ချစ်တင်းနှောခြင်း နောက်ကွယ်က အကျိုးကျေးဇူးများ 😎
ဘော်ဒါတို့ရေ ပိုချစ်ကြလေလေ ပိုကျန်းမာကြလေလေ ဆိုတဲ့ စကားလေးအတိုင်း ချစ်တင်းနှောခြင်းဟာ ကျန်းမာရေး အတွက် အံ့သြစရာ ကောင်းလောက်အောင် အကျိုးကျေးဇူးတွေ ရှိနေပါတယ် တဲ့ ။ ဒါကြောင့် ချစ်တင်းနှောခြင်းက စိတ်ပိုင်းဆိုင်ရာ သာယာ ကျေနပ်မှုတွေကို ပေးစွမ်းနိုင်ရုံ သာမက အခြားအခြားသော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာ သန်စွမ်းမှုတွေနဲ့ ရောဂါဖြစ်ပွားနိုင်မှု တွေကိုပါ လျော့ချပေးနိုင်တယ် ဆိုတဲ့ အကြောင်းအရာလေး အချို့ကို အောက်မှာ ဖော်ပြထားပါတယ်နော်။ ဘော်ဒါတို့လည်း တူတူ ဖတ်လိုက်ကြရအောင် ။
❎ အအေးမိ ဖျားနာခြင်းတွေကို လျော့ပါးစေတယ်
လေ့လာချက်တွေအရ ချစ်တင်းနှောခြင်းဟာ ခန္ဒာကိုယ်အတွက် မလိုလားအပ်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ နဲ့ အခြား ဖျားနာခြင်းတွေကို ဖြစ်ပေါ်စေတဲ့ ရောဂါပိုးမွှားတွေကို တားဆီးကာကွယ် ပေးနိုင်စွမ်း မြင့်မားစေပါတယ်။
❎ သွေးဖိအားကို လျော့ကျစေတယ်
သင်က သွေးတိုးရောဂါကို ပြင်းထန်စွာ ခံစားနေရသူ တစ်ယောက်လား။ ဒါဆိုရင်တော့ ချစ်တင်းနှောခြင်းက အများကြီး သင့်အတွက် အထောက်အကူ ဖြစ်စေမှာပါ။ လေ့လာချက်တွေ များစွာအရ ချစ်တင်းနှောခြင်း ( တစ်ကိုယ်ရည် အာသာဖြေခြင်းမဟုတ်) ဟာ လူ့ခန္ဒာကိုယ်က သွေးပေါင်ချိန်ကို ချက်ချင်း လျော့ကျသွားစေတယ် ဆိုတဲ့ မှတ်ချက်တွေကိုလည်း တွေ့ရှိရပါတယ်။
❎ ကယ်လိုရီတွေကို လောင်ကျွမ်းစေတယ်
အခြားသော ကိုယ်လက်လှုပ်ရှားမှု အားကစားတွေ လိုပါပဲ ချစ်တင်းနှောခြင်းဟာ ခန္ဒာကိုယ်က အဆီပိုတွေကို လောင်ကျွမ်းစေဖို့အထောက်အကူ ပြုပေးပါတယ်။ ထိုင်ပြီး TV ကြည့်ခြင်းဟာ တစ်မိနစ်ကို one calorie သာ လောင်ကျွမ်းပျက်စီးစေပေမယ့် ချစ်တင်းနှောခြင်းကတော့ တစ်မိနစ်ကို five calories အထိတောင် လောင်ကျွမ်းပေးစေနိုင်ပါတယ်။
❎ နှလုံးရောဂါဖြစ်ပွားမှုကို လျော့ကျစေတယ်
ချစ်တင်းနှောခြင်းဟာ ခန္ဒာကိုယ်က estrogen နဲ့ testosterone လို့ခေါ်တဲ့ ဟော်မုန်းဓာတ်တွေရဲ့ level ကို ထိန်းညှိပေးထားနိုင်ပါတယ်။ အဲ့ဒီ ဟော်မုန်းဓာတ်တွေကသာ ခနာကိုယ်တွင်းမှာ ညီညွတ်မျှတမှု မရှိဘူးဆိုရင် သင့်ရဲ့နှလုံးကို ထိခိုက်စေမှာ အသေအချာပါပဲ။ လေ့လာချက်တစ်ခုအရ တစ်ပတ်ကို အနည်းဆုံး နှစ်ကြိမ် ချစ်တင်းနှောသူတွေဟာ သာမန်လူတွေထက် နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေ ၅၀ ရာခိုင်နှုန်း ပိုမိုလျော့နည်းပါတယ်။
❎ ကောင်းမွန်တဲ့ အိပ်စက်မှုကို ပိုင်ဆိုင်စေပြီး စိတ်ဖိစီးမှုကို လျော့ကျစေတယ်
ချစ်တင်းနှောခြင်းက သင့်ရဲ့ အိပ်စက်ချိန်တွေကို ကောင်းမွန်စွာ ထိရောက် အကျိုးရှိစေပြီး ပုံမှန် အချိန်တွေထက် သက်တောင့်သက်သာနဲ့ ပိုမို အိပ်ပျော်စေပါတယ်။ ပြီးတော့ ချစ်တင်းနှောတဲ့အခါ ပွေ့ဖက်ခြင်း ၊ နမ်းရှုပ်ခြင်း နဲ့ အခြား ပွတ်သီးပွတ်သပ် အထိအတွေ့ တွေဟာ စိတ်ကို ကျေနပ် သာယာစေပြီး စိတ်ဖိစီးမှုတွေ၊ ဒေါသတရားတွေကို ပြေလျော့ သက်သာစေပါတယ်။
❎ ငယ်ရွယ် နုပျိုစေပြီး ဦးနှောက်စွမ်းရည်ကို ပိုမိုမြင့်မားစေပါတယ်
တစ်ခါတုန်းက လေ့လာချက်တစ်ခုမှာ အမျိုးသားတွေကို ပါဝင်စေပြီး လေ့လာသူတွေက ပါဝင်သူတွေရဲ့ အသက်ကို ခန့်မှန်းခဲ့ပါတယ်။ အဲ့ဒီအခါ တစ်ပတ်ကို အနည်းဆုံး ၄ ကြိမ် ပုံမှန် ပါတနာတွေနဲ့ ချစ်တင်းနှောလေ့ ရှိသူတွေဟာ ရှိရင်းစွဲ အသက်ထက် ၇နှစ်ကနေ ၁၂နှစ်အထိ ငယ်ရွယ်ပုံ ပေါက်နေတာကို တွေ့ရပါတယ်။ ဒါ့အပြင် ချစ်တင်းနှောခြင်းဟာ ဦးနှောက်ရဲ့ အလုပ်လုပ်နိုင်စွမ်းကိုလည်း ပိုမိုမြင့်မား စေနိုင်ပါသေးတယ်။
ကဲ ဘော်ဒါတို့ရေ အကျိုးကျေးဇူးတွေကတော့ ရှယ်ပဲနော် ၊ ဒီတော့ ဘာလုပ်မှာလဲပြော ။
ဒီစာလေးကို ကြိုက်နှစ်သက်ခဲ့ရင် like & share လုပ်ခဲ့ဖို့မမေ့နဲ့အုံးနော်...😎
credit upupmm
Post a Comment