Header Ads

ကျွန်မတို့မိန်းမတွေ........


★ ★ ★ ★ ★ ★ ★

ကျွန်မတို့ မိန်းမ တွေက သ၀န် တိုတတ် ကြတယ်။ ကိုယ့်ချစ်သူ ယောကျာ်းလေးကို လိုတာထက် ပိုပြီ သ၀န် တိုတတ် တယ်။
ဘာကြောင့်လဲ ဆိုတော့ ကျွန်မတို့ ချစ်သူတွေ ကျွန်မတို့ အပေါ်က လွဲရင် တခြားသူ ကို ချစ်သွားမှာ စိုးတဲ့ စိတ် ကြောင့်ပေါ့။

ကျွန်မတို့ မိန်းမ တွေက တခုခု ဆို အသေး အဖွဲ အကြောင်း အရာလေးက အစ ခံစား လွယ်ကြတယ် ။
ဘာကြောင့်လဲဆိုတော့ ကျွန်​မတို့ မိန်းမ တွေမှာ ယောက်ျားတွေ ထက် နူးညံတဲ့ အသည်း နှလုံး ဘုရားသခင်က ထည့်ပေး ထား လို့ပါ။

ကျွန်မတို့ မိန်းမ တွေက အရာရာကို ဦးဆောင် နိုင်စွမ်း ရှိသော်လည်း ကိုယ်ယောက်ျားတွေ နောက်က ပါရမီ ဖြည့်ဖော် အဖြစ်သာ နေကြတယ်​။
ဘာကြောင့်လဲ ဆိုတော့ ကိုယ့်​ယောက်ျား အိမ်ထောင်ဦးစီးရဲ့ ဦးဆောင်မှု ကို လိုလား ကြလို့ပါ ။


ကျွန်မတို့ မိန်းမတွေက တခုခုဆို မျက်ရည် လွယ်ကြတယ် ။
ဘာကြောင့်လဲ ဆိုတော့ အရာရာတိုင်း ကို စိတ် ခံစားချက် နဲ့ အမြဲ ရင်ထဲမှာ သိမ်းထားရင် ခံစားမှု ကနေ အမုန်းတရား အဖြစ် ပြောင်းလဲ သွားမှာ စိုးတဲ့ စိတ် ကြောင့်ပါ။

ကျွန်မတို့ မိန်းမတွေက အလွယ် တကူ စိတ်ကောက်တတ် ကြတယ်။ ဒါပေမယ့် ကိုယ်ချစ်သူ အပြုံး တချက် စကားတခွန်း နဲ့ တင် ချော့စရာ မလိုအောင် စိတ်ဆိုး ပြေတတ် ကြပါ သေးတယ် ။


ကျွန်မတို့ မိန်းမတွေက တခုခုဆို အရမ်း စိုးရိမ်စိတ် ပူပန်တတ် ကြတယ်။
ဘာကြောင့်လဲ ကိုယ်ချစ်တဲ့သူတွေ တခုခု ဖြစ်မှာ မလိုလားတဲ့ စေတနာလေး ကြောင့်ပါ။

ကျွန်မတို့ မိန်းမတွေက ကိုယ်ရဲ့ နံရိုးရှင် ပေါ် သစ္စာ ​ဆောက်​တည် ကြတယ် ။
ဘာကြောင့်လဲ ကိုယ်ချစ်သူ အနား ပါရမီ ဖြည့်ဘက် အဖြစ် နေရခြင်း ကို ဂုဏ်ယူ နေတတ်ခြင်း ကြောင့်ပါ။

💚💚💚
Credit to Original

No comments

Powered by Blogger.