Header Ads

😃 ဗုဒ္ဓဟူးသားသမီး စိတ်နေစိတ်ထား


☀☀☀☀☀☀☀☀☀☀☀

➡ဗုဒ္ဓဟူး သားသမီးများ သတိုးသား ဖြစ်စေ၊ သတိုးသမီး ဖြစ် စိတ်ထား ထက်မြက်၍ တဇွတ်ထိုးစိတ် ရှိသည်။

➡စိတ်ရင်း ကောင်း၍ စေတနာ ပြည့်ဝသည်။ အများ၏ ချစ်ခင်မှုကို ခံစားရသည်။ အများ၏ အထင်ကြီးမှုကို ခံရမည်။

➡ဗုဒ္ဓဟူး တွေက ပင်ကိုယ် စိတ်ထား ကောင်း၍ ဖော်ရွေတတ်သည်၊ ပီယဝါစာ ချိုသာသော စကား ပြောတတ်သည်။

➡အများ၏ သောတ အာရုံထဲတွင် စွဲမက်အောင် ပြောဆိုနိုင်စွမ်း ရှိပြိး စိတ်ချမ်းသာအောင် ပြောဆိုနိင်သလို့ အားပေးစကား ပြောဆို တတ်သည်။

➡ဗုဒ္ဓဟူး တွေက စေတနာ၊ သဒ္ဒါတရားနှင့် ပြည်စုံပါသည်။ ယဉ်ကျေး သိမ်မွေ့၍ သန့်ရှင်း စင်ကြည်သော စိတ်ထားရှိသည်။

➡ဗုဒ္ဓဟူး တွေက မိမိ အကြောင်းကို မသိသူများနှင့် မိမိက လုံးဝ ပေါင်းသင်း နိုင်လိမ့်မည် မဟုတ်ပါ။

➡အကယ်၍ မိမိ ဖြစ်ချင်သလို မပေါင်းသင်းနိုင်လျင် ၊မဆက်ဆံနိုင်လျှင် မိမိဖာသာ အဆက်ဖြတ် ပြစ်တတ်သော ဝါသနာ ရှိတတ်သည်။

 ➡ မိမိနှင့် လမ်းမှာ တွေဆုံလျှင် မိမိကစ စကား မပြောသလို တစ်ဖက်က စကားပြောလျှင် ထမင်းစား ရေသောက်လောက် ပြောတတ်သည်။ ထွေထွေထူးထူး စကား မပြောပါ၊ စိတ်ပြတ်သားတတ်သည်။

 ➡ဗုဒ္ဓဟူး တွေက မည်သူမဆို ခင်မင်တတ်သလို့ လိုက်လျော့တတ်သည်။ တရင်းတနှီး ဆက်ဆံတတ်သလို့ မိမိ၏ ခင်မင်မှု ရင်းနှီးမှု စေတနာကောင်းမှု အသုံးချခံရပြိး မည်မျှ စေတနာထားထား စေတနာများ ရေစုန်မျော တတ်သည်။

➡ဗုဒ္ဓဟူးတွေက လူတစ်ယောက်ကို တရင်းတနှီး ခင်မင်၍ စေတနာ အပြည့် ထားတတ်သော်လည်း ပါးစပ်က မပြောတတ်။ လက်လွယ်ပြီး လက်တွေ့ လုပ်တတ်သည်။


➡ဗုဒ္ဓဟူးတွေက အချစ်ရေးမှာ အရမ်း အလေထား အရမ်း လူတစ်ယောက်ဘဲ ချစ်တတ်သည်။ အညာခံရ တတ်သည်။ အလွမ်းနာကျ တတ်ပြိး အတိတ်ကို သတိရလွမ်းစွတ် တတ်သလို လွယ်လွယ် မေ့ပျောက်လို့ မရတတ်ပါ။

➡ဗုဒ္ဓဟူးတွေ့က စိတ်ပျော်ရွင်လျှင် အလွန် ပျော်ရွင်တတ်ပြိး စိတ်ဓါတ် အလွန် ကျလွယ်သည်။ မိမိက ရိုးရှင်းစွာ နားအေးပါးအေး နေတတ်ပြီး အေးအေးချမ်းချမ်းသာ သဘောကျတတ်သည်။

➡ဗုဒ္ဓဟူး တွေက လူအများစုနှင့် ခင်မင်ရင်းနှီး ပေါင်းသင်း ဆက်ဆံ တတ်သလို အနစ်နာခံ ၊ အနုနာခံ တတ်၊ အကယ်၍ တစ်စုံတစ်ယောက်ကသာ မိမိထံ အကူအညီ လာတောင်းလျှင် မဖြစ်မနေ ကူညီ လိုစိတ် ရှိတာ ဗုဒ္ဓဟူး တွေပါ။
➖➖➖➖➖➖➖➖➖➖➖➖➖

✋ဗေဒင် နှင့် လက္ခဏာ
👉Credit🏆ဆရာမင်းသူရ 📲ph-09 45 647 1357

No comments

Powered by Blogger.