Header Ads

👧 ထက်မြက်တဲ့ မိန်းကလေးတိုင်းမှာ ဒီလိုခံယူချက်တွေ ရှိနေတယ်


💓💓💓💓💓💓💓💓💑
ထက်မြက်သော မိန်းကလေး တချို့၏ ခံယူချက်...

နားလည်ပေးပါတယ်
ဒါပေမယ့်, မာနကို ထိခိုက်လာရင်တော့ ခွင့်မလွှတ်ဘူး

ပျော်ပျော်နေတတ်ပါတယ်
ဒါပေမယ့်, ဘဝကို ပေါ့ပျက်ပျက် မတွေးတတ်ဘူး

ခေတ်နဲ့အညီနေတတ်ပါတယ်
ဒါပေမယ့်, ကိုယ့်တန်ဖိုး ကျလောက်အောင်ထိ မနေထိုက်တတ်ဘူး

အားငယ်တတ်ပါတယ်
ဒါပေမယ့်, ဝမ်းနည်းခြင်းကို အဖော်ပြုပြီး ဘဝကိုတော့ အရှုံးမပေးတတ်ဘူး

ရည်မှန်းချက်တွေရှိပါတယ်
ဒါပေမယ့်, သူများဘဝကို တက်နင်းပီးတော့ ကိုယ့်ပန်းတိုင်ကို အရောက်မသွားတတ်ဘူး

ချစ်တတ်ပါတယ်
ဒါပေမယ့်; အချစ်တခုအတွက် ဘ၀ကိုအပျက်မခံဘူး

ကြိုက်နှစ်သက်သူ များပါတယ်
ဒါပေမယ့်; မျက်နှာများပြီး အချစ်ကိုမကစားတတ်ဘူး

အပေါင်းအသင်း များပါတယ်
ဒါပေမယ့်; ကျား မ မခွဲခြားဘဲ စိတ်ဓာတ်ကိုပေါင်းတယ်

အောက်ကျမပေးတတ်ပါဘူး
ဒါပေမယ့်; အမှားကျူးလွန်မိရင် သူတောင်းစား ကိုတောင် တောင်းပန်ဖို့ ၀န်မလေးတတ်ပါဘူး

ခွင့်လွှတ်တတ်ပါတယ်
ဒါပေမယ့်; သစ္စာဖောက်သွားခဲ့ရင် တသက်လုံး ခွင့်မလွှတ်ဘူး

မိန်းကလေးတစ်ယောက်ပါ
ဒါပေမယ့်, လောကအလယ်မှာ ကိုယ်တတ်ထားတဲ့ ပညာနဲ့ ကိုယ့်ခြေထောက်ပေါ်ကို အမှီအခို ကင်းစွာ ရပ်တည်နိုင်ပါတယ်

အကြည်တော် လက်သစ်

No comments

Powered by Blogger.