတိတ်တွေက ခါးသီးလွန်းပါတယ်… တရစပ်  ဥပေက္ခာတွေ အပြုခံခဲ့ရ ပစ်ချခံခဲ့ရ နာကျင်ခဲ့ရ ငိုကြွေးခဲ့ တဲ့အတွက် ဒုတိယနေရာ ထားခံရတာ ချောင်ထိုးခံရတာတွေ မုန်းတီး ရွံရှာ နေတတ်ပါတယ်… ပထမနေရာကနေ တန်ဖိုးထား ချစ်ပေးနိုင်မှ သူတို့ဘဝထဲ ဝင်သွားသင့်ပါတယ်။

💘 သူတို့မှာ မာနဆိုတဲ့ အကောင်းဆုံး လက်နက်ရှိတယ်

အချောင်ရမလား အီစီကလီ သွားမလုပ်နဲ့ ချေလိုက်လို့ ကြေသွားမယ်… အညှာလွယ်တယ် ထင်ပြီး ပေါတောတော သွားမလုပ်နဲ့ မျက်ရည်ပါ ဗူးသီးလုံးလောက် ကျသွားတဲ့ အထိ ပလစ်ခံရမယ်  ဖိန့်ဖိန့်နဲ့ ရုပ်ရည်လေးအားကိုး သွားမမိုက်နဲ့ အဖက်တောင်ပြန် မလုပ်ဘဲနေလို့ အရှက်ဗြန်းဗြန်း ကွဲသွားမယ်လေ။


💘 သူတို့ရဲ့ နှလုံးသားအင်ဂျင်က နှိုးရခက်တယ်

အလုပ်ထဲ စိတ်တွေနှစ်ထားမယ် ရင်ခုန်စေမယ့် ကိစ္စဆိုလို့  ကော်ဖီအပြင်း သောက်တာလောက်ဘဲ ရှိတော့တာလေ… သူငယ်ချင်းတွေကို ပိုချစ်မယ် မျက်ရည်ကျစရာ ဆိုလို့ ဟင်းချက်တဲ့အခါ ကြက်သွန်နီ လှီးတာလောက် ရှိတော့တာ… သံယောဇဉ် အဖြစ်မခံဘူး ကိုယ့်ထမင်း ကိုယ်စားပြီး သူများ သားသမီး အားအားယားယား ထိုင် မလွမ်းတတ်ဘူး။


💘 သစ္စာတရားကို အသက်ထက်ပို တန်ဖိုးထားကြတယ်

ကတိတွေ လွယ်လွယ်ပေး ပျက်သွားတတ်တဲ့ သူဆို အသေမုန်း တတ်တယ်။ သူတစ်ယောက်ထဲကိုဘဲ ချစ်ပေး ဂရုစိုက်ပေးလိုက် သင့်အနားက သေတဲ့အထိ ထွက်မသွားဘူး… အခက်အခဲ  ရှိလာလည်း ပစ်မသွားဘူး ဘေးနားက သေအတူ ရှင်မကွာ  ရပ်တည်ပေးလိမ့်မယ်။

crd#s_m#

No comments

Powered by Blogger.