Header Ads

ချစ်သူမရှိသေးကြောင်း ပြောလာတဲ့ အဆိုတော် ပိုပို 💘


အမျိုးသမီး အဆိုတော် ပိုပိုတစ်ယောက်ကတော့ သူ့မှာ ချစ်သူ မရှိသေးပါဘူး ဆိုပီး ပြီးခဲ့တဲ့ ရက်ပိုင်းက တစ်မျိုး ထင်ခဲ့ကြတဲ့ ပရိတ်သတ်တွေကို ရှင်းပြလိုက်ပါတယ်။


(ဒီဇင်ဘာ ၂၄ ရက်) မနေ့က သူမရဲ့ အင်စတာဂရမ် စာမျက်နှာမှာ ချစ်သူလို့ ထင်စရာဖြစ်တဲ့ နှစ်ယောက်တွဲ လက်ကိုင်နေတဲ့ ဓာတ်ပုံ တချို့ တင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကို ပိုပို ချစ်သူရှိနေပြီ ဆိုပြီး ဖေ့စ်ဘွတ်မှာ သတင်းအချို့ ရောက်ခဲ့ပါတယ်။



ဒါပေမယ့်လည်း ၄င်း ညပိုင်းမှာတော့ သူမမှာ ချစ်သူ မရှိသေးတဲ့အကြောင်း သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရှင်းလင်း ရေးသားလိုက်တာ ဖြစ်ပါတယ်။ အင်စတာဂရမ်က ဓာတ်ပုံတွေကိုလည်း ပြန်ပီး ဖျက်သွားပါတယ်။



“ ခလိန်း တို့ ထင်နေတဲ့ တျောက်က အသိ မိတ်ဆွေပါ ခလိန်းတို့ရေ Marry me သီချင်းအတွက် တမင် ရင်ခုန် စိတ်လှုပ်ရှား သွားအောင် surprise လုပ်ထားတာပါ ဒါကြောင့် သိပ်မကြာခင်မှာ သီချင်း သစ် MTV လေး ကြည့်ရတော့မယ်ဆိုရင် ..Are yo u Ready? ဘာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသွားကြတယ်မဟုတ်လား ကျေနပ်တယ် (သူများကို ထိခိုက်မှာစိုးလို့ ပုံတွေလျှောက်မဖြန့်ကြနဲ့နော် ) (ချစ်သူ မရှိသေးပါဘူးကွယ်) ” ဆိုပီး ရေးသားထားပါတယ်။



အဆိုတော် ပိုပို တစ်ယောက်ကတော့ အချစ် လိုချင်တယ်၊ မလိုချင်ဘူး၊ ရှိတယ်၊ မရှိဘူး ဆိုတဲ့ စကားလေးတွေနဲ့တင် အချိန်တွေကို ဖြတ်သန်းနေတာ ခုချိန်ထိပဲ ဖြစ်ပါတယ်။ ခုလည်း “ ငါ့ကို လက်ထပ်ပါ ” ဆိုတဲ့ သီချင်း MTV ကို ဖန်တီးနေတာ ဖြစ်ပါတယ်။


Photo Po Po' fb
from pannpwint

No comments

Powered by Blogger.