Header Ads

ဒေါ်လာ ၆၅၀ ကုန်ကျမယ့် ဝေးစေ့ဖြူစေတဲ့ ကုသမှု ထိုင်းအမျိုးသားများအကြား ရေပန်းစား


ဝှေးစေ့ဖြူစေတဲ့ ကုသမှုကို လက်တလော ထိုင်းအမျိုးသားတွေ အကြား ရေပန်းစား ပြုလုပ်နေ ကြပါတယ်။ လေဆာ ရောင်ခြည်ကို အသုံးပြုပြီး ယောင်္ကျား လိင်တံနဲ့ ယောင်္ကျား အင်္ဂါတွေကို ဖြူသွားအောင် ပြုလုပ်ဖို့ ဆန္ဒရှိနေကြတယ် လို့ သိရပါတယ်။


ထိုင်းနိုင်ငံရှိ အလှအပ ဝန်ဆောင်မှု ပေးနေတဲ့ ဆေးရုံ တစ်ခုဆိုရင် ဒီလို အမျိုးသား အင်္ဂါဖြူအောင် ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုဟာ တစ်ရက်ကို ဧည့်သည်အမျိုးသား သုံးဦးကနေ လေးဦးအထိ လာရောက် ဝန်ဆောင်မှု ပြုလုပ်တာလည်း ဖြစ်တယ်လို့ ဆေးရုံ တာဝန်ခံ ဗန်းသီတာဝပ် တနန်စရီက AFP သတင်း ဌာနကို ပြောကြားခဲ့ပါတယ်။


ဘန်ကောက်မြို့မှာ ဖွင့်လှစ်ထားတဲ့ အဆိုပါ ဆေးရုံဟာ ဆိုရင် ယင်းကဲ့သို့ အမျိုးသား အင်္ဂါ ဖြူဖွေးလာအောင် လေဆာ ဓာတ်ရောင်ခြည်နဲ့ ပြုလုပ်ပေးတဲ့ ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ခြောက်လကတည်းက စတင်ပြီးတော့ လုပ်ကိုင်ပေးခဲ့တာဖြစ်ကာ လာရောက် ပြုလုပ်ကြတဲ့ အမျိုးသား ဧည့်သည်တွေ ဆိုရင် အသက် ၂၂ နှစ်မှ အသက် ၅၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ကြတယ် လို့ သိရပါတယ်။


ပေါင်ခြံ အတွင်းသားထဲမှာ မဲပြီး ဂျွတ်စွဲကာ ချွတ်မရတဲ့ အသားတွေနဲ့ ကျားအင်္ဂါ အစိတ်အပိုင်းတွေကို ဖြူလာအောင် ပြုလုပ်တဲ့ပေးတဲ့ အလှအပ ဝန်ဆောင်မှုကို တစ်လအတွင်း အမျိုးသားပေါင်း ၁၀၀ ကျော် လာရောက်ပြုလုပ်ခဲ့ပီး ဒီကုထုံးဟာ အဆင့်မြင့်တဲ့ လေဆာ ဓာတ်ရောင်ခြည် ကုထုံးနဲ့ အလှအပ ဖန်တီးပုံဖော်မှု ဖြစ်တာကြောင့် အကျိုးရလာဒ်လည်း ထူးခြားကောင်းမွန်တယ် လို့ ဆိုပါတယ်။


ထိုင်းနိုင်ငံက အလှအပ စိတ်ဝင်စားပြီး ခေတ်ရေစီးကြောင်း အလိုက် နေထိုင်ချင်တဲ့ အမျိုးသားတွေကတော့ ဒီ လေဆာကုထုံးနဲ့ ပြင်ဆင်မှုကို စိတ်ဝင်စား နေကြပါတယ်။


ကုန်ကျစရိတ် အနေနဲ့ အပိုင်းငါးပိုင်း ပေးချေရတဲ့ ဝန်ဆောင်မှုဟာ ဒေါ်လာ 650 ကုန်ကျမှာဖြစ်ကာ ဒီကို အလှအပ ပြင်ဆင်မှု ဝန်ဆောင်မှု ပေးခြင်းက ကိုယ်ပိုင် ခန္ဓာကိုယ် အချိုးအစားနဲ့ အရေပြား ပိုင်ဆိုင်ထား သူတွေရဲ့ ပြောင်းလဲချင်နေတဲ့ ဆန္ဒနဲ့ အလှအပကို လိုလား ကြိုက်နှစ်သက်သူတွေ အတွက်တော့ တကယ့်ကို ကောင်းမွန်တဲ့ အရာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။


@Loveshortnotes

No comments

Powered by Blogger.