ယောကျာင်္းဆိုတာ ကိုယ့်ရှေ့မှာ အရမ်းချစ်ပါတယ် ပြောနေပေမဲ့လည်း နောက်ကွယ်မှာ ချစ်ချင်မှချစ်တာမျိုး
ယောကျာင်္း ဆိုတာ... ကိုယ့်အရှေ့မှာ အရမ်းချစ်ပါတယ် ပြောနေပေမဲ့လည်း ကိုယ့်နောက်ကွယ်မှာ ချစ်ချင်မှချစ် တတ်တာမျိုး။ ကိုယ့်ရှေ့မှာ မင်းကလွဲလို့ ဖွဲစကွဲပါလို့ ပြောနေပေမဲ့လည်း ကိုယ့်နောက်ကွယ်မှာ နောက်တစ်ယောက်နဲ့ တွဲချင်တွဲ နေတတ်တာမျိုး။
ကိုယ့်အရှေ့မှာ မင်းမရှိရင် အသက် မရှင်နိုင်တော့ဘူး ပြောနေပေမဲ့လည်း ကိုယ့်ရဲ့ နောက်ကွယ်မှာ မင်းနဲ့တွေ့ရတာ အသက်မဲ့သူလို သေမထူး နေမထူး ဘဝရောက်နေတယ် လို့ ထင်ချင်ထင် နေတတ်တာမျိုး။ ကိုယ့်အရှေ့မှာ မင်းက လွဲလို့ ဘယ် မိန်းမမှ ကိုယ့်အတွက် မလှနိုင်ဘူး လို့ပြောနေပေမဲ့ ကိုယ့်နောက်ကွယ်မှာ မင်းကလွဲပြီး ကျန်တဲ့ မိန်းမတွေ အကုန် လှတယ် လို့ ပြောချင်ပြော နေတတ်တာမျိုး။ ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လိုတစ်မျိုး မလိုတစ်မျိုး ပြောတတ်တာမျိုးလေ။
မိန်းမဆိုတာ.... နှုတ်က ဘယ်လောက်ဘဲ မုန်းတယ်ပြောပြော ရင်ထဲမှာတော့ အသည်းစွဲ ချစ်နေတာမျိုး။ ရှေ့မှာ ဘယ်လောက်ဘဲ ဥပေက္ခာ ပြုထားပေမဲ့လည်း ရင်ထဲမှာ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေတတ်တာမျိုး။ နှုတ်က တသက်လုံး မခေါ်တော့ဘူး ပြောနေပေမဲ့လည်း ရင်ထဲမှာ သူကစပြီး ပြန်ခေါ်ပါစေ ဆုတောင်းနေတတ်တာမျိုးး။ လမ်းခွဲကျောခိုင်းဖို့ ဦးအောင် စပြောတတ်ပေမဲ့လည်း ရင်ထဲမှာတော့ ချစ်သူက ကိုယ့်လက်ကလေးကို အတင်းဆွဲထား စေချင်တာမျိုး။
ကိုယ့်ဖုန်းထဲမှာ သူ့ဖုန်းကို ခေါ်မရအောင် blacklist ထဲ့ထားပေမဲ့လည်း သူဖုန်းဆက်သေးလား ဆိုပြီး blocklist လေး ခဏခဏ ဖွင့်ကြည့်တတ်တာမျိုး။ FB မှာ သူ့အကောင့်ကို ဦးအောင် ကိုယ်ကစပြီး block ထားပေမဲ့လည်း သူမသိနိုင်တဲ့ နောက်တကောင့်နဲ့ သူ့အကောင့်လေးထဲ ခိုးဝင်ပြီး ကိုယ်နဲ့ပတ်သက်ပြီးဘာ post လေးများ တင်ထားလေမလဲဆိုပြီး ကြည့်တတ်တာမျိုး။
ရှေ့တစ်မျိုး ကွယ်ရာတစ်မျိုး လုပ်တတ်ကြသူချင်းအတူ ယောင်္ကျားတွေက နှုတ်ကလေးချိုချိုနဲ့ နောက်ကွယ်မှာ ကိုယ်လုပ်ချင်ရာ လုပ်တတ်ကြပြီး မိန်းမ တွေကတော့ ခပ်မာမာပြောတတ်ပြီး နောက်ကွယ်မှာ မျက်ရည်ကျ ငိုကြွေး နေတတ်ကြတာမျိုးလေ။ ဘာဘဲပြောပြော အချစ်ဆိုတာ ခံစားလွယ်သူအဖို့ ရှေ့မဆက်ချင်ရလောက်အောင် ဖြစ်ရပေမဲ့လည်း စိတ်ဓာတ်မာကျောသူအဖို့ အမှတ်တမဲ့ ခလုတ်တိုက်မိတာလောက်ပဲ ရှိမှာပါ ။
ဒါကြောင့်ပြောကြတာပေါ့. **အချစ်ဆိုတာ ယောင်္ကျားတစ်ယောက်ရဲ့ ဘဝအတွက် အစိတ်အပိုင်း တစ်ခုမျှသာဖြစ်ပေမဲ့ မိန်းမတစ်ယောက်ရဲ့ ဘဝအတွက်တော့ ဘဝတစ်ခုလုံးစာ ဖြစ်တယ်တဲ့**
* နားလည်နိုင်ကြပါစေ *
* မည်သူတစ်ဦးတစ်ယောက် ကိုမျှ ရည်ရွယ်ရေးသားခြင်းမရှိပါ တိုက်ဆိုင်မှုရှိရင် ခွင့်လွှတ်ပေးပါရန်*
crd ပန်သုငယ်
Post a Comment