ပျိုမေတို့ တင်သားထွက်အောင်
(၁) မနက် အိပ်ရာထမှာ ပရိုတင်းကြွယ်ဝတဲ့ အုတ်ဂျုံကို နေ့စဉ် သောက်သင့်တယ်။ ပြီးရင် ကြက်ဥပြုတ် အကာ (၂) လုံး မနက်တိုင်း စားပါ။
(၂) နေ့ပိုင်း ထမင်းစားပြီးတာနဲ့ ကန်စွန်းဥပြုတ် (၂) လုံး အမြဲစားပါ။ ပြီးရင် ပဲနို့ (၁) ခွက် ဆက်သောက်ပါ။ နေ့လည်စာထဲမှာ အာလူးပြုတ် သို့မဟုတ် ပဲနီလေးတမျိုး အမြဲ ပါဝင်သင့်တယ်။
(၃) ညနေပိုင်းမှာ ထောပတ်သီးဖျော်ရည် သောက်သင့်တယ်။ အာနိသင်ကောင်းအောင် အဆီ ထုတ်မထားတဲ့ နွားနို့ ထည့်သောက်ရမယ်။
(၄) ညစာ စားပြီးတဲ့အခါ အစေ့အဆန် တမျိုးမျိုး ထည့်စားပါ။ ဥပမာ သီဟိုဠ်စေ့၊ သစ်ကြားသီး၊ နေကြာစေ့ စသည်ဖြင့် လက်တစ်ဆုပ်စာ စားသင့်တယ်။
(၅) ညအိပ်ခါနီးတိုင်း ပဲနို့တစ်ခွက် သောက်ပြီးမှ အမြဲအိပ်ပါ။
ဒီစားသောက်မှု နည်းစနစ်ဟာ အီစတိုဂျင်ဟော်မုန်းကို မြှင့်တင်ပေးနိုင်ပြီး တင်သားထွက်ချင်တဲ့ မိန်းကလေးတွေအတွက် အကောင်းမွန်ဆုံး စားသောက်နေထိုင်မှု ပုံစံတမျိုး ဖြစ်ပါတယ်။ လက်တွေ့ကျကျ အသုံးချခြင်းဖြင် တစ်လအတွင်း တင်သား ထွက်လာနိုင်တယ်။
ဒေါက်တာ အေးမင်းထူး
Post a Comment