Header Ads

ခေတ်စားနေတဲ့ လက်မထပ်ပဲ အတူတူနေခြင်း 💑


💓💓💓💓💓💓💓💓💑
“ချစ်သူတွေနဲ့ အိပ်ဖို့  စိတ်ကူးရှိနေတဲ့ အပျိုစစ်စစ် မိန်းကလေးများ အားလုံး ဖတ်သင့်တယ်လို့ ထင်ပါတယ် မိန်းကလေး အားလုံး ဖတ်ရန်”

ရည်းစားဖြစ်တာ (၁) ရက် မကြာဘူး living together က နေနေကြပြီလေ... တကယ်တော့ လက်မထပ်ရသေးပဲနဲ့ အတူတူ နေကြတာ မိန်းခလေး တစ်ယောက်အတွက် လုံးဝ တန်ဖိုး ကျသွားပါပြီ။ အပျိုစင်ဘဝ ဆိုတာ ယောင်္ကျားတိုင်းရဲ့ တန်ဖိုးထားခြင်းကို ခံထားရသူလို့ တောင် တင်စားထားကြပါတယ်။ အပျိုစင်ကနေ အအို ဖြစ်ဖို့ က (၅) မိနစ် မကြာပါဘူး။ ** ဒါပေမယ့် အအိုကနေ အပျို ပြန်ဖြစ်ဖို့က ရှိသမျှ စည်းစိမ်း ပုံပေးမယ်ဆိုရင်တော့ ဒီဘဝအတွက် ပြန်မရနိုင်တော့ပါဘူး။

ချစ်သူ ရှိခဲ့ရင်လည်း ဒီ အပျိုစင်ဘဝကို ထိန်းသိမ်းပါ။ ချစ်သူကို နားလည်အောင် သူသဘောပေါက်အောင် ပြောပြထားပါ။ ဒါမှမဟုတ် သူဘက်က လက်မခံဘူး။ စိတ်ခုသွားတယ် ဆိုရင်တော့ ရဲရဲကြီးသာ လမ်းခွဲလိုက်ပါ။ သူ တကယ်မချစ်တာ သေချာနေပါပြီ။ သေလောက်အောင် ချစ်နေပါစေ အပျိုစင် ဘဝကို ထိန်းသိမ်းထားပါ။ ဘဝမှာ ရည်းစားဦးနဲ့ လွဲကျတာ (၁၀၀) မှာ (၉၀) အထိ ရှိထားတာပါ။


ရည်းစားဦး ကတည်းက အပျိုစင် ဘဝကို ပေးထားခဲ့လို့ ။ အကြောင်းတစ်ခုခုကြောင့် သူနဲ့များ လွဲသွားခဲ့ရင် နောင်တစ်ချိန်မှာ ကိုယ်နဲ့ တကယ်လက်တွဲရမယ့် ယောင်္ကျားနဲ့ တွေ့ မှ နောင်တ အကြီးကြီး ရပါလိမ့်မယ်။ အဲကျမှတော့ နောင်တရပါတယ် လို့သိသွားလည်း နောက်ကျသွားပါပြီ။ အခန့် မသင့်ရင် အိမ်ထောင်ရေး ပြသနာတွေတောင် သင် ဖြစ်လာနိုင်ပါတယ်။


ထိုင်ဝမ်မှာ အိမ်ထာင်ကျပြီးလို့ ကလေးတောင် (၃)ယာက် ရပြီးမှ အပျိုဘဝတုန်းက ရည်းစားဟောင်းနဲ့ အတူတူနေခဲ့တဲ့ video ဖိုင်တွေ Laptop ကနေ တဆင့်ပြန့် ပြီး အိမ်ထောင်ရေး ကွဲသွားခဲ့တာ တကယ်လက်တွေ့ ပါ။ အတု မယူသင့်တာတော့ အတုမယူပါနဲ့ ညီမတို့ ။ (နောက်ထပ် တစ်ခုက အွန်လိုင်းမှာ Status တင်ရင်လည်း စောက်ဘာဖြစ် စောက်ညာဖြစ်တယ်။ အဲလို စောက်တွေ ထည့်ထည့်ပြီး ရိုင်းတာတွေ မတင်ကျဖို့ လည်း တောင်းဆိုပါတယ်။ ကိုယ်ဟာကိုယ် ဘာထင်နေလဲတော့ မသိပါ။ အများအမြင်မှာ အရမ်းရိုင်းတဲ့ မိန်းမဆိုတာတော့ လူတိုင်း အထင်သေး သွားတတ်ကြပါတယ်။)

မိန်းမတစ်ယောက်ရဲ့ တန်ဖိုးဆိုတာ လှတာ ချမ်းသာတာကို ပြောတာ မဟုတ်ပါဘူး ။ အပျိုစင် ဘဝကို ပြောထားတာပါ ။ သေလောက်အောင် လှနေပါစေ လက်မထပ်သေးပဲ အအို ဖြစ်သွားရင် မိန်းမတန်ဖိုးက ကျသွားပြီဆိုတာ သတိရှိကြပါ ညီမငယ်တို့ Living Together ( လက်မထပ်သေးပဲ အတူတူနေခြင်း) ကို ဘဝမှာ ဆင်ချင်နိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။ အပျိုဘဝကို တန်ဖိုး ရှိစေချင်တယ်ဆို Share လေး လုပ်ပြီး အများသိအောင် ကူညီစေချင်ပါတယ်။

Credit and Source: Swar Gyee

No comments

Powered by Blogger.