မိန်းမတွေဟာ အနိုင်ကျင့်ခံလူတန်းစားတွေ မဟုတ်ဘူး
ရှေး ရှေးအခါကတည်းက မိန်းမတစ်ယောက် ဖြစ်ပြီ ဆိုရင် ပတ်ဝန်းကျင်က အနိုင်ကျင့်ခံ လူတန်းစားလို့ သတ်မှတ် ထားကြတယ်။ တိုးတက်နေတဲ့ နိုင်ငံတွေနဲ့ အသိဖွံ့ဖြိုးမှု အားကောင်းတဲ့ နိုင်ငံတွေမှာတော့ မိန်းမ နဲ့ ယောက်ျား တန်းတူ အခွင့်အရေးရှိသလို Lady first ဆိုတဲ့ ကျင့်ထုံးကို လေးစား လိုက်နာကြတယ်။
ကိုယ့်ရဲ့ မြန်မာနိုင်ငံမှာတော့ မိန်းမတစ်ယောက် ဖြစ်ရတာ ဘဝအတွက်လည်း မလုံခြုံ ကဲ့ရဲ့ အပြစ်တင်ခြင်း တွေလည်းများ ၊ မုဒိန်းအကျင့်ခံရ အသက်တောင် အသေခံနေရတယ်။ မိန်းမတစ်ယောက်ဟာ လင်သေလို့ မုဆိုးမဖြစ်ရင် " မုဆိုးမကြီးပါကွာ အလကားဟာမ " လို့ အနှိမ်ခံရတယ်။ လင်ယောက်ျားနဲ့ ကွဲကွာလိုက်တော့လည်း " တစ်ခုလပ်ကြီးဟ " ဆိုပြီး တန်ဖိုးမထား ကြပြန်ရောလေ။
တစ်လင်ပြီး တစ်လင်ပြောင်းလို့ လင်ကြီး လင်ငယ် အမြှောင် တွေထားပြီး ငွေချူစားနေတဲ့ သိက္ခာမဲ့ မိန်းမတွေထက် ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ် ကိုယ့်ဒူးကိုယ်ချွန်နေတဲ့ မုဆိုးမတစ်ယောက် တစ်ခုလပ် တစ်ယောက်ဟာ ပိုလို့ ဂုဏ်ရှိတယ် ဆိုတာ တစ်ချို့သော လူတွေ မသိကြဘူး။ ပတ်ဝန်းကျင်ဆိုးတွေက တစ်ခုလပ် မုဆိုးမဆိုရင် ရွံရှာကြတယ် ဝန်းကျင်ကနေ ဖယ်ကျင်ခံရတယ်။
ပြောပါဦးမယ် မုဆိုးမတစ်ယောက် ဖြစ်တာ ဘာဖြစ်လို့လဲ ? လင်ယောက်ျား သေလို့ ဖြစ်တာလေ ဘာလို့ နှိမ်ချင်ကြတာလဲ ? တစ်ခုလပ်ဖြစ်တာလည်း လင်ယောက်ျားနဲ့ အကြောင်း မတိုင်ဆိုင်လို့ လမ်းခွဲကြတာပဲလေ။ ဘာလို့ နှာခေါင်း ရှုံ့ချင်ကြတာလဲ ? မိန်းမတွေလည်း လူသားတွေပါပဲ။ မြင့်မြတ်ပါတယ် ဆိုတဲ့ ယောက်ျားတွေက မိန်းမတွေဟာ ယုတ်နိမ့်တယ် ဆိုတဲ့မူကို ကိုင်စွဲထားကြတယ်။
စေတီပုထိုးပေါ် မိန်းမ မတက်ရ မိန်းမ မဝင်ရ ဆိုတာ ဗုဒ္ဓဘာသာဝင် မြန်မာ မိန်းခလေးတွေ နားလည်ကြပါတယ်။ သို့သော်လည်း မိန်းမတစ်ယောက် ဖြစ်ရင် ယောက်ျားတွေထက် ယုတ်နိမ့်တယ် ဆိုတဲ့ သတ်မှတ်ချက်ကြီးက မိန်းမ တစ်ယောက်ရဲ့ဘဝကို အတော် အားငယ်စေတာပါ။ လင်သေမုဆိုးမ တစ်ယောက်နဲ့ တစ်ခုလပ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ဟာ ကိုယ်ချင်း စာနာစိတ် မရှိတဲ့ ယောက်ျားတွေထက် အပုံကြီး သာတယ်ဆိုတာ သိစေချင်ပါတယ်။
မုဆိုးမ ကလေးအမေ တစ်ယောက်က နောက် အိမ်ထောင်ပြုတော့ စက်ဆုတ်စရာလို့ထင်ပြီး မုဆိုးဖို ကလေးအဖေ တစ်ယောက်က နောက် အိမ်ထောင်ပြုတော့ ဆေးပေးမီးယူ အဖြစ် ပတ်ဝန်းကျင်က သတ်မှတ်ကြတယ်။ တစ်ခုလပ် ဖြစ်လို့လည်း အားငယ်စရာ မလိုသလို လင်သေမုဆိုးမ တစ်ယောက် ဖြစ်ရတာလည်း ဘာမှ ဂုဏ်သိက္ခာ ကျသွားစရာ မရှိပါဘူး။ 💪
အမေဆိုတာ မိန်းမတစ်ယောက်ပါ။ ဒီအမေ ထဘီအောက်ကနေ မွေးဖွားလာတဲ့ မြင့်မြတ်တဲ့ ယောက်ျားဆိုတာတွေက မိန်းမဆိုတာ ယုတ်နိမ့်တယ် လို့ ထပ်ကာတလဲလဲ ပြောနေကြတာ အံ့သြမိပါတယ်😕 လူသားချင်း စာနာပေးပါ။ မိန်းမ တစ်ယောက်ကို ကိုယ့်စိတ်ထင်တိုင်း အနိုင်မကျင့်ကြပါနဲ့ 😒 မိန်းမတွေက အနှိမ်ခံလူတန်းစား မဟုတ်ဘူး။ အနိုင်အကျင့်ခံ လူတွေ မဟုတ်ဘူး။
😕 ခပ်မြင့်မြင့်က လှပတဲ့ ပန်းလေးတစ်ပွင့် ဖြစ်ပါစေ🌼
credit to original
Post a Comment