ခင်ပွန်းကောင်းတစ်ယောက်ရဲ့ "လိုအပ်ချက်"
===============
၁. သူ ကြိုက်တတ်တဲ့ နံနက်စာကို မှတ်မိနေတယ်။
[ဘယ်လောက်ပဲ အချိန်တွေ ကြာကြာ သူကတော့ ကိုယ်ကြိုက်တတ်တဲ့ အစားအစာလေး တွေကို အမြဲသတိရပြီး ဝယ်ကျွေး၊ သွားစားလေ့ ရှိတယ်။]
၂. ဘယ်လောက်ပဲ နောက်ကျနေပါစေ၊ ပြန်လာတော့မယ် ဆိုတာကို ဖုန်း (သို့) Msg ပို့ ပေးတယ်။
[ခဏနေကျရင် ပြန်လာတော့မယ် ဆိုတာကို တာဝန် ဝတ္တရားလို့ မခံယူထားပဲ၊ ချက်ချင်း ဆိုသလို အကြောင်းကြားပေး နေတာဟာ သူ့ကို စိတ်ချမ်းသာ စေချင်လို့ပါ။]
၃. နေမကောင်းရင် အနားမှာ အမြဲ ရှိနေတတ်တယ်။
[ကိုယ် နေမကောင်းရင် အနားမှာပဲ ဖြစ်ဖြစ်၊ အဝေးကပဲ ဖြစ်ဖြစ် အားပေးစကားတွေ ပြောနေပေးတယ်။]
၎. အခု ဘာလုပ်နေလဲလို့ အားတဲ့ အချိန်လေးမှာ ဖုန်းဆက်မေးတတ်တယ်။
[ကိုယ်နဲ့ စကားပြောချင်တာတွေ၊ ဒါမှမဟုတ် အဆင်မှပြေရဲ့လားလို့ ပြောချင်တာတွေ၊ ရှိတာကြောင့် အမြဲဆိုသလို ဖုန်းဆက်ပေးလေ့ ရှိတယ်။]
၅. ဖုန်း၊ Msg တွေကို အမြဲတမ်း ပြန်ပြော၊ ပြန်ဖြေပေးတယ်။
[ဖုန်းတွေ၊ Msg တွေကို အချိန်မရွေး ပြန်ပြီး ဖြေပေးတော့၊ စိတ်ချမ်းသာတယ်။]
၆. ရည်စားဟောင်းကိုလည်း ပြတ်ပြတ်သားသား ဖြတ်ပေးတယ်။
[သူ့ဖုန်းထဲမှာ အရင်တုန်းက ရည်းစားတွေရဲ့ နံပါတ်တွေကိုလည်း ဖျက်ပေးတယ်။]
၇. Suprise Present တွေကိုလည်း မမေ့ပါ။
[ မွေးနေ့၊ အထိမ်းအမှတ်နေ့တွေကို အမြဲမမေ့ပါ။ ကိုယ့်အတွက် လိုအပ်နေတဲ့ လက်ဆောင်ကို သေသေချာချာ စဉ်းစားပြီးမှ ပေးလေ့ရှိပါတယ်။]
၈. အမြဲအပြင်သွားတာထက်၊ အိမ်မှာလည်း အတူတူ နေပေးတတ်တယ်။
[ပိတ်ရက်တွေမှာ အပြင်သွားပြီး စားသောက်တာထက် အိမ်မှာ အေးအေးဆေးဆေးနေပြီး အတူတူ ရုပ်ရှင်လည်း ကြည့်ပေးတယ်။]
၉. တရက်ကို တခေါက်လောက်တော့ ရယ်စရာလေးတွေ လုပ်ပေးတယ်။
[ဟာသဥာဏ်ကလည်း ထက်တာကြောင့် တနေ့ကို တစ်ခေါက်လောက်တော့ ရယ်နေရတယ်။]
၁၀. စိတ်ပျော်အောင် ထားပေးတယ်။
[ကိုယ်စိတ်နေ မပျော်တာကို သူနားလည်ပြီး အမြဲကိုယ်ချင်းစာတရား ထားပြီး ကြည့်နေပေးတယ်။]
၁၁. ရည်မှန်းချက်တွေ၊ အိမ်မက်တွေကို အားပေးနေတယ်။
[ကိုယ့်ရဲ့ ရည်မှန်းချက်၊ အိမ်မက်တွေကို အမြဲဘေးကနေ အားပေးနေတတ်တယ်။]
၁၂. မိဘတွေထက်တောင် ကိုယ့်ကို နားလည်ပေးသူ
[သူငယ်ချင်းတွေကိုတောင် ကိုယ့်ရဲ့အကြောင်းကိုပြောပြီး ပျော်နေတဲ့သူပါ။ သူက ကိုယ့်ကို တကယ်ချစ်တဲ့သူဖြစ်သလို၊ ကိုယ့်အပေါ် အကောင်းဆုံး နားလည်ပေးသူပါ။]
credit to original
Post a Comment