👧 မိန်းမသားဘ၀ဆိုတာ 💖
★ ★ ★ ★ ★ ★ ★ ★ ★
တချို့ ဘဝတွေဟာ စိတ်ကူးယဉ်ချင်စရာ ကောင်းတယ် ဒါပေမယ့် ဘဝဆိုတာ ပုံပြင်မဟုတ်လို့ အမှန်တရားရှိရတယ် စင်ဒရဲလားလေးနဲ့ သိပ်ချစ်တဲ့ မင်းသားလေး ပေါင်းသွားရတာ happy ending လို့ ဆယ်နှစ်အောက်ကလေးတွေ တွေးဘို့ ချန်ထားခဲ့ရင် ပိုသင့်တော်ပါတယ်။
တကယ့်ဘဝမှာတော့ ထိမ်းမြားခြင်းဟာ နောက်ထပ် ဇတ်လမ်းတပုဒ် အတွက် ပထမဆုးံ စာမျက်နှာ ဆိုတာ အရွယ်ရောက်ပြီးသူတိုင်း လက်ခံရမယ် မဟုတ်လား။
အချစ်ရဲ့ ပြယုဂ်ဟာ ညားကြလေသတည်း လို့ ဘယ်သူထင်မှတ်မှားခဲ့လဲ။ ပွေ့ဖက်နမ်းရှုပ်ခြင်း နဲ့ မနက်မိုးသောက်မှာ တူတူဖြတ်သန်းရတဲ့ ဘဝဆိုတာ စာပို့သမား တံခါးခေါက်ပြီး မီတာစာရွက် လာမပို့ ခင်အချိန်အထိ ဆွဲဆန့်လို့  ရနိုင်တယ်။
စပါးတွေ ဂျူံတွေက ခြေထောက်ပေါက်ပြီး အိမ်က မီးဖိုချောင်ထဲ ဝင်မလာနိုင်တာ သတိရလာမယ့် အချိန်ထိ ငှက်ကလေးတွေ စိုးစီသံ နားထောင်ရင်း ချစ်သူ့ ရင်ခွင်ထဲ ပုန်းနေလို့ ရပါတယ်။
အိမ်ကဖြီးလိမ်း ပြင်ဆင်လာတဲ့ အလှကို မြင်ရတဲ့ ချစ်သူက.. သိပ်လှတာဘဲ လို့ ပြောတဲ့အခါ သွားမတိုက်ခင် အခြေအနေကို သူသိအောင် ပြဘို့ လိုလိမ့်မယ်။
တကယ်တော့ ဘဝဆန်တဲ့ အိမ်ထောင်ရေးက အသာယာဆုးံဘဲလို့ ပြောရင် ကျွန်မ ကောင်းကောင်း ခေါ်င်းငြိမ့်မိမှာပါ ။ တသားမွေးပြီး တသွေးကျလာတဲ့ အလှကို သူလက်ခံအောင် ကျွန်မတို့က ပညာသားတော့ ပါဖို့လိုလိမ့်မယ်။
သေးစိုနေတဲ့ ကလေးက အာဗြဲကြီးနဲ့ အော်မနေရင်၊ ကျောင်းသွားခါနီး သားကြီးအတွက် ထမင်းချိုင့် မလိုရင်၊ ကိုယ်ဝန်ကြီးနဲ့ ကိုယ်လက်မအီမသာ ဖြစ်မနေဘူးဆိုရင် ..အရာရာဟာ ကော်နဲ့ ကပ်ထားချင်စရာကောင်းအောင် ကြည်နူးစရာပါ ။
ကလေးသုးံယောက် မွေးရတဲ့မိခင်မှာ သုးံရေကျပြီးတဲ့အခါ ကလေးတွေ အဖေလင်သားရဲ့ ကြင်စဦး အယုအယကို မျှော်လင့်မိမှာပါ ...ဒါပေမယ့် အကြိမ်ကြိမ် ရောက်ဖူးပြီးသား ခရီးကို အလွတ်တော့ ရနေပြီမို့ ဒီအကွေ့ ကျော်ရင် ဘာပေါ်လာမလဲ ဆိုတဲ့ ရင်ခုန်သံဟာ ရော့ခ်ဂီတလိုတော့ မပေါက်ကွဲတော့ဘူးပေါ့ ။
ဒီတော့ ကျွန်မတို့ အတွက် ပါးလျတဲ့ အကျီလေးလိုသလို တံခါးဟထားတဲ့ အခန်းလေးလဲ လိုအပ်လာပါလိမ့်မယ်။ သော့ခတ်မထားတဲ့ အခန်းတွေမှာ နားလည်မှုတွေ ရှိနေပါလိမ့်မယ် ။
သူအလုပ်များတဲ့အခါ .. သူကျရှုးံတဲ့အခါ .. သူ စိတ်ပင်ပန်းတဲ့အခါ ... သူ ဖျားနာတဲ့အခါ မေတ္တာနဲ့ တည်ဆောက်ထားတဲ့ အဲဒီ အခန်းငယ်မှာ သူနေပါစေ.။
သူအောင်မြင်တဲ့အခါ သူ့သားသမီးတွေ ရှိတဲ့အခန်းကို ကျွန်မက သူ့လက်ဆွဲလို့ ခေါ်သွားမယ်။ ကျွန်မတို့ မနက်စာ တူတူစားကြမယ်။ သောကတွေ တူတူ မျှဝေမယ်။ မိုးသည်းတဲ့နေ့တွေ ရှိမယ်။ နေသာတဲ့ ရက်တွေကျော်ဖြတ်မယ်။ တရက်တော့ သားသမီးတွေ မရှိတဲ့အချိန် ကျွန်မ ဆွယ်တာလေးကို ဖယ်ပြီး ကျွန်မလည်ပင်းတွေကို သူနမ်းတဲ့အခါ ကျွန်မတို့ ရင်ခုန်သံတွေ နှေးကွေးနေပါလိမ့်မယ်။ အကြောပြိုင်းပြိုင်းနဲ့ သူ့ လက်တွေ သွားတွေ မပါတော့တဲ့ ကျွန်မအပြုံးတွေ ဘယ်တော့မှ မခွဲဘူးနော်လို့ ပြောစရာမလိုတော့ဘူး။
တနေ့မှာ.....
သူက ကျွန်မကို ချန်ခဲ့ရင်ဖြစ်ဖြစ် ကျွန်မက ထားရစ်ခဲ့ရင်ဖြစ်ဖြစ် နှုတ်မဆက်ဘဲ ကျေနပ်မယ်။ မုန်းလို့ မဟုတ်ကြဘူး ဆိုတာကို ကျွန်မတို့ နားလည်ခဲ့ပြီးပြီ မဟုတ်လား။
Credit Myat Yee Mon



Post a Comment