Header Ads

နေ့ရက်အလိုက် ဆံကေသာဆီလူးခြင်းရဲ့ ကောင်းကျိုး ဆိုးကျိုးများ


လူတိုင်း လူတိုင်း ဆံကေသာကို ဆီလူးကြမှာပါ။ ဆီမလိမ်း တတ်သူများလည်း ရှိကြမှာပါ။

ဆံကေသာ ဆီလူးခြင်းများအတွက် ဗဟုသုတလေး တင်ပေးချင်ပါတယ်။

သိသူ ဖော်စားပါ။ မသိသူတေတော့ ကျော်သွားကြပါရှင့်…

** တနင်္ဂနွေနေ့၌ ကေသာ ဆီလူးပါက အဆင်းယုတ်မည်။ တင့်တယ်မှု ဆုတ်ယုတ်မည်။

** တနင်္လာနေ့၌ ကေသာ ဆီလူးပါက လူအများ၏ နှစ်လိုခြင်းခံရမည်။

** အင်္ဂါနေ့၌ ကေသာ ဆီလူးပါက  ရန်ဖြစ်မည်။ စကားများရမည်။

** ဗုဒ္ဓဟူးနေ့၌ ကေသာ ဆီလူးပါက  ကျက်သရေ တိုးပွားမည်။ တင့်တယ်မည်။

** ကြာသပတေးနေ့၌ ကေသာ ဆီလူးပါက  ဦးခေါင်းခဲခြင်း၊ အကြောတတ်ခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်းတို့ ကြုံမည်။

** သောကြာနေ့၌ ကေသာ ဆီလူးပါက လာဘ်ရွှင်မည်။ ငွေဝင်ကိန်း ကြုံမည်။

** စနေနေ့၌ ကေသာ ဆီလူးပါက အမှုပြသနာ အလုံးစုံ အောင်မြင်နိုင်ပါသည်။

credit original

No comments

Powered by Blogger.